Channel Myanmar

Pavel Kříž

A Christmas Story (2022) 6.2
A Christmas Story (2022) A Christmas Story (2022)ခရစ္စမတ်ဇာတ်လမ်းလေးလို့ အမည်ရတဲ့ Family type ချက်ဇ်စကားပြော ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိသားစု၀င်တွေကြားက နားလည်မှု‌တွေ မိတ်ဆွေ သမီးရည်းစား ဇနီးမောင်နှံတွေရဲ့ ဆက်ဆံရေးတွေကို ပေါ့ပေါ့ပါးပါး အစုံအလင် ခံစားရမှာပါ။ မိသားစုကားဆိုတဲ့အတိုင်း ဇာတ်ကောင်များများနဲ့ သူတို့ရဲ့ ခရစ္စမတ်နေ့မှာ ကြုံရတဲ့ အဖြစ်အပျက်လေးတွေကို စုစည်းတင်ဆက်ထားတာပါ။မိန်းမထိန်းချုပ်တာခံနေရတဲ့ ထရန်းဒရိုင်ဘာရယ်... သူ့ကို ထရန်းပေါ်မှာ ရန်စတဲ့ လူရယ်... အင်တာဗျူးမှာ ၀န်ကြီးကို ဝေဖန်လေကန်နေတာကို မတော်တဆလွှင့်မိသွားလို့ ပြသာနာတက်နေတဲ့ Deputy ရယ်... သူ့ချစ်သူပဲရစ်က ပြန်လာမှာကိုမျှော်နေတဲ့ Deputy အမေအဘွားကြီးရယ်... သူတို့သားသမီးတွေကလည်း ကိုယ်စီ ဇာတ်လမ်းလေးတွေနဲ့... ဒီလူတွေက ဘယ်လိုရေစက်တွေနဲ့ ဆက်ပြီး ပတ်သက်မိမှာလဲ... နောက်ထပ် ဘယ်ဇာတ်ကောင်တွေရော ဆက်နွယ်နေမှာလဲ... သူတို့တွေအားလုံး ခရစ္စမတ်ကို ဘယ်လိုဖြတ်သန်းကြလဲဆိုတာ... ရသမျိုးစုံနဲ့ ရှုစားနိုင်ပါပြီ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK ...
movie

A Christmas Story (2022)

2022
The Devil Conspiracy (2022)
The Devil Conspiracy (2022) The Devil Conspiracy (2022)ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ...
movie

The Devil Conspiracy (2022)

2022