Channel Myanmar

Nobuyuki Suzuki

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

Brave: Gunjyo Senki (2021) 6.3
Brave: Gunjyo Senki (2021) ဒီတစ်ခါမှာတော့ လောလောလတ်လတ်ကထွက်ခဲ့တဲ့ Rurouni Kenshin: Final Chapter မှာလည်းပါဝင်ခဲ့တဲ့ ဂျပန်နာမည်ကြီးမင်းသား Mackenyu ရဲ့ အချိန်ခရီးသွားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ။သူပဲလားဆိုတော့ မဟုတ်ပါဘူး လူတိုင်းနီးပါးသိတဲ့ Death Note ထဲ့မှာ "L" လို့သိကြတဲ့ Ken'ichi Matsuyama လည်း ပါဝင်ထားပါသေးတယ် ။ ဇာတ်ကြောင်းလေးကတော့...စဲအိတိုခု အားကစားအထက်တန်းကျောင်းလေးမှာ ဆန်းကျယ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သူတို့တစ်ကျောင်းလုံး ၁၅၆၀ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအချိန်ကို ရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီအချိန်ဟာဆိုရင် စစ်ပွဲကာလဖြစ်တဲ့အတွက် ရုတ်ချည်းဆိုသလို အေးချမ်းနေတဲ့ သူတို့ကျောင်းလေးထဲကို အရင်ခေတ်က စစ်သည်တွေဝင်ရောက်လာပြီး အကြမ်းဖက်ပါတော့တယ်တချို့သူငယ်ချင်းတွေလည်း အသတ်ခံရ တချို့တွေလည်း အဖမ်းခံ နှိပ်စက်ခံရတဲ့အခါမှာတော့အားကစားထူးချွန်ကျောင်းသားတွေပူးပေါင်းပြီး ရှေးခေတ်စစ်သည်တော်တွေကို ညီညွှတ်ခြင်းအင်အား ခေတ်သစ်နည်းပညာတွေနဲ့ ဘယ်လိုရဲရဲဝင့်ဝင့် ရင်ဆိုင် တိုက်ခိုက်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက် ကြည့်ရှုကြရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )File Size_2.1 ...
movie

Brave: Gunjyo Senki (2021)

Tokyo Ghoul ‘S’ (2019) 5.5
Tokyo Ghoul ‘S’ (2019) Tokyo Ghoul S (2019)--------------------------------------Tokyo Ghoul anime Manga တို့ကနေ ပြန်ရိုက်ထားတဲ့ Tokyo Ghoul 2017 အပြီးမှာဆက်ထွက်လာတဲ့ Tokyo Ghoul ဇတ်ကားဖြစ်ပါတယ်။ကာနဲကီ လို့ခေါ်တဲ့အထက်တန်းကျောင်းသားလေးဟာ မကြောင်သင့်တဲ့မမကြီးတစ်ယောက်ကို ဖွန်ကြောင်မိရာနေ စလို့ လူသားစား ဂူးလ်ဘဝကိုရောက်ခဲ့ရပါတယ်။ဂူးလ်တွေကို ထောက်လှမ်းသတ်ဖြတ်တဲ့ ထောက်လှန်းရေးရန်ကနေဂူးလ်ကလေးမတစ်ယောက်ကိုကာကွယ်ပေးရင်း ဂူးလ်တွေဖွင့်တဲ့ ကော်ဖီဆိုင်လေးမှာ စားပွဲထိုးဘဝနဲ့နေထိုင်နေတဲ့ ကာနဲကီဟာ အေးချမ်းမယ်ထင်တုန်းလေး ဘူးလေရာဖရုံဆင့်ခဲ့ရပါတယ်အစားကျူးသူတစ်ယောက်က နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ကိုသတ်စားရာကနေစလို့CCG တွေရဲ့ မျက်စောင်းထိုးခံလာရတဲ့ ဂူးလ်တွေအများဆုံးနေထိုင်ရာ ၂၀ ရပ်ကွက်။၂၀ ရပ်ကွက်ထဲမှာ လူသားကို စိတ်ကြိုက်ရွေးချယ်စားသောက်တတ်တဲ့ ဂူးလ်တစ်ကောင်ရှိပါတယ်။သူက ကာနဲကီတို့ ကော်ဖီဆိုင်လေးကိုရောက်လာပြီး ကာနဲကီကို တွေ့ရာကနေ မစားရမနေနိုင်အောင် ကာနဲကီကိုစွဲလမ်းသွားခဲ့ရပါတယ်။ နောက်ဆုံး ကာနဲကီကို စားသောက်ဆိုင်တစ်ခုကို ညစာကျွေးဖို့ခေါ်ပြီး ကာနဲကီကို အမဲဖျက်ဖို့ကြံပါတယ်။ကာနဲကီ ဒီအစားကျူးသူ ဆုကီယာမ လက်ကဘယ်လိုလွတ်အောင်လုပ်ရမလဲဆိုတာနဲ့လူသားတွေနဲ့ သူတို့အသက်ဆက်ရှင်နိုင်ဖို့ လူသားကိုပဲမဖြစ်မနေစားရင်း အသက်ရှင်နေရတဲ့ ဂူးလ်တို့ကြားမှာလူတစ်ပိုင်း ...
movie

