Channel Myanmar

Ozzy Osbourne

Gnomeo & Juliet (2011) 5.9
Gnomeo & Juliet (2011) Gnomeo & Juliet (2011) IMDb - 5.9/10_____Rotten - 56%  Gnomeo and Juliet ကာတွန်းကားလေးကတော့ ၂၀၁၁ မှာထွက်ရှိထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေက အပြင်မှာလည်းနာမည်ကြီးတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေပါပဲ ဒီဇာတ်လမ်းထဲမှာတော့ အနီရောင်မိသားစုနဲ့အပြာရောင်မိသားစုဟာ ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ရန်ငြိုးဟောင်းတွေကြောင့် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြပါတယ် သူတို့ကတော့ ပန်းခြံထဲမှာထားတဲ့ gnome အရုပ်လေးတွေပေါ့ သူတို့ရဲ့သခင်တွေဖြစ်တဲ့ အိမ်ရှင်နှစ်ယောက်ကလည်း မတည့်သလို အနီနဲ့အပြာမိသားစုတွေကလည်း လမ်းမှာတွေ့ရင် ဦးရာလူကချကြတာပေါ့ အပြာရောင်မိသားစုဘက်က ခေါင်းဆောင်ရဲ့သားဖြစ်သူ နိုမီယိုနဲ့ အနီရောင်ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ဂျူးလိယက်တို့နှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားခဲ့ပါတော့တယ် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြတဲ့ မိသားစုနှစ်စုရဲ့ရန်ငြိုးတွေကြားမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ အချစ်တွေရှင်သန်နိုင်ပါမလား ဘယ်လိုအခက်အခဲတွေကြုံတွေ့မှာလဲ နိုမီယိုနဲ့ဂျူးလိယက်တို့ချစ်သူနှစ်ယောက်ဟာ ဒီရန်ငြိုးတွေကို အဆုံးသတ်ပေးနိုင်မှာလား ဒါမှမဟုတ် ဝေးကွာသွားကြမလားဆိုတာ ဆက်လက်ကြည့်ရှူ့ကြပါစို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်...   File Size : (752 MB) Quality : Blu-Ray 720p Format…mp4 Duration…01:24:00 Genre : ,  Adventure, Animation, Comedy Subtitle ...
movie

Gnomeo & Juliet (2011)

2011