Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Purab Kohli
5.4
Blind (2023)
Blind 2023Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ် ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့ မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကို ကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာ မျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကို ရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။ File size…1.8GB / 737MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Zwe~V~BpL
movie
Blind (2023)
2023
7.6
London Confidential(2020)
London Confidential(2020) IMDb rating 7.7 ရရှိထားပြီး Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ COVID-19 ဆိုတဲ့ Virus ဟာ တစ်ကမ္ဘာလုံးကို ပျံနှံပြီး အားလုံးဒုက္ခရောက်နေတယ်... ဒီပြဿနာရင်းမြစ်ဟာ တရုတ်ကြောင့်လို အိန္ဒိယတို့က စွပ်စွဲပါတယ်... ဒီလိုစွပ်စွဲမှုနဲ့ covid -19 ပြဿနာမပြီးသေးဘူး အိန္ဒိယနဲ့ တရုတ်နယ်စပ်မှာ ဒီ့ထက်ဆိုးတဲ့ ဗိုင်းရပ်စ်တစ်မျိုး ထပ်ပျံလာတယ်.... စွပ်စွဲမှုတွေငြင်းဆန်မှုတွေနဲ့ (၂)နိုင်ငံစစ်ဖြစ်လာသည့်အထိ တင်းမာတဲ့အခြေအနေတွေဖြစ်လာတယ်.... စစ်ဖြစ်မဲ့အရေးကိုတားဆီးနိုင်ဖို့ အိန္ဒိယက လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့် တစ်ယောက်ဟာ တစ်ယောက်သတင်းပေးနဲ့ဆက်သွယ်ပြီး လန်ဒန်ရဲ့နိုင်ငံတကာညီလာခံမှာ ထုတ်ဖော်ဖို့ကြိုးစားပါတော့တယ်... သူတို့ကြိုးစားသလိုအောင်မြင်မှာလား... တခြားဘယ်လိုလှည့်ကွက်တွေရှိဉီးမလဲ... ဒီပြဿနာဆိုးတွေဖြစ်ဖို့ တကယ်ကြိုးကိုင်နေတဲ့သူတွေက ဘယ်သူလဲ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size :(850 MB) and (392 MB) Quality : WEB-DL 720p Format…mp4 Duration…01:17:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo ...
movie
London Confidential(2020)
7.2
Awarapan(2007)
Awarapan(2007)ဒီAwarapan 2007ဇာတ်ကားလေးကတော့ IMDB rating 7.2/10ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Action, Drama, Romance ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။ ဂန်းစတားတစ်ယောက်...သူ့ဘဝမှာ သစ္စာတရားဆိုတာကိုလက်ကိုင်ထားပြီးဂန်းစတားအဖွဲ့တစ်ခုဆီမှာလုပ်တယ်...ကိစ္စတော်တော်များများဟာ သူ့ရဲ့လက်ရဲဇက်ရဲနဲ့ထက်မြက်တဲ့ စဉ်းစားဉာဏ်တွေကြောင့်အောင်မြင်တယ်...ဂန်းစတားခေါင်းဆောင်ကလည်း သူ့ကိုအားကိုးတယ်...တစ်နေ့တော့ သူ့ကို လူကုန်ကူးခံရတဲ့မိန်းကလေးတစ်ယောက်ကိုသတ်ဖို့အမိန့်ပေးခြင်းခံရပါတယ်။ မိန်းကလေးတစ်ယောက်ကို သတ်ရမယ်ဆိုပေမဲ့လည်းအမိန့်က အမိန့်ပဲမဟုတ်လား....ဒီလုပ်ရပ်ကို သူမနှစ်မြို့ပေမယ့်လည်း သူသတ်ဖြတ်ဖို့စီစဉ်ပါတယ်...သို့ပေမယ်... ဒီမိန်းကလေးအပေါ်မှာ သနားဂရုဏာသက်သွားပြီးတဲ့အချိန်မှာတော့ဘယ်သူမှ မထင်ထားတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပါတော့တယ်...သူ့ရွေးချယ်ထားတဲ့လမ်းကြောင့် ဂန်းစတားအဖွဲ့က သူ့ကို ဘယ်လို အဆုံးသတ်ပေးမလဲ..သူချစ်ခင်သွားတဲ့ကောင်မလေးကရော ဘယ်သူဖြစ်မလဲ...အန္တရယ်များလွန်းလှတဲ့ ဒီလမ်းကြောင်းကိုရော သူဖြတ်ကျော်နိုင်ပါ့မလား.....အက်ရှင် ဇာတ်ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း...... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ဖြစ်ပါတယ်.....File Size : (1.13 GB) and (561 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Awarapan(2007)
8.0
Airlift (2016)
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့ မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။ ၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....02:11:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay Translator.....Tariq L Walker အစမ်းကြည့်ရန်
movie
Airlift (2016)