Channel Myanmar

Phylicia Rashād

Our Son (2023)
Our Son (2023) Our Son (2023)~ Rotten Tomatoes - 58%, Meta - 86% ~ရိုးရိုးလေးနဲ့ လက်တွေ့လောကမှာဖြစ်တတ်တဲ့ အချစ်ရေးမိသားစုအရေးတွေကို LGBTQ+ စုံတွဲနဲ့ပုံဖော်ထားတဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်မှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရကတည်းက ၁၃နှစ်ကြာလက်ထပ်ပေါင်းသင်းလာကြတဲ့ နစ်ကီနဲ့ဂေဘရီရယ်တို့ ဂေးစုံတွဲ... သူတို့မှာ နစ်ကီရဲ့မျိုးစေ့နဲ့ အငှားကိုယ်၀န်ဆောင်ပြီးယူထားတဲ့ အို၀မ်ဆိုတဲ့ ၈နှစ်အရွယ်သားလေးရှိတယ်။နစ်ကီက စာအုပ်‌ထုတ်ဝေသူဖြစ်ပြီး ဂေဘရီရယ်ကတော့ နစ်ကီကိုမွေးပြီးကတည်းက ကလေးစောင့်ရှောက်ဖို့ဆိုပြီး အရင်သရုပ်ဆောင်အလုပ်ကနေနားလိုက်တာ အခုထိပါပဲ။ နှစ်တွေအကြာကြီးပေါင်းလာပြီး တဖြည်းဖြည်းနဲ့ သံယောဇဉ်ကုန်လာတယ်ပြောရမလား... ဂေဘရီရယ်က နစ်ကီက သူတို့သားကို ဂရုမစိုက်ဘူး အလေးမထားဘူးလို့ တစ်စတစ်စမြင်လာပါတယ်။ နစ်ကီမသိအောင် တခြားတစ်ယောက်ပါတွေ့နေပြီး နောက်ဆုံးမှာ ကွာရှင်းဖို့ ထုတ်ပြောလာပါတယ်။နစ်ကီကလည်း အို၀မ်ကို မပေးနိုင်... ဂေဘရီရယ်ကလည်း အို၀မ်အတွက် သူကပိုသင့်တော်တယ်ဆိုပြီး နှစ်ယောက်သား ကလေးအုပ်ထိန်းခွင့်လုကြရင်း တရားရုံးထိပါရောက်သွားတဲ့အခါ...၁၃နှစ်ကြာခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ တခြားသူတွေလိုပဲ ကွာရှင်းခြင်းနဲ့ အဆုံးသတ်မလား... အို၀မ်အတွက် ...
movie

Our Son (2023)

2023
Creed II (2018) 7.7
Creed II (2018) Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင်ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်...၁၉၇၆ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့လက်ဝှေ့ကားတွေဟာ ဆယ်စုနှစ်များစွာကြာညောင်းခဲ့ပေမဲ့ အခုချိန်ထိအောင်မြင်စွာရှင်သန်နေဆဲပါပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကြောင့်ဇာတ်ကားတိုင်းဟာလည်း rating မြင့်မားလှပါတယ်၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်ကို မိတ်ဆက်ပေးခဲ့ပါတယ်အဲဒီဇာတ်ကားလေးကလည်း ဆုတံဆိပ်များစွာနဲ့အတူပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်၂၀၁၈ခုနှစ်မှာတော့ Creed 2 ကို ပရိတ်သတ်တွေဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ်အရင်ကားတွေအတိုင်းပါပဲ စွဲဆောင်မှုရှိရှိနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ရွှေခါးပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူသလိုထိန်းသိမ်းဖို့ဆိုတာလည်း သိပ်ကိုခက်ခဲပါတယ်ဒီဇာတ်ကားထဲမှာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိသွားအောင် ရိုက်ပြထားပါတယ်ဝါသနာကြောင့် လုပ်နေပေမယ့် နာကျင်မှုကို လူတိုင်း ကြောက်ပါတယ်ဒါ့အပြင် အချိန်မရွေး ကြိုးဝိုင်းထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပါသေးတယ်လက်ဝှေ့ရဲ့သဘောတရားကိုက သူတစ်ပါးကိုနာကျင်အောင်လုပ်ရတာပါသူတစ်ပါးကို နာကျင်စေချင်ရင်တော့ ကိုယ်ကိုတိုင်လည်းနာကျင်မှုကိုကြောက်နေလို့မဖြစ်ပါဘူးနာကျင်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့သူက ရေရှည်မှာ ပိုပြီးအနိုင်ရဖို့များပါတယ်အောင်မြင်မှုရဲ့ အရသာဟာ နာကျင်မှုတွေကိုစက္ကန့်ပိုင်းအတွင်းပျောက်အောင်ကုစားနိုင်တယ်ဆိုတဲ့ရသကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ကြည့်လို့ကောင်းမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်... File Size : ( 1 GB) Quality : WEB-DL 720pRunning Time ...
movie

