Channel Myanmar

Purnendu Bhattacharya

Murder Mubarak (2024) 7.1
Murder Mubarak (2024) Murder Mubarak (2024) "လူသတ်မှုအတွက် ဂုဏ်ယူပါတယ်" IMDb - 7.6/10Netflixကနေ ထုတ်လွှင့်ခဲ့ပြီး နာမည်ကျော်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင် အလန်းစားလေးကို တင်ဆက်ပေးပါရစေ။ သရုပ်ဆောင်တွေကတော့ Kedarnath(2018)မှာ ဆူရှန့်နဲ့တွဲဖက်ပါဝင်ခဲ့တဲ့ အပြုံးလှလှနဲ့ မင်းသမီးချော ဆာရာအလီခန်း၊ OMG 2ထဲမှာ ဖခင်ဖြစ်သူနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ပန်ဂာာ့ဂျ်တရီပတီ၊ Aashiqui 2 (2013)ထဲမှာ အရက်ရဲ့ကျေးကျွန်ဘ၀နဲ့ နာမည်ကြီးအဆိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော အာဒစ်တယာတို့အပြင် ဗီဂျေးဗာမာ၊ ကာရီစ်မာကပူးရ်၊ ဂျန်ဟ်ဗီးကပူးရ်တို့ ပါဝင်ထားကြပါတယ်။လူသေရာကနေစတဲ့ မှုခင်းဇာတ်လမ်း။ နယ်ပယ်အသီးသီးက ဇာတ်ကောင်တွေကို တစ်ယောက်ချင်းမိတ်ဆက်ပေးပြီးတစိမ့်စိမ့် ကြည့်လို့ကောင်းမဲ့ တစ်စချင်းဆီ ဆွဲထုတ်ပြတဲ့ ရုပ်ရှင်မျိုးပါပဲ။ကျိကျိတက်ချမ်းသာတဲ့ အထက်တန်းစားတွေပဲ အသင်းဝင်လို့ရပါတယ်ဆိုတဲ့ ရွိုင်ရယ်ဒေလီကလပ်မှာ လူတစ်ယောက်သေသွားပါတယ်။သေတာကလည်း အလေးမရင်း အလေးပိပြီး လည်ပင်းကျိုးသေသွားတဲ့ ခပ်လွယ်လွယ်အမှုဆိုတော့ ထုံပေပေနေတတ်တဲ့ ရဲအရာရှိကြီး ဘာဟာဗ်နီဆင်းဂ်ကို စုံစမ်းဖို့လွှတ်လိုက်ပါတော့တယ်။ဒီကစလို့ လွယ်မယောက်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလိုပဲ တစတစနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.35GB / 991MB Quality…WEB DL 1080p / ...
movie

Murder Mubarak (2024)

2024
Khufiya (2023) 6.1
Khufiya (2023) Kufiya (2023)IMDb-6/10ယောကျာ်ားက မိန်းမကို ပစ် သားသမီးကိုပစ်ပြီး အချစ်သစ်ရှာတဲ့သာမန် အိမ်ထောင်ရေးဇာတ်လမ်းတွေနဲ့ကွဲထွက်ပြီး မိန်းမက သူသိပ်ချစ်ရတဲ့အမျိုးသမီးအတွက် သူ့အိမ်ထောင််ရေးကိုစွန့်ခွာကွဲထွက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်အသစ်တခုကို တင်ဆက်ပေးချင်ပါတယ်Netflix ကထုတ်လွှင့်လိုက်တဲ့ တဘူးရဲ့ Spy / Thriller ကားပါ ဒီကားက Amur Bhushan ရဲ့ Escape to Nowhere စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာလို့ ပြောကြတာတွေလည်းရှိသလို ဒီကားရဲ့ ဒါရိုက်တာ Vishal Bhardwaj ကလည်း သူ့ဇာတ်လမ်းတွေမှာ ရှိတ်စပီးယားပြဇာတ်တွေထဲကနေ အလျဉ်းသင့်သလိုယူပြီး ထည့်သွင်းရိုက်ကူးတတ်သူလို့လည်းပြောကြပါတယ် ဒီကားထဲက စစ်ဆေးရေးတွေနာမည်ကိုက ဂျုးလီးယက်ဆီဇာတို့ ဘရူးတက်စ်တို့ ဖြစ်နေတာပါပဲဇာတ်လမ်းအညွှန်းကရစ်ရှနာ(တဘူး) တို့ စပိုင်အဖွဲ့ကလူတွေ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ရန်သူဘက်ကအမြဲအသာစီးရနေပြီး စပိုင်အဖွဲ့ဝင်တွေပဲ အရင်ရှင်းပစ်ခံနေရတဲ့အချိန် ဟီနာဆိုတဲ့ စပိုင်တစ်ယောက်လည်း အဲဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတယ်ဒီကိစ္စကိုစုံစမ်းဖို့အတွက် စပိုင်အဖွဲ့က ကရစ်ရှ်နာကိုတာဝန်ပေးလိုက်တယ် အလုပ်ကနေအနားယူတော့မဲ့ ကရစ်ရှ်နာတစ်ယောက် အဖွဲ့အတွက်အရေးကြီးဆုံးတာဝန်လည်းဖြစ် ချစ်ရသူသေရတဲ့ကိစ္စလည်းဖြစ်နေတော့ မနေသာပဲဝင်ပါရပြန်တယ်ဒီလိုအဖြစ်အပျက်တွေအတွက် အဖွဲ့ကနေအဓိကသံသယရှိသူက ရာဗီ သူကလည်း သူ့ကိုသိသွားကြမှန်းသိ‌တာနဲ့ ချက်ချင်းမိသားစုပါခေါ်ပြီး လစ်ပြေးတော့တာပဲ ဒါပေမဲ့သူကခိုင်းစေခံရသူသာသာပဲ သူ့နောက်ကွယ်မှာအဓိကတရားခံကရှိနေသေးတယ်စပိုင်တွေကိုတောင် အသာစီးယူပြီးရှင်းပစ်နိုင်နေတဲ့ရန်သူကိုအနိုင်ယူဖို့.... ခင်ပွန်းနဲ့ သားကိုဖုံးကွယ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအတွက်လက်စားချေဖို့... ဒါတွေကို ကရစ်ရှ်နာတစ်ယောက်အဆုံးထိအောင်မြင်အောင်လုပ်နိုင်သွားမလား ဆိုတာ မင်းသမီးချောသုံးယောက်ရဲ့အလှကို ရှူစားရင်းခံစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ ...
movie

