Channel Myanmar

R. K. Suresh

Thugs (2023) 8.0
Thugs (2023) Thugs 2023 IMDb 8.4Crash Course အိန္ဒိယဝက်ဘ်စီးရီးထဲမှာ ဆက်သရာနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Hridhu Haroon တယောက် စီသူ အနေနဲ့ အဓိက သရုပ်ဆောင်ထားပါတယ်။ (Charsh Course စီးရီးကိုလည်း CM မှာတင်ဆက်ပေးထားပါတယ် ဒီလင့်မှာlink ဝင်ဒေါင်းလို့ရပါတယ်)ဇာတ်လမ်းအကျဉ်းက ဒီလို... စီသူက မိဘမဲ့ တကောင်ကြွက်၊ အဖေဖြစ်သူဆုံးတော့ သူ့အဖေရဲ့သူဌေး အန်နာချီက သူ့အဖေနေရာမှာပဲ စာရင်းကိုင်ခန့်ထားခဲ့တယ်။ မြင်မြင်ချင်းချစ်မိခဲ့တဲ့ ကာရဲလ်လေးကြောင့်ပဲ စီသူ တယောက် ဘ၀ကြီးက မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ဘဲ အချစ်သစ်တဖန်မွေးဖွားခဲ့ပေမဲ့လဲ... အချစ်စစ်တို့ မည်သည် ဖြောင့်တန်းရိုးမရှိဆိုသလို အနှောင့်အယှက်ဝင်လာတာက သူဌေးလူယုံရဲ့ ညီ ပက်ချက်ရန်၊ ချစ်ရသူ ကာရဲလ်လေးကို အမျိုးမျိုး လိုက်နှောင့်ယှက်နေတဲ့ လူယုတ်မာ ပက်ချက်ရန်ကို ဒေါသကြောင့် သတ်ခဲ့မိပြီး ထောင်ကျပါလေရော။ ထောင်ထဲမှာပဲ ဆရာကြီးတပွေနဲ့ ပေါင်းမိပြီး ချစ်ရသူကိုပြန်ရှာဖို့ ထောင်ဖောက်ပြေးဖို့ကြိုးစားပါတော့တယ်။နောက်ကြောင်းပြန် ပြန်ပြောင်းပြောရင်း ဇာတ်ကို ခပ်သွက်သွက်လေးသွားထားပြီး ဒရမ်မာနဲ့အက်ရှင် အချိုးကျ ပေါင်းစပ်ထားတဲ့ Thugs (2023) ဇာတ်ကားသစ်ကို CM ပရိတ်သတ်ကြီးထံ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းရေးသားသူကတော့ chiclon3 ...
movie

Thugs (2023)

Kaali (2018) 5.5
Kaali (2018)   CM Fan တွေအတွက် တမီလ် ရုပ်ရှင်တစ်ကားကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ် ဇတ်ကား နာမည်က ကာလီ ပါတဲ့... ဇတ်လမ်းပုံစံကတော့ အရမ်းတော်တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဘာရတ် ဟာ အမေရိကား မှာ ဆေးရုံတစ်ခုရဲ့ ဆေးရုံ ဥက္ကဌ ဖြစ်ပြီး ဘာရတ် ရဲ့ ဖခင် ဆရာဝန်ကြီးရဲ့ နေရာကို တာဝန်ယူပြီး ထမ်းဆောင်နေတာဖြစ်ပါတယ် နှလုံးအထူးကု ဆရာဝန်ကြီးဖြစ်ပြီး ကုသမှု တိုင်းမှာ ထူးချွန်သူ တစ်ယောက်ပါ ဖခင် ရော မိခင် ဖြစ်သူပါ သက်ရှိထင်ရှား ရှိနေပြီး ပြည့်စုံတဲ့ ဘဝ လေးမှာ ဘာရတ် နေထိုင်နေခဲ့ပါတယ်... ဒါပေမဲ့ ညတိုင်းလိုလို အိပ်မက် တစ်ခုကို မက်နေခဲ့တယ် မြွေ တစ်ကောင် ရယ် နွားရိုင်း တစ်ကောင် ရယ် အမျိုးသမီး တစ်ယောက်ရယ် အဲ့ဒီလိုနဲ့ အိပ်မက်က လန့်လန့်နိုးခဲ့ပြီး ဘာကိုမှ အဖြေရှာမရခဲ့ဘူး... တစ်ရက်မှာတော့ ဘာရတ် ရဲ့ မိခင် ဟာ ရုတ်တရက် နေမကောင်းဖြစ်ခဲ့ပြီး ကျောက်ကပ် အစားထိုး ခွဲစိတ်ဖို့ လိုအပ်ခဲ့တယ် အမေကို ချစ်တဲ့ ဘာရတ်ကတော့ သူ့ကျောက်ကပ်ကို လှူမယ်စိတ်ကူးပေမဲ့ ဖခင် ဖြစ်သူက သဘောမတူခဲ့ဘူး ဘာရတ် ရဲ့ ဦးလေးဆီက ကျောကပ်ကိုသာ ရယူလဲလှယ်ခဲ့တယ်... မိခင် ဖြစ်သူဟာ နေကောင်းလာတဲ့အခါ ဘာရတ်ဟာ မွေးစားသားဖြစ်ကြောင်း ရှင်းပြခဲ့တဲ့နောက် ...
movie

Kaali (2018)

2018