Channel Myanmar

Pradeep Raju

Farhana(2023) 6.4
Farhana(2023) Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရ‌တဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Cherry~Zwe~V~ BpL~ Yunni 
movie

Farhana(2023)

2023