Channel Myanmar

Numan Acar

Aladdin (2019) 7.4
Aladdin (2019) ဒီကားလေးကတော့ သိပ်ပြီးမိတ်ဆက်စရာမလိုလောက်အောင် အားလုံးသိထားပြီးတဲ့ ကားလေးဖြစ်ပါတယ်... Disney ကနေထုတ်လုပ်ပြီးတော့ ၂၀၁၉  မှာ Animation ကို Live Action အသွင်ပြောင်းပြီးရိုက်ကူးပြီးတင်ဆက်ခဲ့ပါတယ်... Animation မှာအရမ်းကိုအောင်မြင်ခဲ့တဲ့ဒီကားလေးက အခု Live Action မှာကော အောင်မြင်မလားဆိုတာကို ဒီကားလေးကိုကြည့်ပြီးဆုံးဖြတ်လိုက်ရအောင်လား......ဇာတ်ကားထဲမှာ အာလာဒင်ဆိုတဲ့ သူခိုးတစ်ယောက်က မြို့သူအယောင်ဆောင်ပြီး မြို့ထဲကိုထွက်လာတဲ့ မင်းသမီးလေးနဲ့တွေ့ပြီးချစ်မိသွားကြတယ်... သူခိုးတစ်ယောက်နဲ့မင်းသမီးတစ်ပါးနဲ့ မဖြစ်နိုင်တော့ ဂျဖာက အာလာဒင်ကိုဖမ်းပြီး မီးခွက်ခိုးခိုင်းတာကနေပြီးတော့ မီးခွက်စောင့်ကြီး တဖြစ်လဲ Will Smith နဲ့တွေ့ဆုံပါတော့တယ်...Will Smith မီးခွက်ပုံစောင့်ပုံကြီးနဲ့ ပိုစတာထွက်လာတုန်းကဆိုရင် တော်တော်လေးကို ကြည့်ရဆိုးပြီလို့ တွက်ခဲ့ဖူးတယ်.... ဒါပေမယ့် ကိုယ်တိုင်ကြည့်လိုက်တဲ့အခါမှာတော့ Will Smith တစ်ယောက် သူ့ရဲ့အကောင်းဆုံး Genie ပုံစံကိုပြသနိုင်ခဲ့ပါတယ်...Disney ရဲ့ထုံးစံအတိုင်းပဲ နောက်ခံတီးလုံးအမိုက်စားတွေနဲ့ Live Action အနေနဲ့ထွက်ရှိလာခဲ့တဲ့ ဒီကားလေးဟာ ကလေးဘဝတွေကိုပြန်လည်တမ်းတနိုင်အောင် ရိုးရိုးလေးနဲ့ရိုက်ကူးထားတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်...... File size…(6.8 GB)/(2.2 GB)/ (1.3 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:07:58 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littelneo
movie

Aladdin (2019)

2019
4K HEVC
In the Fade 7.3
In the Fade Rating မြင့်မြင့် Crime Drama ကားကောင်းကောင်း ကြည့်လိုတဲ့ CMပရိသတ်ကြီးအတွက်In the fade (2018) ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အရာအားလုံးရင်းပြီးတည်ဆောက်ခဲ့ရတဲ့ ပျော်ရွှင်စရာမိသားစုလေးတစ်ခုဆိုတာကတ်ဂျာ ပိုင်တိုင်သမျှအရာအားလုံးပါ။တစ်နေ့တော့ မထင်မှတ်ပဲ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့်မိသားစုဘဝလေးပျက်ဆီးသွားခဲ့ရပါတော့တယ်။ဗုံးဖောက်ခွဲခဲ့တဲ့လူကို သိလာခဲ့တဲ့နောက် ကတ်ဂျာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?တရားမျှတမှုကိုရော ရှာတွေ ့နိုင်ပါ့မလား?မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ၊အားမလိုအားမရ ခံစားချက်တွေနဲ့အတူဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်နိုင်သွားတဲ့ကားလေးလို့ပဲ ညွှန်းလိုက်ပါရစေ။Ratingတွေ အနေနဲ့ကတော့ Imdb 7.3 Rotten Tomatoes 74% ရရှိထားတဲ့ ကားလေးပါ။File Size : (761 MB) and (302 MB) Quality : 720p WEB DL Running Time : 1hr 46min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Source : ...
movie

In the Fade

2017
The Promise (2016) 5.9
The Promise (2016) ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ  အများစုက  မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့်  အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie

The Promise (2016)

2016