Channel Myanmar

Rain Li

The Origin of The Legend Of Meng Po ( 2024 ) 5.8
The Origin of The Legend Of Meng Po ( 2024 ) လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး ပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက် သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။ သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊ အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့ မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာ နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီး အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာ ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။ တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ? အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားက ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h ...
movie

The Origin of The Legend Of Meng Po ( 2024 )

Prison Flowers ( 2023 ) 5.9
Prison Flowers ( 2023 ) ဇာတ်ကားတစ်ကားလုံးမှာ အမျိုးသမီးတွေပဲပါတဲ့ ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်ရုပ်ရှင်ကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ဒီဟောင်ကောင်ရုပ်ရှင်လေးက ကြည့်ရှုသူတိုင်းကို ခံစားချက်တစ်ခုခုတော့ ပေးခဲ့မယ်ဆိုတာ သေချာပါတယ်။1995 ခုနှစ်က ဟောင်ကောင်ရဲ့အမျိုးသမီးထောင်ထဲမှာ ဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အစ်မတင်ဟာ ဥပဒေကို နားမလည်ပဲ စာချုပ်မှားချုပ်မိတဲ့အတွက် ထောင်ကျခဲ့ပါတယ်။ ထောင်ထဲဝင်ဝင်ချင်း ထောင်ထဲကစီနီယာဖြစ်သူ ယောက်မပေါ်နဲ့ အတိုက်အခံဖြစ်ခဲ့ပါတယ်။ ထောင်ထဲကစည်းကမ်းတွေကို သဘောမကျတဲ့အတွက် လူအများက သူမကို ပယ်ထားခြင်းခံခဲ့ရပါတယ်။ခိုင်လိက သူမကို ထောင်ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကူညီပေးခဲ့ပါတယ်။ အဲ့ကတစ်ဆင့် သဘောကောင်းပြီး ထောင်ထဲက ညီအစ်မတွေကို စောင့်ရှောက်ပေးတဲ့ အမေပေါ်နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ ထောင်ထဲမှာ ဂွမ်းထုပ်မလောက်ငမှုကို ဖြေရှင်းဖို့အတွက် အစ်မတင်ဟာ စီးပွားရေးဦးနှောက်ကို အသုံးချပြီး အမေပေါ်နဲ့ပူးပေါင်းပြီးတော့ ထောင်ထဲကညီအစ်မများအတွက် အခက်အခဲတွေ ကူညီဖြေရှင်းပေးပြီး အမျိုးသမီးထောင်ကို ငြိမ်းချမ်းအောင် ကြိုးစားခဲ့ကြပါတယ်။အစ်မတင်လည်း လူအများရဲ့ချစ်ခင်လေးစားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မထင်ထားပဲ အမျိုးသမီးထောင်က လူဆိုးကြီးထန်းကျူးဟွမ်က ထောင်ထဲပြန်ဝင်လာပြီး ထောင်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။အစ်မတင်တစ်ယောက် ထောင်တည်ငြိမ်မှုရအောင် ဘယ်လိုကြိုးစားခဲ့သလဲ ...... ထန်းကျူးဟွမ်ကရော ဘယ်လိုရက်စက်ယုတ်မာသလဲ...... အစ်မတင်တို့အဖွဲ့ ထန်းကျူးဟွမ်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။ Quality : WEB-DL 1080p , ...
movie

Prison Flowers ( 2023 )

Detective Dee and the Mysterious City ( 2020 ) 6
Detective Dee and the Mysterious City ( 2020 ) ထန်မင်းဆက်ရဲ့ဧကရီဘုရင်မ အုပ်ချုပ်တဲ့အချိန်မှာကျိုင်း‌ကောင်ကပ်ဘေးကျရောက်တာကြောင့် ဒုက္ခသည်တွေကိုကယ်ဆယ်ဖို တိုင်းပြည်ဘဏ္ဍာတိုက်ကနေ ရန်ပုံငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်၊ဒါပေမဲ့လည်း ငွေတုံးတွေဟာ သယ်ယူပိုဆောင်တဲ့လမ်းခရီးမှာတင် လုယက်ခံလိုက်ရပါတယ်...ဒါပေမဲ့ ထင်သလောက်တော့ သူခိုးဓားပြလုယက်ရုံသာမာန်အမှုလောက်တော့ မဟုတ်ခဲ့ပါဘူး၊အမှုမဖြစ်ခင်မှာ "ယင်းယန်လိပ်ပြာ"လိုခေါ်တဲ့ နှစ်ရောင်ပြန်လိပ်ပြာအုပ်စုပေါ်လာပြီး ငွေသတ္တာတွေဟာ လေထဲမှာရုတ်တရက်ပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်...‌ဒါကြောင့် သံသယဝင်စရာပစ်မှတ်ဟာ "ယင်းယန်လိပ်ပြာ"တွေဖြစ်နေတဲ့အခါ... တကယ်ပဲ ထင်ထားသလိုဖြစ်နေမလား ဆိုရိုးရှိသလို မိစ္ဆာဝိညာဉ်ထက် လူ့မိစ္ဆာစိတ်/မကောင်းတဲ့ လောဘစိတ်ကပိုကြောက်စရာကောင်းတယ်ဆိုသလို နောက်ကွယ်ကြိုးကိုင်သူက ဘယ်သူများဖြစ်နေမလား?ရည်ရွယ်ချက်အစစ်မှန်ကရော ငွေတွေသိမ်းပိုက်နိုင်ဖိုပဲလား...? "စုံထောက်ကြီးဒီးရန်ကျယ်"ဆိုတိုင်း အမှုတစ်ခုကိုပဟေဠိဆန်ဆန် ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာတွေ့မြင်ရမှာမလို စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးရှင့်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

Detective Dee and the Mysterious City ( 2020 )