Channel Myanmar

Navala Chaudhari

Suspiria (2018) 6.8
Suspiria (2018) ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Horror/ thriller ရုပ်ရှင်ဖြစ်ပြီး ဇာတ်အိမ်တည်ထားတာက ၁၉၇၀ခု ဂျာမနီနိုင်ငံကို အခြေပြုရိုက်ထားတာဖြစ်ပါတယ်။ ၁၉၇၇ခုနှစ်က မူရင်းထွက်ရှိခဲ့တဲ့ Suspiria movieကို ပြန်လည် remakeရိုက်ကူးထားတာပဲဖြစ်ပါတယ်။ IMDb 6.8 , Rotten Tomatoes 65%နဲ့ Metacritic မှာ 64%ရထားပါတယ်။မင်းသမီးကြီး Tilda Swintonက ထူးထူးခြားခြား သုံးကိုယ်ခွဲအထိ ပါဝင်သရုပ်ဆောင်ထားသလို Fifty Shades Trilogyမင်းသမီး Dakota Johnsonနဲ့ Carrie ရုပ်ရှင်ရဲ့မင်းသမီး Chloë Grace Moretzတို့ ပါဝင်ထား ပါတယ်။ Thriller/horror genreနဲ့လိုက်အောင်ပဲ ဒီဇာတ်ကားရဲ့Cinematography, Choreographyနဲ့ BGMတွေကခြောက်ခြား ဖွယ်ရသကို အပြည့်အဝပေးစွမ်းနေပါတယ်။ဇာတ်လမ်းတင်ဆက်မှုက အင်မတန်ကြမ်းသလို သွေးသံရဲရဲပြကွက်တွေနဲ့ အရိုးလိမ်ချိုးခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလိုပြကွက်တွေ၊ စုန်းကဝေနဲ့ ဘာသာရေးဆိုင်ရာ ပြကွက်ကြမ်းတွေ ပါဝင်လို့ အသည်းငယ်တတ်သူများနှင့် ရွံရှာတတ်သူများ ကြည့်ရှုဖို့ မသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါ့အပြင် 2018ထွက် ဇာတ်ကားဟောင်းဖြစ်ပေမယ့်စာဖိုင်အခက်အခဲကြောင့် ဂျာမန်စကားပြောဇာတ်ဝင်ခန်းများတွင် ...
movie

Suspiria (2018)