Creed II (2018)

2018
Creed (2015) 7.6
Creed (2015) Creed (2015) ==========Creed 2 ထွက်လာပြီတော့ Creed 1 လဲကြည့်ချင်ကြမယ်ထင်လို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်။ ဒီကားက တစ်ချိန်တုန်းက နာမည် ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (950 MB)  Quality : Blu-Ray 720p Running ...
movie

Creed (2015)

2015
Black Box (2020) 6.2
Black Box (2020) Black Box (2020)~ IMDb - 6.2/10, Rotten Tomatoes - 71% ~2020 ​နှစ်က ထွက်ရှိထားတဲ့ အ​မေရိကန် Sci-Fi Horror ကားတစ်ကားပါ။ ဒီလို Genre မျိုး ကြိုက်တတ်ရင် ကြည့်သင့်တဲ့တစ်ကားပါပဲ။ဇာတ်လမ်းအညွှန်းကားမ​တော်တဆမှု ကြောင့် ဇနီးသည်ပါမက မှတ်ဥာဏ်​တွေကိုပါ ဆုံးရှုံးလိုက်ရတဲ့ နိုလန်... ဆရာဝန်​တွေအားလုံးက လက်​လျော့လိုက်​ပေမယ့် တဖန် သတိပြန်ရလာတဲ့ နိုလန်တစ်​ယောက် မှတ်ဥာဏ်​တွေလိုက်ရှာ​ဖွေ​နေရင်း ကုမရတဲ့အဆုံး သူငယ်ချင်းဆရာဝန် လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရု နဲ့ ​တွေ့သွားတဲ့အခါ...- ဘယ်​လို​တွေ မှတ်ဥာဏ်ရ​အောင်ရှာ​​ဖွေခဲ့လဲ -​ သတိပြန်ရလာတဲ့ နိုလန်ဖြစ်ရပ်က​တော့ ထူးခြားမှုတစ်ခုပဲလား -​​ ဒေါက်တာဘရု နိုလန်ကို ​သွေးရိုးသားရိုးပဲ ကူညီခဲ့တာလား - ​ဒေါက်တာဘရု လျှို့ဝှက်ထားတဲ့ အရာ​တွေက​ရော ဘာ​တွေလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလို့​ကောင်းမယ့်ကား​လေးပါ။သရဲ​တွေဘာ​တွေမပါ​ပေမဲ့လည်း ကြည့်​နေရင်း ချမ်းစိမ့်စိမ့်ဖြစ် ကြက်သီးထလာတဲ့ ခံစားမှုကိုလည်းရမယ့်ကားတစ်ကားပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Black Box (2020)

2020
A Fall from Grace (2020) 5.8
A Fall from Grace (2020) (Unicode)Jasmine ဆိုတဲ့ ရှေ့နေမကလေးဟာ အမှုတွေကို အပေးအယူလုပ်ပြီးပဲ ဖြေရှင်းတတ်ပြီး တရားခွင်တစ်ခါမှ မဝင်ဖူးပါဘူးတစ်နေ့မှာ အထက်အရာရှိမှ သူ့ကို အပေးအယူလုပ်ရန် အမှုတစ်ခုပေးပါတယ်အဲဒီအမှုမှာ Grace ဆိုတဲ့ မိန်းမဟာ ယောက်ျားကို သတ်မှုအတွက် စွတ်စွဲခံထားရတာပါထူးခြားတာက Grace က အပြစ်ကို ဝန်ခံချင်ပါတယ်ဒီတော့ သူလုပ်ရမှာက အပေးအယူစာချုပ်မှာက လက်မှတ်ထိုးရုံပါပဲအမြဲတမ်း အမှုတွေကို အပေးအယူလုပ်ပြီး ဖြေရှင်းတတ်တဲ့ Jasmine ဟာ ဒီအမှုမှာတော့ တစ်ခုခုလွဲနေပြီဆိုတာ ခံစားမိပြီလိုက်ပါတယ်ဒီလိုနဲ့ Grace ကို ဖြစ်ကြောင်းကုန်စင် မေးကြည့်တဲ့အခါမှာတော့...ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားသူကတော့ Htet Wai Lwin ဖြစ်ပါတယ်။(Zawgyi)Jasmine ဆိုတဲ့ ရှေ့နေမကလေးဟာ အမှုတွေကို အပေးအယူလုပ်ပြီးပဲ ဖြေရှင်းတတ်ပြီး တရားခွင်တစ်ခါမှ မဝင်ဖူးပါဘူးတစ်နေ့မှာ အထက်အရာရှိမှ သူ့ကို အပေးအယူလုပ်ရန် အမှုတစ်ခုပေးပါတယ်အဲဒီအမှုမှာ ...
movie

A Fall from Grace (2020)

2020