Tokyo Ghoul ‘S’ (2019)

2019
Tokyo Ghoul (2017) 6.3
Tokyo Ghoul (2017) ဟိုးအရင်တုန်းကတည်းကတိုကျိုမြို့ရဲ့လူတွေကြားထဲမှာဂိုးဆိုတဲ့သတ္တဝါဆန်းတွေနေထိုင်ခဲ့ကြတယ်သူတို့ဟာဘယ်လိုသတ္တဝါမျိုးလဲလို့ပြောရရင်တော့သူတို့အသက်ရှင်သန်ဖို့လူသားတွေကိုစားသောက်ရတဲ့သတ္တဝါဆန်းတွေပါပဲသူတို့ဟာနေ့ခင်းဘက်မှာသာမန်လူတွေလိုသွားလာနေထိုင်ပြီးညဖက်ရောက်တဲ့ခါကျမှသာသူတို့စောင့်ကြည့်နေတဲ့လူသားကိုအမဲလိုက်ပြီးစားသောက်တတ်ကြပါတယ်တစ်နေ့မှာကနဲခိဆိုတဲ့လူငယ်လေးတစ်ယောက်ဟာသူချစ်မိနေတဲ့ကောင်မလေးနဲ့ချိန်းတွေ့တဲ့အခါထိုမိန်းကလေးဟာသာမန်လူမဟုတ်ဘဲလူသားစားဂိုးဖြစ်နေသောအခါကနဲခိဘယ်လိုလွတ်အောင်ထွက်ပြေးမလဲ  ကံကောင်းထောက်မစွာနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့လည်းရရှိတဲ့ဒဏ်ရာတွေကြောင့်ကနဲခိတစ်ယောက်လူတစ်ဝက်မိစ္ဆာတစ်ဖြစ်လဲဂိုးအဖြစ်ကိုရောက်ရှိသွားတဲ့အခါမှာသူဘယ်လိုဖြတ်ကျော်မလဲရိုးသားတဲ့ကနဲခိတစ်ယောက်ဗိုက်ဆာလာတဲ့အချိန်မှာကောလူသားတွေကိုသတ်ဖြတ်စားသောက်မှာလားဂိုးတွေရဲ့ဘဝကိုစာနာပြီးဂိုးအဖွဲ့ဝင်ဖြစ်သွားတဲ့ကနဲခိတစ်ယောက်ဂိုးတွေကိုသတ်ဖြတ်နေတဲ့လူသားနစ်ဦးကိုဘယ်လိုတားဆီးမလဲလူသားတွေနဲ့ဂိုးတွေကြားကကံကြမ္မာကကောဘယ်လိုဖြစ်လာမလဲဒီဇတ်ကားလေးဟာလက်ရှိဂျပန်မှာအောင်မြင်နေတဲ့ဇတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်မန်းဂကိုပြန်လည်အသက်သွင်းထားပြီးတမူထူးခြားစွာပြန်လည်ဆန်းသစ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်အက်ရှင်ခန်းတွေထူးဆန်းတဲ့လူသားစားသတ္တဝါအကြောင်းတွေကိုအကျအနရိုက်ကူးထားတဲ့ဒီဇတ်ကားဟာအလွန်ကောင်းမွန်တဲ့ဇတ်ကားလေးပါလို့ပြောကြားရင်းဒေါင်းလော့ဆွဲပြီးသာကြည့်ကြပါတော့  File Size : (950 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Action, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-WiKi Translated by Soe Htwe Encoded by Thanhtike Zaw
movie

Tokyo Ghoul (2017)

2017