Khufiya (2023)

2023
4K HEVC
Tarla (2023) 7.0
Tarla (2023) Tarla(2023)CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။ သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ ယောကျာ်းကိုမိသွားတဲ့အခါ ...။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့ နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ...
movie

Tarla (2023)

2023
Meenakshi Sundareshwar(2021) 8.2
Meenakshi Sundareshwar(2021) ချစ်တဲ့သူနဲ့ကွေကွင်းရခြင်းမချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရခြင်းထက် ပိုသောဒုက္ခကားမရှိတဲ့...ငယ်ငယ်က ဝတ္ထုတွေထဲမှာ ဖတ်နေကျ စာသားလေးပေါ့ခုခေတ်ကြီးမှာ အကြောင်းအမျိုးမျိုးကြောင့်ခွဲခွာနေရတဲ့ စုံတွဲတွေ အများကြီး ရှိမှာပါအလုပ်ကိစ္စ..မိသားစုကိစ္စ..ကျန်းမာရေး..ပညာရေး စသည်စသည်ဖြင့်ပေါ့...LDRS တစ်ခုမှာ ဘာအရေးကြီးသလဲ အချစ်ကအဓိကလား..ချစ်နေရုံနဲ့ ရပြီလား ဘာတွေထပ်လိုအပ်သေးလဲအနေဝေးပြီး သွေးအေးသွားရင် ဘာတွေဖြစ်လာမလဲ...စသည်စသည်ဖြင့် ယနေ့ခေတ်ရဲ့ relationship problem တွေကို မီးမောင်းထိုးပြထားပါတယ်...အနေဝေးတဲ့ချစ်သူတွေ ပြသနာတွေတက်ကြ ရန်တွေဖြစ်ကြတဲ့အခါဒီဇာတ်ကားလေးကိုကြည့်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမလွဲကြပဲအချစ်တွေပြန်တည်ဆောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်...အချစ်ဆိုတာ သူတစ်ခုတည်းလဲ မပြည့်စုံပြန်ဘူး..ခံစားချက်တွေ ဆက်နွယ်မိဖို့ကလည်း လိုသေးတယ်မဟုတ်လား.....Check for more info File size…2.19Gb / 1.2Gb Quality…1080p NF WEB DL AAC 5.1CH and 720p Format…Mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo  Aung & Sai ThuRein Lynn
movie

Meenakshi Sundareshwar(2021)

2021
Romeo Akbar Walter(2019) 6.6
Romeo Akbar Walter(2019) Romeo Akbar Walter(2019) စပိုင်ဇာတ်ကား ချစ်သူများအတွက် အိန္ဒိယဇာတ်ကား Romeo Akbar Walter (2019) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ပါကစ္စတန်နိုင်ငံကနေ အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ခွဲထွက်တဲ့ကာလက အကြောင်းအရာကို ရိုက်ကူးထားတာပါ။ ဖခင်ဖြစ်သူကို အားကျစိတ်နဲ့ စစ်ထဲကိုဝင်ပြီး စစ်တက္ကသိုလ်မှာ ထူးချွန်ခဲ့ပေမဲ့ ဖခင်ဆုံးပါးသွား တဲ့အခါ အမေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်ကထွက်ခဲ့ရတဲ့ ဘဏ်စာရေးလေး ရိုမီရိုအလီတစ်ယောက် တစ်နေ့မှာ နိုင်ငံအတွက် တာဝန်ထမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတကာထောက်လှမ်းရေး(RAW) က ပါကစ္စတန်ကို စပိုင်အဖြစ်နဲ့စေလွှတ်တာပဲဖြစ်ပါတ ယ်။ သူက တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပေမဲ့ RAW က အရေးကြုံလာတဲ့အခါမှာ သူ့ကို ပစ်ပယ်ထားလိုက်ကြပါတ ယ်။ အဲဒီအချိန်မှာ သူ အသက်ရှင်နိုင်အောင်ဘာတွေလုပ်လဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။ IMDB Rating ကတော့ 6.6 ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  demon ပဲဖြစ်ပါတယ်...  File Size : (1 GB) and ...
movie


2019