Channel Myanmar

Nate Bynum

My Blueberry Nights (2007) 6.6
My Blueberry Nights (2007)  My Blueberry Nights ================ IMDb - 6.6 but A Wong Kar Wai's Filmပွတ်ချွန်းလိပ်သောက်ရတာကြိုက်တဲ့ လူငယ်လေးတစ်‌ယောက်မှာ အိပ်မက်‌တွေအများကြီးရှိခဲ့တယ်။ အများအားဖြင့်တော့ သံတူစာတူကြောင်းကွဲဖြစ်တဲ့ အိပ်မက်နဲ့ အိပ်မက်ဟာ တကယ်တမ်းမထူးလှပါဘူး။ တစ်ခုကရောက်အောင်သွားရပြီး တစ်ခုက ရောက်လာတာ စောင့်ဆိုင်းရပေမဲ့ ဒီစကားလုံးနှစ်လုံးစလုံးဟာ အခိုးအငွေ့ဆန်တယ်။ ဦးဆုံးကတော့ သူဟာ အောင်မြင်မှုဆိုတဲ့ အိပ်မက်နောက်လိုက်ခဲ့တာပဲ။ အဆုံးသတ်မှာ ချစ်ခြင်းဆိုတဲ့ အိပ်မက်ကလေးကို သူစောင့်စားခဲ့တယ်။ ချစ်ခြင်း နောက်ကို လိုက်လို့မရဘူးလားဆိုတဲ့ အမေးတော့ ရှိမှာပဲ။ လိုက်ကြည့်ပါလေ။ စောင့်ဆိုင်းရတဲ့အရာမှန်း မသိခင် တစ်ကြိမ်တစ်ခါတော့ ချစ်ခြင်းနောက်ကို အားလုံး လိုက်ခဲ့ကြဖူးမှာပဲ။ အိပ်မက်ကလေး ပြန်အလာကို လူငယ်ကလေးဟာ စားသောက်ဆိုင် ကလေးဖွင့်ပြီး စောင့်စားခဲ့တယ်ပေါ့။ လမ်းပျောက် လူချင်းကွဲသွားကြတဲ့အခါ သူပြန်လာရှာတဲ့အခါကို ရပ်စောင့်နေခြင်းဟာ အကောင်းဆုံးအရာလို့ သူမှတ်ယူခဲ့တယ်။ ဆိုင်ကလေးရဲ့ ညတွေအဆုံးမှာ ချိစ်ကိတ်တွေ ပန်းသီးပိုင့်မုန့်တွေဟာအမြဲ အကုန် ကုန်သွားတယ်။ချောကလက်ကိတ်ဆို ကုန်လုနီးပါးပဲ။ ဒါပေမဲ့ ဘလူးဘယ်ရီပိုင့်မုန့်တွေက အရာမယွင်းပဲ အမြဲကျန် နေတတ်တယ်။ ဒီတော့ ဘလူးဘယ်ရီ ...
movie

My Blueberry Nights (2007)