Channel Myanmar

Qu Chuxiao

Shining for One Thing ( 2024 ) 5.9
Shining for One Thing ( 2024 ) C Drama ပရိသတ်ကြီးအတွက် လူငယ်အချစ်ဒရာမာလေးတစ်ကား CMမှတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက သာမန်ကျောင်းသားကားတွေနဲ့မတူတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးရင်သူတစ်ဖက်သတ်ချစ်နေခဲ့ရတဲ့ ကောင်မလေးကိုဖွင့်ပြောမယ်လို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမယ့် ရှိုးပွဲတစ်ခုမှာမတော်တဆပေါက်ကွဲသွားပြီးတော့ ပြန်ဖြည့်ဆည်းမရနိုင်တဲ့နောင်တတွေရခဲ့တယ်။ ဒါပေမယ့် ရုတ်တရက်သူနိုးလာတော့ ကျောင်းသားလေးက အတိတ်ကိုပြန်ရောက်သွားတာကိုသိလိုက်ရတယ်။ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ချစ်သူကိုကာကွယ်ဖို့ကြိုးစားရင် တိတ်တခိုးအချစ်ကို ဖွင့်ဟနိုင်ဖို့သတ္တိတွေမွေးလာခဲ့ပါတယ်။ ဒါပေမယ့် ဒီအရာတွေအားလုံးကသူထင်သလိုရိုးရှင်းနိုင်ပါ့မလား...... လူငယ်လေးရဲ့ဆန္ဒတွေကိုပြည့်ဝအောင်လုပ်နိုင်ပါ့မလား...... သူ့ရဲ့တစ်ဖက်သက်အချစ်ကရော လှပတဲ့အဆုံးသတ်ရှိပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Shining for One Thing ( 2024 )

The Breaking Ice ( 2023 ) 6
The Breaking Ice ( 2023 ) ကိုယ့်ဘဝကိုယ် အဓိပ္ပာယ်ကင်းမဲ့နေသလို ခံစားနေရလား။ အဲ့လိုအချိန်မျိုးရောက်ရင် ခရီးထွက်လိုက်ပါ။ ဒီရုပ်ရှင်လေးကတော့ ဘဝရည်မှန်းချက်ပျောက်နေကြတဲ့ လူငယ် ၃ ယောက်တို့ ခရီးစဉ်တစ်ခုမှာ ခင်မင်ခဲ့ပြီးနောက် ပြောင်းလဲမှုများကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ယန်ဂျီဟာ တရုတ်မြောက်ပိုင်းနယ်စပ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ရှန်ဟိုင်းကနေ သူငယ်ချင်းရဲ့မင်္ဂလာပွဲကိုတက်ဖို့လာတဲ့ ဟောက်ဖုန်းဟာ ဘဝအတွက် လမ်းပျောက်နေသလို ခံစားနေရပါတယ်။ နယ်စပ်ကို လည်ပတ်တဲ့ ခရီးစဉ်တစ်ခုမှာ သူဟာ နာ့နာ့ဆိုတဲ့ အသက်ငယ်ငယ်ဧည့်လမ်းညွှန်တစ်ယောက်ကို သဘောကျမိသွားပါတယ်။နာ့နာ့ကတစ်ဆင့် သူမရဲ့ စားဖိုမှူးသူငယ်ချင်း ဟန်ရှောင်းနဲ့ ခင်မင်ခဲ့ရပြီး သူတို့ ၃ ယောက်ဟာလည်း ဟန်ရှောင်းရဲ့ ထမင်းတစ်နပ်ကြောင့် သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ တစ်ကြိမ်တစ်ခေါက် နွေးထွေးစွာ ထိတွေ့မှုဟာ သူတို့ကို သူတို့ရဲ့ အတိတ်နဲ့ လျှို့ဝှက်ချက်တွေကို ရင်ဆိုင်စေဖို့အားအင်တွေဖြစ်လာစေခဲ့ပါတယ်သူတို့ ၃ ယောက် ဘယ်လို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို လုပ်ပြီး စိတ်လှုပ်ရှားမှုနဲ့ လွတ်လပ်မှုတွေကို ရှာဖွေကြမလဲဆိုတာကို ရုပ်ရှင်လေးထဲက ရှုခင်းလှလှလေးတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama  Runtime : 1h 37 min Subtitle ...
movie

The Breaking Ice ( 2023 )