Channel Myanmar

Niko El Santo Zavero

My Best Friend’s Wedding (1997) 6.3
My Best Friend’s Wedding (1997) My Best Friend's Wedding (1997)~ IMDb - 6.3/10, Rotten Tomatoes - 74% ~တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ဂျူလီယန်: "မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ''ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်'' ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်..."မိုက်ကယ်: "ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ...
movie

My Best Friend’s Wedding (1997)

1997
The Unseen (2023)
The Unseen (2023) The Unseen (2023)အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ... သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ... အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ... ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ ...
movie

The Unseen (2023)

2023