Channel Myanmar

Priyanka Chopra Jonas

Shootout at Wadala (2013) 6
Shootout at Wadala (2013) Shootout at Wadala (2013) "ရေကုန်ရေခမ်း" IMDb - 6/10ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ် ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လို တကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက် ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦး နားထောင်နေတာကနေ အစပြုပါတယ်။ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့ လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်) File size…5GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thike San
movie

Shootout at Wadala (2013)

2013
Fashion (2008) 6.9
Fashion (2008) Fashion (2008) "အိပ်မက်များဆီသို့..." IMDb - 6.9/10ဘောလိ၀ုဒ်ရဲ့ ဘုရင်မတွေထဲက နှစ်ပါးဖြစ်တဲ့ ပရီရန်ကာနဲ့ ကန်ဂနားတို့ အပြိုင်ကြဲထားကြတဲ့ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၈ခုနှစ်ဆိုတဲ့ ခေတ်ကာလတစ်ခုမှာ ရူပီး သန်းတစ်ရာ့ရှစ်ဆယ် အကုန်ကျခံရိုက်ကူးထားပြီး သန်းခြောက်ရာကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် အဓိကဇာတ်ကောင်နေရာမှာဆို မင်းသားတွေကိုပဲ နှစ်သက်လက်ခံကြတဲ့ခေတ်တစ်ခုမှာ မင်းသမီးတွေအနေနဲ့ အဓိကဇာတ်ကောင်နေရာကနေတင်ဆက်ထားပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။ အဲဒါအပြင်ကို နိုင်ငံတကာအိန္ဒိယရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီရုပ်ရှင်နဲ့ပဲ ပရီရန်ကာရော ကန်ဂနားပါ ထူးချွန်ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။မြို့သေးသေးလေးက အိပ်မက်အကြီးကြီးနဲ့ ကောင်မလေးတစ်ယောက်။ ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်နဲ့အတူ မွမ်ဘိုင်းမြို့တော်ကြီးကိုရောက်လာပါတော့တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှတဲ့ မော်ဒယ်လ်လောကကြီးထဲမှာ အိပ်မက်အကြီးကြီးအတွက် ပေးဆပ်မှုအကြီးကြီးရှိတတ်တယ်ဆိုတာ သိသွားပြီးချိန်မှာတော့ သူဖြစ်ချင်တဲ့အိပ်မက်အတိုင်း အကောင်အထည်ဖော်နိုင်မှာလား၊ ပတ်ဝန်းကျင်နဲ့လိုက် အရောင်တွေပြောင်းသွားပြီး ဘ၀ပဲပျက်သွားမလားဆိုတာ ဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်ချင်တဲ့ မင်းသမီးတွေရဲ့အလှကို ငေးမောခံစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.5GB Quality…BluRay 1080p /720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie

Fashion (2008)

2023
36 China Town (2006) 5.7
36 China Town (2006) 36 China Town (2006) Comedy, Mystery, Thriller IMDb 5.7/10 (4.9K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ရှာဟစ်ကပူး..အရှေးခန်နားနဲ့ မင်းသမီး ကရီနားကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးဟာသ သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာနဲ့ ပရေရှ်ရာဝလ်တို့အပြင် တခြားသော သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်...လောကမှာ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး ငွေဟာဘုရားသခင်ပဲ ငွေရှိမှအရာအားလုံးပြည့်စုံတာဆိုတဲ့လူအတွက် ခုခံချေပမပြောချင်ပေမယ့် ဒီပိုက်ဆံဟာပဲ လူ့ဘဝသက်တမ်းတစ်လျှောက်လုံးကို စုတ်ပြတ်သပ်သွားအောင် လုပ်နိုင်တဲ့အပြင် လူ့အသက်ကိုပါ ရန်ရှာလာတဲ့ပုံကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...ဇာတ်ကားအညွှန်းကိုပြောရမယ်ဆိုရင်...အရမ်းချမ်းသာတဲ့ ကာစီနိုပိုင်ရှင်မလေး ဆိုနီယားကိုမှီတည်ပြီးပြောရမှာပဲ...သူ့မှာ ၁နှစ်ခွဲအရွယ်ပဲရှိသေးတဲ့ သားလေးတစ်ယောက်ရှိပါတယ်..အမေတစ်ခု သားတစ်ခုမို့ သူ့သားလေးကို အသက်သမျှချစ်မြတ်နိုးပါတယ်...ဒါပေမဲ့ သူ့ရဲ့သားလေးပျောက်ဆုံးသွားတာ ရက်တော်တော်ကြာခဲ့ပါပြီ...တစ်ရက်တော့ သတင်းစာထဲမှာ ကြေညာထားတဲ့ သားဖြစ်သူကို ပြန်တွေ့ရင် ဆုတော်ငွေ ၂၅ သိန်းချီးမြှင့်မယ်ဆိုတဲ့သတင်းနဲ့အတူ သူ့သားကို ပြန်ရှာတွေ့တဲ့ အတွဲတစ်တွဲဟာ သားဖြစ်သူကိုပြန်ပေးဖို့အိမ်ကိုလာပါတော့မယ်...အဲ့ဒီနေ့ညမှာတင်ပဲ ဆိုနီယားအသတ်ခံလိုက်ရပါတယ်...။အသတ်ခံရတဲ့ညအတွင်းမှာ သူမရဲ့နေအိမ်ထဲကို ကိုယ်ပိုင်အကြံအစည်တွေနဲ့ ဝင်ထွက်သွားလာခဲ့သူတွေ အများကြီးရှိနေခဲ့ပါတယ်...။ကဲ..လူသတ်တရားခံဟာ ဘယ်သူဖြစ်မလဲ...။ဒီကားရဲ့ဇာတ်လမ်းလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို တစ်ကားလုံး ရင်ဖိုစေမယ့်အပြင် ပဟေဠိတွေကြားထဲက ဟာသလေးတွေလည်းပါတာမို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်... File size…2.05GB  / 1GB Quality…1080p ...
movie

36 China Town (2006)