Channel Myanmar

Quinn Bozza

Pain Hustlers (2023) 6.5
Pain Hustlers (2023) Pain Hustlers (2023)"ဆရာဝန်ဆိုတာလည်း လူတိုင်းလိုပဲ လောဘကြီးပြီး တဏှာရူးတာပါပဲ" တဲ့။ ဒီသဘောတရားကိုလက်ကိုင်ထားပြီး မီလီယံဖြစ်သွားခဲ့တဲ့ ဆေးကုမ္ပဏီတွေအကြောင်း ပြသထားတာပါ။ ဆေးကုမ္ပဏီတွေရဲ့အမြတ်ဟာ ဆေးတွေရောင်းရရင် အရမ်းကိုကြီးပါတယ်၊ ဝန်ထမ်းတွေအတွက်ကော်မရှင်ကလည်း အရမ်းကိုများပါတယ်။ ဒီတော့ ဆရာဝန်တွေ သူတို့ဆေးတွေကို ညွှန်းပေးဖို့ စည်းရုံးရပါတယ်။ အပြိုင်တွေများလွန်းတဲ့အခါ ရိုးရိုးစည်းရုံးရမဲ့အစား မက်လုံးပေးတာတွေ လာဘ်ထိုးတာတွေ မြူဆွယ်တာတွေ ပါလာပါတော့တယ်။တကယ်တော့ ဆရာဝန်တွေကို ဆေးညွှန်းပေးဖို့ လာဘ်ထိုးခွင့်မရှိပါဘူး။ လာဘ်ထိုးရင် အရေးယူခံရပါတယ်။ ဒါဆို လာဘ်မထိုးဘဲ ဆေးဝါးမိတ်ဆက်ပွဲတွေမှာ ရှင်းလင်းပြောကြားပေးဖို့ ဖိတ်ပြီး ဉာဏ်ပူဇော်ခပေးလိုက်ရင်ရော။ ဒီလိုပွဲတွေကို ရိုးရိုးမလုပ်ဘဲ ကမ်းခြေတွေ ဟိုတယ်တွေမှာ အစားကောင်းအသောက်ကောင်းတွေ၊ ဆော် ဘဲ အလန်းလေးတွေနဲ့ လုပ်ပေးလိုက်ရင်တော့ လာဘ်ထိုးတာမဟုတ်တော့ဘူးပေါ့။ ဒီနည်းနဲ့ မီလီယံနာဖြစ်လာတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့လက်ချက်ကြောင့် သူတို့ထုတ်တဲ့ ဘိန်းပါတဲ့ဆေးတွေစွဲပြီး ဆေးလွန်ပြီး လူသေမှုတွေအထိ ဖြစ်လာတဲ့အကြောင်းကို ပြသထားတာပါ။ဒါဟာ အမေရိကန်ရဲ့ ဖြစ်ရပ်မှန် ဆေးဝါးလောက ...
movie

Pain Hustlers (2023)

2023
Jerry And Marge Go Large (2022) 6.9
Jerry And Marge Go Large (2022) Jerry And Marge Go Large (2022) ~ IMDb - 6.9/10, Rotten Tomatoes - 62% ~အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ...
movie

Jerry And Marge Go Large (2022)

2022