Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ramesh Pisharody
8
Charlie (2015)
Charlie (2015)"ချာလီ" ===================တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့ Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက် မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။ အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီး မြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်း ချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲ ပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီး အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေ ချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.5GB / 1.18GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Charlie (2015)
2015
6.9
Queen Elizabeth (2023)
Queen Elizabeth (2023) "ငါသာလျှင် ဘုရင်မ"IMDb 7.5/10လူအုပ်ကြီးနဲ့စီတန်းလှည့်လည်လာတဲ့ ဈာပနတစ်ခု ဈာပနပေမဲ့ ဝမ်းနည်းကြပုံလည်းမပေါ် နိဗ္ဗာန်ယာဉ်ကို ပန်းတွေမှုန်နေအောင်စီခြယ်ထားပြီး လှဲနေသူကိုတော့ အလှဆုံးလေး ပြင်ဆင်ထားသတဲ့။။။နောက်ကြောင်းကိုပြန်ရရင် သူ(မ)ကအဲလိဇဘက်အိန်ဂျယ်တဲ့ ဒါပေမဲ့ကလေးတွေပေးထားတာကတော့ "နတ်ဆိုးအမျိုးသမီး" ဘာလို့ဒီလိုပေးရလဲဆိုတော့ ခေတ်စကားအတိုင်းပြောရရင်အပေါက်ဆိုးလို့ပါ အိမ်ကအိမ်ဖော်တွေကို သူနဲ့အမှိုက်ပုံးတစ်ခုတည်းအတူတူလာထည့်ရင်မကြိုက် အိမ်မှာဖုန်တစ်မှုန့်ရှိနေရင်မကြိုက် သူများတွေထက် အိမ်ဖော်ကိုရူပီ၅၀၀ပိုပေးပြီး အရာရာပြည့်စုံအောင်ဖြစ်နေစေချင်တဲ့အပျိုကြီးဒီဇိုင်းပေါ့ကုမ္ပဏီစီးအီးအိုလည်းဖြစ် တစ်ယောက်တည်းတောက်ပနေတဲ့ဒီအမျိုးသမီးအနား ဘယ်သူမှမကပ်ရဲကြ သူ(မ)ကိုကြိုက်ပေမဲ့ မချဉ်းကပ်ရဲကြတဲ့လူတွေလည်း ဒုနဲ့ဒေးပေါ့ တော်လွန်းထက်မြက်လွန်းတဲ့ ဒီအမျိုးသမီးမှာ ရောဂါဆိုးကြီးပေါ်လာတဲ့အခါမှာတော့ ...ဘေးနားကလူတွေရဲ့ စိတ်ရင်းမှန်တွေ ထင်ထားသလိုမဖြစ်လာတဲ့ plot twist တွေနဲ့ ဆက်လက်ရှုစားကြပါဦး(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~ V ~BpL ~Alex ~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB/ 690MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard ...
movie
Queen Elizabeth (2023)
2023
7.8
Pendulum (2023)
Pendulum (2023) "အိပ်မက်အပိုင်းအစများကို ခြယ်လှယ်ခြင်း"IMDb 7.7CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူရင်း ကြည့်ဖို့ Malayalam စကားပြော fantasy/ thriller ဇာတ်လမ်းအဆန်းလေး တင်ဆက်ပေးလိုက်ပါတယ်...တက်သစ်စ ဒါရိုက်တာတစ်ယောက် ကိုယ်ပိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ ပွဲဦးထွက် ရုပ်ရှင်တစ်ကားအနေနဲ့ ဒီလောက် rating ရတာ မဆိုးဘူး ပြောရမှာပါအမီးရ်ဆိုတဲ့ လူတကာအပယ်ခံ ကောင်လေးတစ်ယောက်... အရပ်ထဲက လူတွေက အမီးရ်ရဲ့ အဖေကို မိစ္ဆာမှော်ပညာရှင်လို့ သမုတ်ထားကြတာ ဖြစ်ပြီး...သူချစ်မိတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေး ကတော့ သူ့ရဲ့ တစ်ဦးတည်းသော စကားပြောဖော် ကောင်မလေးပေါ့... ဒါပေမဲ့လည်း ကောင်မလေးရဲ့အဖေ သိသွားခဲ့အခါမှာ အမီးရ်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းလိုက်ပါတယ်အမီးရ်မှာ အိပ်မက်တွေကိုခြယ်လှယ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ရှိနေပြီး တစ်နေ့ အိန်ဂျယ်နဲ့ အိပ်မက်တစ်ခုထဲမှာ ဆက်သွယ်ဖို့ ချိန်းဆိုခဲ့ပေမယ့် အိန်ဂျယ် သူ့အိပ်မက်ထဲ ရောက်လာတဲ့အချိန် သူတို့နှစ်ယောက် အပြင် သူစိမ်းတစ်ယောက် ရှိနေတဲ့အခါမှာတော့ .....ဒီထူးဆန်းတဲ့ အဖြစ်ကို ဒေါက်တာ မဟေ့ရှ်ဆိုတဲ့ လူတစ်ယောက် မထင်မှတ်ပဲကြုံတွေ့လာတဲ့အခါ နောက်ဆုံး အိပ်မက်မက်ခြင်းနည်းနဲ့ ...
