Channel Myanmar
Nicholas Turturro
Hellraiser: Inferno (2000) 5.4
Hellraiser: Inferno (2000) Hellraiser: Inferno (2000)(function(f,b,n,j,x,e){})();ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser ...
movie
Hellraiser: Inferno (2000)
2000
I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie
I Now Pronounce You Chuck & Larry (2007)
2007
Shooting Heroin (2020) 7.2
Shooting Heroin (2020) Shooting Heroin (2020)=================IMDb Rating 7.2/10#Unicode2020 ခုနစ်ထွက် Action / Drama / Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDB 7.2/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ မြင့်တတ်လာပြီး . တစ်နေ့နဲ့တစ်နေ့ လူသေမှုနှုန်းဟာတစ်ဖြည်ဖြည်းမြင့်တတ်လာပြီး . နိုင်ငံအတွင်း တစ်ရက်ကိုလူသေနှုန်းဟာ ၁၀၀ ကျော်ထိရှိလာခဲ့ပါတယ်။ အစိုးရရဲ့ထိန်းချုပ်မှုဟာလည်း မနိုင်လောက်ဖြစ်လာခဲ့ပါတယ်။အဒမ်ဟာ မြို့ငယ်လေးတစ်မြိုက စစ်ပြန်တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ မွေးကင်းစသားလေးရယ်၊ သူ့ မိခင်ရယ် ၊ သူ့ ညီမလေးတစ်ဦးလည်းရှိပါတယ်။ တစ်နေ့မှာတော့ ဆေးဖြတ်ထားတဲ့ သူ့ညီမဖြစ်သူ ရှန်ယန်းတစ်ယောက် ဆေးပြန်သုံးနေတာကို သိလိုက်ရပါတယ်။အဲ့ဒါတင် မကသေးပဲ ရှန်ယန်းဟာ ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါမှာတော့ အဒမ်တစ်ယောက်မူးယစ်ဆေး နဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကို စိတ်နာတာကနေ ချေမှုန်းဖို့ဖြစ်လာပါတော့တယ်။အဓိက ဇာတ်ဝင်ခန်းတွေဟာ အဲ့အချိန်မှာစမှာပါ . အကြမ်းအရမ်း အတိုက်အခိုက်လေးတွေလည်းမြင်တွေ့ရမှာ သေချာပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie
Shooting Heroin (2020)
2020
Angels Fallen (2020) 6.1
movie
Angels Fallen (2020)
2020
The Eyes (2017) 4.8
The Eyes (2017) ကဲဆက်တင်တွေ ရှုထောင့်အမျိုးအမျိုးတွေရိုက်ပြ၀ုန်းဒိုင်းဂွမ်းတွေလုပ်ပြတဲ့ဇာတ်ကားတွေထက် ပိုမိုလေးနက်တဲ့ အခန်းတစ်ခန်းထဲမှာတင် လူလေး ၅ယောက် ၆ယောက်လောက်နဲ့တင်ပြီးသွားတဲ့ကားတွေရဲ့အရသာကို ဇာတ်ကားCrazy တော်တော်များများကြည့်ဖူးကြမှာပါ။ဒီကားလေးကလည်း အဲဒီလိုပဲအစအဆုံး အခန်းလေးတစ်ခုထဲမှာတင်ရိုက်ပြ သွားတာပါ။စရိုက်မတူတဲ့လူ၆ယောက်ကိုအခန်းတစ်ခန်းထဲမှာထည့်ထားလိုက်ပါတယ်။အားလုံးနိုးလာတဲ့အခါမှာတော့ ခြေတွေလက်တွေတုပ်နှောင်ထားတာကိုတွေ့လိုက်ရတော့ စရိုက်အမျိုးမျိုးအလိုက် တုံ့ပြန်ပုံချင်းကွဲပြားပုံကို စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ဒါ့အပြင်အဲဒီလူ၆ယောက်လုံးဟာလည်း တစ်ခါမှမမြင်ဖူးမတွေ့ဖူးတဲ့လူတွေဖြစ်နေတာပါပဲ။ဒီမှာတစ်ချက်ရှိတာကတော့ ဒါဟာဂိမ်းတစ်ခုဖြစ်လိမ့်မယ်ဆိုပြီး လူတစ်ယောက်ခန့်မှန်းပြထားကိုကြည့်ခြင်းအားဖြင့် “ဟာ ဒီလိုပုံစံပဲ ဂိမ်းတစ်မျိုးလာပြန်ပြီ”ဆိုတဲ့ပရိသတ်ရဲ့အတွေးကိုစောစောကတည်းကချေဖျက်ထားပြီး စိတ်ဝင်စားမှုရယူထားပါတယ်။စရိုက်တစ်မျိုးစီ အသက်မွေးဝမ်းကျောင်းမှုပုံစံတစ်မျိုးစီနဲ့ လူ၆ယောက်အတွက် ဘာလို့သူတို့တွေဒီအခန်းထဲရောက်နေရသလဲဆိုတာကို အဖြေရှာကြတော့တာပါပဲ။အဲဒီမှာပဲ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလို လူတွေရဲ့အမျိုးမျိုးသောပုံစံတွေ ဟန်ဆောင်ပန်ဆောင်များမှုတွေတွေ့ရမှာပါ။တစ်ခုပါပဲ အဲဒီလိုဟန်ဆောင်ပန်ဆောင်များတယ်ဆိုတာကို ဇာတ်လမ်းအဆုံးမှာဘွားကနဲချသွားတာကတော့ ကြည့်ရှုသူပရိသတ်ရဲ့ရင်ကိုကွေ့ဝိုက်သွားစေတာတော့ အားမရစရာပါ။ဒါပေမယ့်အဲဒီလိုကားမျိုးပဲဆိုတဲ့အထင်တစ်လုံးကို တစ်မျိုးတစ်ဖုံလုပ်ပြသွားတာဖြစ်တော့ ကြည့်ရတာမဆိုးလှတာမို့ Mystery/Thiller ကြိုက်တဲ့ပရိသတ်တွေအတွက် တင်ပေးလိုက်ရပါတယ်။ ရှုစားကြပါဦး… File Size : (730 MB) and (370 MB) Quality : WEB-DL 720p Running Time ...
movie
The Eyes (2017)
2017