Channel Myanmar

Raghu Shivamogga

Kaiva (2023) 8.3
Kaiva (2023) Kaiva 2023 CM ပရိသတ်ကြီးအတွက် ကန်နာဒါစကားပြောဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ကန်နာဒါကားတွေရဲ့ ထုံးစံအတိုင်း အက်ရှင်ဘာညာကတော့ စိတ်ပျက်စေရမှာ မဟုတ်တာမို့ ဇာတ်ကြမ်းလေးတွေကြိုက်တဲ့ ပရိသတ်အတွက်တော့ အကိုက်ပါပဲဇာတ်လမ်းအကျဉ်းကတော့ ဘန်ဂလာရူမြို့ဆိုတာ မြေအောက်လောကသားတွေ ဒုစရိုက်သမားတွေနဲ့ပြည့်နေသလို သမိုင်းကြောင်းအရလဲ ကြီးကျယ်ခမ်းနားပြီး ဒဏ္ဍာရီလာဇာတ်လမ်းများစွာနဲ့ မြို့လေးတစ်မြို့ပါအဲ့အချိန်မှာ နယ်မြို့လေးက မင်းသားကိုင်ဗာက အလုပ်လုပ်ဖို့ ဘန်ဂလာရူမြို့ကို ရောက်လာချိန်မှာ ဆယ်လ်မာလို့ခေါ်တဲ့ ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဇာတ်လမ်းလေးကရိုးရှင်းပေမယ့် မရိုးရှင်းတာက ဆယ်လ်မာရဲ့အလုပ်ရှင်မှာ ရန်သူတော်ကြီးသုံးယောက်ရှိနေတာပါ…မြေအောက်လောကသားတွေကြားက ရန်ငြိုးတွေကြားမှာ ဆယ်လ်မာက ဘယ်လိုကြားညှပ်သွားမလဲ ဆယ်လ်မာကိုချစ်တဲ့ ကိုင်ဗာကရော ဘယ်လိုပါပတ်သတ်ရမှာလဲဆိုတာ CM ပရိသတ်ကြီးပဲ စောင့်မျှော်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်တော့ Saii~ Zwe~KKKZ~Cherry တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.42GB / 1.22GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Kaiva (2023)

2023
Kaddha Chitra (2023) 9.1
Kaddha Chitra (2023) Kaddha Chitra (2023) IMDb - 9.1/10လတ်တလောထွက်ရှိထားတဲ့ ကန်နားဒါစကားပြော ရိုမန့်ဒရာမာ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Chinnari Muthaဆိုတဲ့ကားလေးမှာ ကလေးသရုပ်ဆောင်အနေနဲ့အောင်မြင်ခဲ့တဲ့ မင်းသားဗီဂျေးပါဝင်သရုပ်ဆောင်ထားပါတယ်ပရမ်းပတာနဲ့ နေချင်သလိုနေတတ်ပေမဲ့ အရေးအသားကောင်းတဲ့ မထင်မရှားစာရေးဆရာတစ်ယောက်။ အဲဒီလူဘ၀ထဲကို ဝင်လာတာက စည်းစနစ်ကျတဲ့မိန်းမချောလေးတစ်ယောက်။ အချစ်ရဲ့ဖေးမမှုတွေနဲ့အတူ သူ့ဘ၀ကြီးပြောင်းလဲခဲ့ပါတော့တယ်။တမဟုတ်ချင်းမှာပဲ အောင်မြင်ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်ဖြစ်လာပြီး ချစ်သူနှစ်ဦးလည်း လက်ထပ်ပေါင်းသင်းစွာ ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုပြီး ဇာတ်မသိမ်းဘဲ ကံကြမ္မာအလှည့်အပြောင်းတွေဖြစ်လာပါရော။ ဘဝက ဒီလိုမျိုးပဲချက်ချင်းအလွယ်တကူကြီးသာယာ သွားမတဲ့လား။ ပုံစံမတူဘဲ ချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက် ဘဝအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.08GB / 983MB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ ToMo ~ ...
movie

Kaddha Chitra (2023)