movie
Pendulum (2023)
2023
6.9
Voice of Sathyanathan (2023)
Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Voice of Sathyanathan (2023)
2023
5.7
Archana 31 Not Out (2022)
Archana 31 Not Out (2022)IMDb-5.7/10"ကျွန်မဘဝကို ဗေဒင်ဆရာရော မင်္ဂလာအကျိုးဆောင်ရော ဘယ်သူမှဝင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး" ဆိုတဲ့ အသက် ၂၈ ရောက်နေတဲ့ ကျောင်းဆရာမလေး အာချနာသူငယ်ချင်းတွေ အနီးနားကရွယ်တူအမျိုးသမီးလေးတွေ အိမ်ထောင်တွေကျ သားသားမီးမီးလေးတွေရနဲ့ ပျော်ရွှင်တဲ့ဘဝလေးတွေပိုင်ဆိုင်နေကြချိန်မှာ အာချနာတစ်ယောက်ကတော့ မိသားစုအတွက်အလုပ်တွေကြိုးစားလုပ်ရင်း အချစ်ရေးအိမ်ထောင်ရေးတွေမေ့ပြီး အပျိုကြီးဘဝထဲ ဝင်မှန်းမသိဝင်လာတဲ့အချိန်မင်္ဂလာအကျိုးဆောင်နဲ့ ဘဝလက်တွဲဖော်ကိုရှာတဲ့ချိန်မှာလည်း အကြောင်းပြချက်ပေါင်းများစွာနဲ့ ၃၁ ကြိမ်တိုင် အဆင်မပြေတေ့လွဲလေးတွေလွဲနေခဲ့တယ်အချစ်ဆိုတာလိုက်ဖမ်းရင်းပတ်ပြေးတတ်ပြီး ငြိမ်နေရင်တည့်တည့်လာတိုးတတ်တဲ့အရာမလားအာချနာရောနဖူးစာရွာလည်ပြီး ဖူးစာဘက်နဲ့တွေ့သွားမလား အပျိုကြီးအဖြစ်နဲ့ပဲ တစ်သက်လုံးစာသင်တဲ့ဆရာမလေးလုပ်သွားတော့မလား...ဘာဝါဒီဝါဒတွေမှ မပါဘဲ ဘဝဆန်ဆန်ဆရာမလေးအကြောင်း ဟာသဒရာမအရောလေးနဲ့ခံစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ V ~ BpL ~ Moon ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.9GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ BpL ~ Moon ~ Zwe Yan ~ ...
movie
Archana 31 Not Out (2022)
2022
6.2
CBI 5: The Brain (2022)
ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး... File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ
movie
CBI 5: The Brain (2022)
2022
8.6
No Way Out (2022)
ဒီတစ်ခါမှာတော့ IMDB မှာ ၈.၆ အထိရရှိထားတဲ့ မာလာရာလမ်း Thriller အမျိုးအစား အိန္ဒိယဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားက Thriller အမျိုးအစားဆိုတာထက် ကိုဗစ်ကာလမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စအချို့နဲ့ လူ့သဘာ၀ ကံကြမ္မာအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း.... ရုပ်ရှင်နာမည်နဲ့အရပေါ့ ကိုဗစ်ကာလ Lock Down မချခင်မှာ သာမာန်မိသားစုတစ်စုက အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ဘ၀ကိုရိုက်ကူးထားတာပါ... ကိုဗစ်ကဖြစ် ငွေအရင်းအနှီးတွေက မြှုပ် အကြွေးရှင်တွေကလိုက် လော့ဒေါင်းတွေကကျ မိန်းမကလည်း မီးဖွား ထွက်ပေါက်က လုံး၀မရှိ... ကိုယ့် ဒီပရက်ရှင်တောင် သူ့ကြည့်ပြီး ဘယ်ရောက်သွားမှန်းမသိဘူးဒါပေမယ့် လှံထမ်းလာတာကိုမြင်ရတယ် ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့စကားပုံလည်းရှိသေးတယ်မဟုတ်လား.. ဘယ်လိုလှံ ဘယ်လိုကံတွေလည်းဆိုတာတော့ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါဦး....အညွှန်းနှင့်ဘာသာပြန် Lwin Htoo Aung ပဲဖြစ်ပါတယ် File size…1.2GB / 500MB Quality…1080p HQ HDRIP AAC 5.1CH / 720p Format…mp4 Duration….1h 37mins Subtitle….Mynamr Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung
movie
No Way Out (2022)
2022