Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Peter Yu
5.9
Seven Days ( 2023 )
သင်ကြောက်နေရတဲ့ သရဲတစ္ဆေဆိုတာ တစ်စုံတစ်ယောက် နေ့ညမရွေး ပြန်တွေ့ချင်နေတဲ့ လူတစ်ယောက်ပါ။ အိုက်ရှီးဟာ နှစ် ၂၀ ကြာ လူ့ပြည်မှာ လေလွင့်နေတဲ့ ဝိညာဉ်လေး ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကားမတော်တဆတစ်ခုကြောင့် သူမဟာ မိသာစုကို နှုတ်ဆက်ခွင့်မရပဲ သေဆုံးသွားခဲ့ပြီး ဘဝကူးဖို့ မရွေးခဲ့ပဲ မိသားစုဘေးမှာ အဖော်ပြုနေခဲ့ပါတယ်။ကံကြမ္မာရဲ့ အခွင့်အရေးပေးမှုကြောင့် အိုက်ရှီးဟာ မောင်လေးဖြစ်သူ အိုက်ရှန်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့ရပြီး ၇ ရက်တာ အချိန်ရခဲ့ပါတယ်။ အိုက်ရှန်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေနဲ့ ၇ ရက်တာ အချိန်ကို အသုံးချပြီး သူမဟာ ဘဝမှာ မေ့ရခက်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ဒီတရုတ်စကားပြောရုပ်ရှင်ကတော့ တရုတ်ပြည်မကရိုက်ကူးတဲ့ရုပ်ရှင်မဟုတ်ပဲ စင်ကာပူက အမျိုးသမီးဒါရိုက်တာရိုက်ကူးထားတဲ့ ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဝမ်းနည်းစရာ၊ ဝမ်းသာစရာ၊ တွေးတောစရာ စတဲ့ ရသမျိုးစုံကို ပေးနိုင်မယ့် ရုပ်ရှင်လေးဖြစ်တာကြောင့် ဇာတ်လမ်းအေးအေးလေးတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime ...
movie
Seven Days ( 2023 )
5.9
Circle Line ( 2023 )
စင်္ကာပူရုပ်ရှင်လောကရဲ့ ပထမဆုံးခေတ်သစ်ထူးဆန်းသတ္တဝါကားလို့ဆိုတဲ့ Circle Line ကို တင်ဆက်ပေးလိုက်ပါတယ်။ စင်္ကာပူဒါရိုက်တာJD Chuaရိုက်ကူးထားပြီး ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ တွဲဖက်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့-ကားအက်စီးဒင့်အပြင်းအထန်ဖြစ်ခဲ့ပြီး စိတ်ဒဏ်ရာတွေကို ကုသကျော်ဖြတ်နေရတဲ့ သားအမိနှစ်ယောက် -အဖေဟာအလုပ်ထဲမှာပဲနှစ်မြှုပ်ထားပြီး သမီးကိုအချိန်မပေးနဲ့တဲ့ အဖေနဲ့သမီး မြေအောက်အမြန်ရထားတွေဟာအလိုအလျောက်Programနဲ့ပဲထိန်းချုပ်ပြီးသွားကြတာပါSystem ဟောင်းမှာချို့ယွင်းချက်တွေဖြစ်လာတဲ့အခါ ရထားကဘူတာ မရောက်ခင်ရပ်သွားတာတွေစတဲ့ချို့ယွင်းချက်တွေဖြစ်လာပါတယ်။ Systemကိုပြန်ပြင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ညပိုင်းနောက်ဆုံးရထားတစ်စီးဟာ ချို့ယွင်းချက်ကြောင့် ပုံမှန်ရထားလမ်းကြောင်းကနေသွေဖီပြီး အသုံးမပြုတဲ့ရထားလမ်းထဲကိုရောက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာမြေအောက်ရထားလှိုဏ်ခေါင်းထဲမှာဘယ်လိုအရာကစောင့်ကြိုနေမလဲ...... မြေပြင်ဗဟိုဌာနကရော မြေအောက်ရထားထဲကလူတွေကိုဘယ်လိုကယ်တင်မလဲ...... အန္တရာယ်တွေကြုံလာတဲ့အခါ မိခင်တို့ရဲ့သဘာဝအတိုင်း အမေတစ်ယောက်ဟာ သားတစ်ယောက်ကိုဘယ်လိုကာကွယ်ပေးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပြီး စင်္ကာပူရဲ့ပထမဆုံးသောခေတ်သစ်ထူးဆန်းသတ္တဝါကားဟာ ဘယ်လိုအနေအထားရှိမလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦးနော်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie
Circle Line ( 2023 )
6.7
A Land Imagined(2018)
A Land Imagined(2018) IMDb...6.7ဆိုက်ထဲက အလုပ်သမား၁ယောက် ထူးထူးဆန်းပျောက်သွားတယ်.... ဒါ့ကြောင့် ရဲ(၂)ယောက်လာရောက်စုံစမ်းတဲ့အခါမှာပျောက်သွားတဲ့သူဟာ အလုပ်လုပ်နေစဉ်ကာလအတွင်းမှာ လက်ကျိုးခဲ့လေတော့ တခြားသူတွေလိုအလုပ်ကြမ်းမလုပ်ရဘူး..လက်ကျိုးတဲ့အတွက် ကားပဲမောင်းရတယ်လို့ဆိုတယ်..ပြီးတော့ ညဘက်ဆိုလည်းပြန်ပြန်မအိပ်တာကြာပြီဟုသိရတယ်..ကျွန်းတုလုပ်တဲ့ဘက်မှာလည်း ပျောက်သွားတဲ့သူဟာ တစ်ချို့နဲ့သိတယ်ဆိုတော့ ရဲ(၂)ယောက်ဟာဆက်လက်စုံစမ်းဖို့ထွက်သွားတယ်..အဲ့ဒီနောက်တော့ ဒီလူပျောက်မှုကိုစုံစမ်းရင်း ရဲတစ်ယောက်လည်း အထူးအဆန်းဖြစ်ရပ်တွေကြုံခဲ့ရတယ်..ကိုင်းသူတို့စုံစမ်းတာတွေ့မလား ..ဘာကြောင့်ပျောက်သွားတာလဲ..ခံစားကြည့်လိုက်ပါဦး...စင်္ကာပူဆိုတာ စက်မှုအထွန်းကားဆုံးစာရင်းဝင်သလို အချမ်းသာဆုံးနိုင်ငံတွေထဲမှာလည်းပါလေတော့ဒီနိုင်ငံမှာလာရောက်လုပ်ကိုင်တဲ့အလုပ်သမားတွေလည်း ဒုနဲ့ဒေးပါပဲ.....ငွေးကြေးတန်ဘိုးကလည်းအမေရိကန်ဒေါ်လာနဲ့ကပ်ရက်...ဒီကားကတော့ စင်္ကာပူမှာလာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအကြောင်းကိုရိုက်ပြထားသလိုပေးချင်တဲ့ Messageကောင်းတွေလည်းရှိပါတယ်...ဒီကားရဲ့ဒါရိုက်တာဖြစ်သူ Siew Hua Yeo ဟာ 2019ရဲ့အကောင်းဆုံး ဒါရိုက်တာဆုစာရင်းထဲမှာ ဆန်ကာတင်အဆင့်ပါရှိခဲ့ပါတယ်.. File Size : (850 MB) and (332 MB) Quality : WEB-DL 720p, Format…mp4 Duration…01:35:00 Genre : Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Phyo Pyae
movie
A Land Imagined(2018)
2018