2023
Gurudev Hoysala (2023) 7.5
Gurudev Hoysala (2023) Gurudev Hoysala 2023 IMDb 7.6/10ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ လက်ထောက်အင်စပက်တာပျောက်ဆုံးမှုကိုစုံစမ်းဖို့အတွက် ရှုံးပွဲမရှိ နိုင်ခဲ့တဲ့ ဂူရူဒေ့ဗ်ကို အသ်နီမြို့လေးဆီ အထက်ကစေလွှတ်ခဲ့တယ် ဒီမြို့မှာလည်း ရဲတွေကြောက်ရတဲ့တစ်ဖွဲ့ရှိနေပါတယ် သူတို့ကတော့ ရဲတွေကိုငွေနဲ့အုပ်ပြီး တရားမဝင်သဲတွေတူးဖော်နေကြတဲ့ သဲသူခိုး သဲမာဖီးယားအဖွဲ့ပေါ့ ဂူရူဒေ့ဗ်မြို့ကိုရောက်ရောက်ချင်းပဲ အဲဒီမြို့ကရဲစခန်းရဲ့သတင်းကိုတီဗီကတစ်ဆင့်မြင်ခဲ့ရတယ်အဲဒါကတော့ ရဲဌာနကလူတွေက နိုင်ငံရေးသမားတွေနဲ့ပူးပေါင်းပြီး အဲဒီသဲမာဖီးယားတွေကိုအလွတ်ပေးနေတာလို့ မီဒီယာကကြေညာနေတာပါ ဒီလိုနဲ့သူဒီကိစ္စထဲဝင်ပတ်သက်မိပြီး အကုန်ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မာဖီးယားခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့လာရတဲ့အခါ... သူရှာနေတဲ့ လက်ထောက်အင်စပက်တာကိုရော ရှာတွေ့နိုင်မလား ဒီမာဖီးယားတွေနဲ့ရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…2.18GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein Aye~BpL~Yunni~Cherry
movie

Gurudev Hoysala (2023)

2023
Vedha(2022) 7.0
Vedha(2022) Vedha (2022) IMDb 7.2/10ကန်နန်ဒါးရဲ့နာမည်ကြီးမင်းသားကြီး Shiva Rajkumar က Vedha အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Box Office အနေနဲ့ ကုဋေ ၁၀၀ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် Rating လည်းကောင်းပြီးအဆုံးထိဆွဲခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါပဲဇာတ်လမ်းအကျဉ်း... Vedha မှာ ကန်နာကာလို့ခေါ်တဲ့သမီးတစ်ယောက်ရှိတယ် စလာလာချင်းမှာတော့ ဒီကောင်မလေးကထောင်ကထွက်လာတယ်ပေါ့ သားအဖနှစ်ယောက်စလုံးမျက်နှာမှာ အပြုံးအရယ် တစိုးတစိမရှိ...သူတို့ရဲ့ပန်းတိုင်ဆီပဲ ရည်မှန်းချက်တွေပြည့်ဝနေတဲ့ မျက်နှာထားတွေနဲ့ပေါ့ ဒီသားအဖနှစ်ယောက်ကိုသူတို့တစ်မြို့လုံးမှာမသိတဲ့လူမရှိဘူး သူတို့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ကြရတယ် သူတို့ကိုလိုက်နေတဲ့ ရဲမေရာမာကလည်း သူတို့ဆိုအသေရရအရှင်ရရ... ဒါကသူတို့အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့စပ်လျဉ်းပြီး ကျန်ရှိနေတဲ့ရလဒ်အနေနဲ့ပေါ့ Vedha က အတိတ်နေ့တွေမှာ လူချစ်လူခင်ပေါပြီး လူအများကခေါင်းဆောင်တင်ချင်ကြတဲ့လူတစ်ယောက်ပါ သူအရမ်းချစ်တဲ့ မိန်းမနဲ့ သမီးလေးနဲ့အတူ အပူအပင်မရှိ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေသူ ဒါပေမဲ့ ကံကြမ္မာဆိုးကြီး သူတို့မိသားစုထဲဝင်လာပြီး နူးနူးညံ့ညံ့သမီးလေးကပါ ထောင်ကျတဲ့အထိ ဘာတွေများဖြစ်သွားမလဲ လိုက်ဖမ်းနေ‌တဲ့ရဲရာမာလက်ကနေ လက်တစ်လုံးကြားလွတ်လွတ်သွားပုံတွေ ရဲဘက်ကလည်းအစွမ်းကုန်ကြိုးစားကြပုံတွေနဲ့ သူတို့ဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…2.86GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration…2h 36m. Subtitle….Myanmar Subtile (Hard Sub) Encoder….YK Translated by Bpl ~ Yunni ~ Sai ThuRein ~ Nyein Aye
movie

Vedha(2022)

2022