Channel Myanmar

Oanh Nguyen

Two Brother (2004) 7.1
Two Brother (2004) ကဲ Old But Gold ကားတစ်ကားနဲ့ အခုတပတ် Monday ည အတွက် အပန်းဖြေကြည့်ရှူဖို့တင်ဆက်ပေးလိုက်ပါတယ် သင်က တိရိစ္ဆာန်ချစ်တတ်တဲ့လူတစ်ယောက်လား အထူးသဖြင့်မွေးဖို့မလွယ်တဲ့ကျားပေါက်လေးတွေကိုချစ်တတ်လား ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးရဲ့ အသည်းနှလုံးကို သိမ်းပိုက်သွားမှာ သေချာပေါက်ပါဘဲ ဒီကားလေးဟာဆိုရင် ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံစတင်တဲ့ တစ်ပတ်အတောတွင်းမှာတင် top 9 အထိရောက်ရှိခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဘဲဖြစ်ပါတယ် ၁၉၂၀ပြည့်နှစ် ကယ်လီဖိုးနီးယားပြည်နယ်ဘက်က အဖြစ်အပျက်လေးတစ်ခုနဲ့ ဇာတ်လမ်းကျောရိုးကိုယူထားပါတယ် အဓိကဇာတ်ဆောင်အနေနဲ့ကတော့ ဆွန်ဂါနဲ့ကူမာလို့ခေါ်တဲ့ ကျားလေး၂ကောင်အကြောင်း ဖြစ်ပြီးတော့ အရိုင်းသတ္တဝါ၂ကောင်နဲ့ လူသား၂ဦးကြားက ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြထားတဲ့အတွက်ကြောင့် ကြည့်ပြီးရင်း ထပ်ကြည့်ချင်ကို ဖြစ်နေတော့မှာပါ ပြင်သစ်နဲ့ ထိုင်းဘက်က ကျားအကောင် ၃၀လောက်ကို သုံးထားတာဖြစ်ပြီးတော့ အကယ်ဒမီရလောက်တဲ့ ကျားတို့ရဲ့မာယာ ( သရုပ်ဆောင်ချက် ) တွေကိုလည်း မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ကယ်လီဖိုးနီးယားတောအုပ် ထဲက ဘုရားကျောင်းအပျက်တွေကြားမှာနေကြတဲ့ ကျားမကြီးနဲ့သူ့ရဲ့ သားလေး၂ကောင်၊ မုဆိုးအလုပ်နဲ့ တွက်ချေမကိုက်လို့ ဘုရားဆင်းတုတော်ဟောင်းတွေမှောင်ခိုဖို့ စိတ်ကူးနဲ့ ရောက်ရှိ လာတဲ့ မတ်ခရော်နီနဲ့ ထိပ်တိုက်ကိုတွေ့ပါတော့တယ် ...
movie

Two Brother (2004)

2004