Channel Myanmar

Peter Brouwer

Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
Friday the 13th (1980) 6.4
Friday the 13th (1980) Friday the 13th (1980)~ IMDb - 6.4/10, Rotten Tomatoes - 64% ~ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ...
movie

Friday the 13th (1980)

1980