Channel Myanmar

Pan Yuanjia

National Secret Agent ( 2023 ) 5.6
National Secret Agent ( 2023 ) ဒီတစ်ခါCMကနေ တင်ဆက်ပေးလိုက်တာကတော့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင်တွေလျှို့ဝှက်ဖွဲ့စည်းထားတဲ့ သူလျှိုမလေးတွေအဖွဲ့အစည်းအကြောင်းပဲဖြစ်ပါတယ်။ဒီလျှို့ဝှက်သူလျှိုမလေးတွေကို အထူးလေ့ကျင့်ပေးထားပြီး နေရာအနှံ့လွှတ်ထားပါတယ်။ အပေါ်ယံမှာတော့ ဘုရင်မင်းကြီးကိုယ်စား တိုင်းပြည်ရဲ့မတရားမှုတွေကို စောင့်ကြည့်ပေးသလိုနဲ့ တကယ်တော့ ပုန်ကန်ဖို့ကြံစည်နေတဲ့ သူတွေကိုဖော်ထုတ်ရတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ဘုရင်ရဲ့ညီတော်ဟာပုန်ကန်ဖို့ကြံစည်နေတဲ့လျှို့ဝှက်စာကို သူလျှိုမလေးလော်ပင်းရသွားပြီးနောက် ဘုရင်မင်းကြီးဆီကိုလျှောက်တင်ဖို့လက်ဆင့်ကမ်းတဲ့အချိန်မှာ သစ္စာဖောက်သူလျှိုနဲ့ကြုံတွေ့လိုက်ရပါတယ်။ သစ္စာဖောက်သူလျှိုရဲ့နှုတ်ပိတ်တဲ့ရန်ကနေသီသီလေးလွတ်ပြီး တောင်ပေါ်ကအိမ်လေးတစ်အိမ်ကိုရောက်သွားခဲ့ပါတယ်။သူ့ကိုကယ်လိုက်တဲ့သူကလဲ သူလျှိုဟောင်းတစ်ယောက်ဖြစ်နေတော့ တိုင်းပြည်အတွက်အရေးအရမ်းကြီးတဲ့ဒီလျှို့ဝှက်ကို ဘုရင်ကြီးလက်အပ်နိုင်ဖို့ ကူညီပေးပါတယ်။ အဲဒီအချိန်မှာပဲသစ္စာဖောက်တွေရောက်လာပြီး တိုက်ခိုက်ကြတော့ သူလျှိုဟောင်းကအသက်ပေးလိုက်ရပါတယ်။ သူမသေခင်မှာ သူ့သားကို လော်ပင်းကိုမြို့တော်ကိုဘေးကင်းအောင် လိုက်ပို့ပေးဖို့မှာရင်း အသက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့သူလျှိုမလေးလော်ပင်းနဲ့ တောတွင်းသားလေးတို့ရဲ့စွန့်စားခန်းစတင်ပါတော့တယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

National Secret Agent ( 2023 )

Sasquatch 2 ( 2022 ) 5.8
Sasquatch 2 ( 2022 ) 2022ထွက် Sci-fi ,adventure အမျိုးအစားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ သက်ရှိမျိုးစိတ်တွေကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်အန်နာဟာ လွန်ခဲ့တဲ့၁၀နှစ်က သုတေသနအတွက် သဘာဝသစ်တောကိုသွားလေ့လာရင်း ထူးဆန်းစွာပျောက်ကွယ်သွားတဲ့ အဘိုးဖြစ်သူကို ရှာဖွေလိုစိတ်ပြင်းပြနေခဲ့ပါတယ်...အန်နာဟာ တစ်ချိန်ကအဘိုးဖြစ်သူရဲ့တပည့် ပါမောက္ခရှဲ... အဘိုးမိတ်ဆွေရဲ့သားဖြစ်သူ လီယွီဟန်တိုနဲ့အတူ သဘာဝသစ်တောဆီစွန့်စားခရီးထွက်လာပါတော့တယ်...သဘာဝသစ်တောမှာ အန္တရာယ်ပေါင်းစုံနဲ့ရင်ဆိုင်ချိန်မှာ ဒဏ္ဍာရီထဲမှာသာကြားဖူးတဲ့ ခြေကြီးမိစ္ဆာကိုလဲတွေ့မြင်ခွင့်ရခဲ့ပါတယ်... သဘာဝသစ်တောကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလား.. အဘိုးဖြစ်သူကိုရောရှာတွေ့နိုင်မှာလား ပါမောက္ခရှဲမှာဘယ်လိုအကြံတွေရှိနေတာလဲ.... ဇာတ်လမ်းတစ်ပုဒ်လုံးကိုစိတ်လှုပ်ရှားခြောက်ခြားဖွယ်ကြည့်ရှုရမှာပါQuality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Sci-Fi , Adventure Runtime : 1h 11 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Sasquatch 2 ( 2022 )