Channel Myanmar

Peter Wight

My Week with Marilyn (2011) 6.9
My Week with Marilyn (2011) My Week with Marilyn (2011)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ...
movie

My Week with Marilyn (2011)

2011
Babel (2006) 7.4
Babel (2006) [Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie

Babel (2006)