Channel Myanmar

Omi Vaidya

Blackmail (2018) 7.2
Blackmail (2018) ဒီကားကတော့အိန္ဒိယကားတွေကိုစောင့်မျှော်နေသူများအတွက် Comedy/Drama ဇာတ်ကားသစ်လေးဖြစ်ပါတယ်။Rating လည်း7.2 အထိရရှိထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ရုံးလုပ်ငန်းမှာလုပ်ကိုင်ရင်း အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက်မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ လင်ယောကျာ်းတစ်ယောက်၊အိမ်ထောင်ရေးမသာယာလင်ယောကျာ်းတစ်ယောက်၊သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီးကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်ကို ဦးတည်ရိုက်ကူးထားတာပါ။အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက် ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။ဒီတော့ ဇာတ်ကားနာမည်အတိုင်းဒေးဗ်တစ်ယောက်လက်စားပြန်ချေဖို့ကြိုးစားပါတော့တယ်။ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။ဇာတ်လိုက်မင်းသားရဲ့ထုံပေပေမျက်နှာပေးဟာလည်း ဇာတ်ရုပ်နဲ့အရမ်းပလဲနံသင့်ပါတယ်။အားလပ်ချိန် ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Dev တစ်ယောက် ဘယ်လိုအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (999 MB) Quality : WEBRip 720p Running Time : 2hr 18min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.Web.Rip.x264.AC3.DTOne-Exclusive Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Blackmail (2018)

2018