Channel Myanmar

Peng Yusi

Barefoot Immortal ( 2022 ) 6.1
Barefoot Immortal ( 2022 ) နတ်ပြည်မှာ 'ခြေဗလာနတ်မင်း' လို့ခေါ်တဲ့နတ်တစ်ပါးရှိတယ်။ ဝတ်ပုံစားပုံနေပုံထိုင်ပုံကလည်း နတ်တို့ရဲ့ဂုဏ်သရေနဲ့လားလားမျှမအပ်စပ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကလည်း အင်မတန်ကောင်းတာမို့ ဘယ်သူနဲ့မှမတည့်ဘဲ နတ်တိုင်းရဲ့မျက်မုန်းကျိုးရာဖြစ်နေပါတယ်။အဲ့လိုဘယ်သူနဲ့မှမတည့်တဲ့ချဥ်ဖတ်ဖြစ်နေပေမယ့် သူ့မှာ "ရူယီ" လို့ခေါ်တဲ့နတ်လက်နက်ရှိတယ်။ အဲ့လက်နက်ကအတော်စွမ်းတာကြောင့် သူ့ကိုမကြည်ကြသော်လည်း ပြန်မလှန်ရဲကြဘူးဆိုပါတော့။ဒီလိုနဲ့တစ်နေ့မှာ ခြေဗလာနတ်မင်းတစ်ယောက် မက်မွန်သီးပွဲတော်မှာအသောက်လွန်ရင်း ဒယိမ်းဒယိုင်နဲ့အပြန်မှာ ခြေချော်လက်ချော်နဲ့ သူ့ရဲ့အသက်တမျှအရေးကြီးလှတဲ့ 'ရူယီ' ဟာ ကောင်းကင်ပေါ်ကနေပြုတ်ကျသွားပါလေရော။ အဲ့တော့ ခြေဗလာတို့ခေါင်းမီးတောက်ပြီလေ။ချက်ချင်းပြန်ရှာဖို့ ချက်ချင်းကိုကောင်းကင်ပေါ်ကခုန်ချခဲ့ပေမယ့် 'လူ့ပြည်တစ်ရက် နတ်ပြည်တစ်က္ကန့်' ဆိူသလိုပဲ သူလူ့ပြည်ကိုရောက်တဲ့အချိန်မှာ လအတော်ကြာနေပါပြီ။ သူ့ရဲ့လက်နက်ကျသွားရာနေရာ​​ကဖြစ်တဲ့ ကျီရှန်းရွာလေးကတော့ 'ရူယီ' ကိုရတနာအဖြစ် သေချာထိန်းသိမ်းစောင့်ရှောက်ထားလို့နေပါပြီ။ လက်နက်ကြောင့်မိစ္ဆာတွေရဲ့နှောင့်ယှက်ခြင်းကိုလည်းခဏခဏခံနေရပါတယ်။ခြေဗလာနတ်ဟာသူ့လက်နက်ကိုပြန်တောင်းပေမယ့် ရွာသားတွေကတော့သူ့ကိုမယုံဘဲပြန်မပေးကြပါဘူး။ သူကလည်း လက်နက်ပြန်ရမှကောင်းကင်ကို ပြန်တက်လို့ရမှာဆိုတော့ ဘယ်လိုကြိုးစားပြီးပြန်ယူလေမလဲ။ခြေဗလာနတ်မင်းဟာသေမျိုးလောကမှာနေရင်းနဲ့ တဖြည်းဖြည်းရင့်ကျက်ပြီး စာနာရိုင်းပင်းတတ်တဲ့ နတ်တစ်ပါးဖြစ်လာပုံကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတာ​ကြောင့် ပျင်းစရာကောင်းမနေဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Comedy Runtime : 82 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon , Chu Chu , Yin Wai Phyo Encoded by LK
movie

Barefoot Immortal ( 2022 )

The Mystery Mausoleum ( 2018 ) 5.0
The Mystery Mausoleum ( 2018 ) ဒီကား​လေးဟာ ​ရှေး​ဟောင်းနဂါးလိုဏ်​ဂူထဲက မင်းသမီး​လေးကူယွဲ့ရဲ့အုတ်​ဂူကိုရှာ​​ဖွေတဲ့စွန့်​စားခရီးစဉ်​​လေးဖြစ်​ပါတယ်​...ဦး​​လေး၉ဟာသူ့ဘဝတစ်​သက်​တာလုံး​ထျန်းစန်းနဂါးလိုဏ်​ဂူထဲကမင်းသမီးလေးကူယွဲ့ရဲ့အုတ်​ဂူတည်​ရှိရာကိုရှာ​ဖွေရင်းအချိန်​​တွေကုန်​ဆုံးရုံမျှမက မျက်​စိကန်းသွားခဲ့ရပါတယ်​..ဒီလိုနဲ့မင်းသမီး​လေးကူယွဲ့ရဲ့အုတ်​ဂူဆီက​သော့ချက်​တစ်​ခုဖြစ်​တဲ့​မြွေ​ကြေးနီပြား​လေးကိုရလာတဲ့အခါမှာ​တော့ ဒီခရီးစဉ်​ကိုပြန်​စဖို့ဖြစ်​လာပါတယ်​..ဒီလိုနဲ့ဦး​လေး၉နဲ့သူ့တူမမုန့်​ရင်​တို့နဲ့အတူ ​မြွေ​ကြေးနီပြားကိုခိုးယူမိသွားရာက​နေဒီခရီးစဉ်​ကိုပါလာတဲ့ရတနာမုဆိုး​ရှောင်​ဖုန်းတို့သူငယ်​ချင်းတစ်​သိုက်​ပါ ပါလာခဲ့ပါ​တေယ်​...ထျန်းစန်းနဂါးလိုဏ်​ဂူထဲကအုတ်​ဂူဆီ​ရောက်​တဲ့အချိန်​မှာဘယ်​လိုစွန့်​စားခန်း​တွေကြုံရမှာလဲ..မင်းသမီး​လေးကူယွဲ့ရဲ့အုတ်​ဂူကြီးမှာဘယ်​လိုလျို့ဝှက်​ချက်​​တွေရှိ​နေတာလဲ..ဘယ်​သူ​တွေက​နောက်​ဆုံးမှာအသက်​ရှင်​လျက်​ပြန်​ထွက်​လာနိုင်​မှာလဲဆိုတာ​တွေကိုစိတ်​လှုပ်​ရှားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါ​တယ်​...စကားပြောခန်းနည်းပြီးစွန့်စားခန်းများတဲ့အတွက်သိုင်းချခန်းတွေကြိုက်တဲ့သူတွေအတွက်တော့ သဘောကျမိမှာပါ Translated & Review By Phyo ZawEncoded By Phoenix
movie
