Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
R.J. Walker
5.6
Spinning Man (2018)
လူမှုရေးနယ်ပယ်ထဲက ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေထဲမှာ ဖောက်ပြန်တာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါပေမဲ့ ဖောက်ပြန်တယ်ဆိုတဲ့ကိစ္စကို ဒဿနိကဆရာ တစ်ယောက်အနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ?တောင်ခါးပန်းမြို့လေးမှာ အထက်တန်းကျောင်းသူလေးတစ်ယောက် ပျောက်ဆုံးသွားတယ်။ အထက်တန်းကျောင်းသူဆိုပေမဲ့ တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ ကျောင်းသူလေးပေါ့။ တောင်ခါးပန်းမြို့လေးမှာ ကန်ကြီးတစ်ကန်ရှိတယ်။ အဲဒီ ကန်ကြီးမှာ ကရက်လှေတွေငှားတယ်။ သူက ကရက်လေငှားတဲ့နေရာမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပေါ့။ ရုတ်တရက်ကြီး သူဘာကြောင့်ပျောက်ဆုံးသွားလည်းဆိုတာကို ဘယ်သူမှ အဖြေရှာမရဘူးဖြစ်နေတယ်။ အလောင်းလည်း မပေါ်လာဘူး။ရဲစုံထောက်တွေက အမှူနောက်ကို လိုက်ရင်းနဲ့ကနေ ဒဿနိကဆရာရဲ့ကားကို ကန်နားမှာတွေ့လိုက်တယ် လို့သတင်းရလိုက်တယ်။ ဒါဆို ဒီဆရာက ဘာလဲပေါ့။ ကျောင်းသူတွေနဲ့ ဇာတ်ရှုပ်နေတာလား? ဒါမှမဟုတ် တိုက်ဆိုင်တာပဲလား? ကောင်မလေးကို ဖမ်းခေါ်သွားတာက အမည်မသိတဲ့ ရာဇဝတ်သားတစ်ယောက်ပဲလား? အဲဒီလို အနောက်ကလိုက်ရင်းကနေ အတွေးခေါ်အယူဆတွေ တဖြည်းဖြည်းနဲ့ ပေါ်ထွက်လာပါတယ်။ အဲဒီမှာ စုံထောက်နဲ့ ဒဿနိကဆရာတို့ရဲ့ အားပြိုင်မှုတွေကို ရှိလာပါတော့တယ်။ အမှန်တော့ သူတို့နှစ်ဦးလုံးက တစ်လမ်းထဲကို သွားနေတဲ့လူတွေပါ။ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက အဖြေကို ရှာတွေ့ချင်နေတဲ့လူတွေလေ။ ဒဿနိကဆရာက အတွေးအခေါ်တစ်ခုရဲ့ အဖြေကိုရှာဖွေနေတယ်။ ရဲစုံထောက်က အမှုရဲ့ အဖြေကို ရှာဖွေနေတယ်။ ဒါဆို ...
movie
Spinning Man (2018)
2018