Channel Myanmar

Ravi Prakash

Thalaivaa (2013) 6.3
Thalaivaa (2013) Thalaivaa (2013) "အမွေခံသား" IMDb 6.3ရုပ်ရှင်နောက်တစ်ကားရိုက်ပြီးရင် အနားယူပြီး နိုင်ငံရေးလောကထဲကို ဝင်တော့မယ်လို့ သတင်းထွက်ထားတဲ့ အက်ရှင်မင်းသား Vijay ရဲ့ ၂၀၁၃ က ကားအဟောင်းလေးကို ပြန်တင်ပေးလိုက်ပါတယ် တမီးလ်စကားပြော action/thriller ဂန်းစကားကားတစ်ကား ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၈၈ ဘုမ်ဘေမှာ အဓိကရုဏ်းတစ်ခုဖြစ်ပွားပြီး သားအဖနှစ်ယောက်ကို လူတစ်စုရဲ့ အန္တရာယ်ကနေ ရာမာဒူရိုင်ဆိုတဲ့ လူက ဝင်ကယ်ပေးလိုက်ပါတယ်ရာမာဒူရိုင်ဆိုသူက ဘာရာဗီ တမီးလ်ပြည်သူ့ဂိုဏ်းတစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ပြိုင်ဘက်ဂိုဏ်းက တစ်နေ့ သူ့ရဲ့မိန်းမနဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်သွားရာကနေ ဂိုဏ်းခေါင်းဆောင်နေရာကို တာဝန်ဝင်ယူလိုက်ရပါတယ်မိတဆိုးသားလေး ဗစ်ရှ်ဝါ(Vijay)ကို သူကယ်ခဲ့တဲ့ သားအဖလက်ထဲ ထည့်ပေးလိုက်ပြီး အဝေးတစ်နေရာမှာ စောင့်ရှောက်ခိုင်းထားခဲ့ပါတယ်ဒီလိုနဲ့ ပစ္စုပ္ပန်ကာလမှာ ဗစ်ရှ်ဝါ လိုဂူနဲ့ သူ့သူငယ်ချင်းတို့ dance group ထောင်ပြီး သာမန်ဘဝလေးကို ဖြတ်သန်းနေပေမဲ့ ဘာရာဗီမှာ ကျန်ခဲ့တဲ့ အဖေဖြစ်သူ ဂိုဏ်းခေါင်းဆောင် ရာမာဒူရိုင် သေဆုံးပြီးနောက်မှာတော့....ရေသန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ dancer ခပ်ပေါပေါ ဗစ်ရှ်ဝါလည်း ဂေါ့ဖားသားထဲက မိုက်ကယ်ကော်လီယွန်နီလိုမျိုး မိသားစုတာဝန်ကို မဖြစ်မနေ ပခုံးထမ်းရမဲ့ အခြေအနေကို ...
movie

Thalaivaa (2013)

2013
Katamarayudu (2017) 5.5
Katamarayudu (2017) Katamarayudu (2017) "ဒုတိယမြောက် ရင်ခုန်သံ"Pawan Kalyan နဲ့ Salaar ကားထဲက မင်းသမီးချော ရုရူသီတို့ ပါဝင်ထားတဲ့ တေလဂူး Action/Drama ကားဟောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာ ကာတာမာရာယူဒူက သူ့ရဲ့ညီ ၄ ယောက်နဲ့ အတူ နေထိုင်ပါတယ် မကောင်းမှုကို လက်မခံဘဲ သူ့ကိုပြဿနာရှာတဲ့သူကို မှတ်လောက်သားလောက်အောင် ဆုံးမတတ်တဲ့ ရွာက နာမည်ကြီးလူမိုက်ဖြစ်ပါတယ်သူတို့မိသားစုရဲ့ ရှေ့နေဖြစ်သူ လင်ဂါက သူတို့ရဲ့ရန်ပွဲက ဖြစ်တဲ့ ကိစ္စအဝဝကို ဖြေရှင်းပေးရပြီး တစ်ရွာလုံးမှာလည်း ကာတာမာကို သွားထိလို့မရတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြတာပါဒါ့အပြင် အစ်ကိုကြီး ကာတာမာ သတ်မှတ်ထားတဲ့ စည်းမျဥ်းတစ်ခုကတော့ သူ့ရဲ့အိမ်မှာ ဘယ်မိန်းမရဲ့ မျက်နှာကိုမှ မမြင်စေရဘူးဆိုတာပါပဲဒါပေမဲ့လည်း ရှေ့နေအပါအဝင် ညီ ၄ ယောက်လုံးက ကွယ်ရာမှာတော့ သူတို့အစ်ကိုမသိအောင် ချစ်သူကိုယ်စီ ခိုးထားနေကြပါတယ် သူတို့တွေ မိန်းမလိုချင်တာကြောင့် ကျောက်တုံးလို မာကျောတဲ့ သူတို့အစ်ကိုရဲ့ နှလုံးသားကို မိန်းမတစ်ယောက်အတွက် အရည်ပျော်အောင် ဝိုင်းဝန်းကြံဆကြရပါတော့တယ်ကာတာမာတစ်ယောက် အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပေမဲ့ သူနဲ့ ဘယ်လိုတွေ ...
movie

Katamarayudu (2017)

2023
HER: Chapter 1 (2023) 8.8
HER: Chapter 1 (2023) Her - Chapter 1 (2023) =================== IMDb 8.8/10 တောင်ပိုင်း တက်သစ်စ မင်းသမီးချောလေး ရူဟနီရှာမာရဲ့ မှုခင်း ရုံကားသစ် Her Chapter 1 ကြည်၊ တောက်၊ ရှင်း ဗားရှင်း ထွက်ရှိလို့လာပါပြီ။အာချာနာဆိုတဲ့ ဒုရဲအုပ်မလေးဟာ ကိစ္စတစ်ကြောင့် တာဝန် ၆ လ ရပ်ဆိုင်းခံရတာနေ အလုပ်ပြန်ဝင်တဲ့အချိန်မှာပဲ စစချင်းကြုံရတဲ့အမှုက ရှုပ်ထွေးတဲ့ နှစ်လောင်းပြိုင်လူသဝာ်မှုတစ်ခုဖြစ်နေပါတယ်။အဲဒီအမှုက ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့အမှုလား၊ ခရီးသွားဟန်လွှဲဖြစ်သွားတဲ့အမှုလား၊ အာချာနာကရော အတိတ်မှာဘာတွေကြုံခဲ့ရတာလဲဆိုတာကို တောင်ပိုင်းမှုခင်းကားတွေရဲ့ထုံးစံ စိတ်ဝင်စားဖို့ကောင်းအောင်မြင်တွေ့ရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Dee နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size… 1.67GB / 879MB Quality…1080p WEB DL /720p Format…mp4 Duration…1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ ToMo~ Dee~ Zwe Yan
movie

HER: Chapter 1 (2023)

2023
Tamilarasan (2023) 5.9
Tamilarasan (2023) Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie

Tamilarasan (2023)

2023
Custody (2023) 8.1
Custody (2023) Custody(2023) IMDb 8.1/10 Forrest Gump ကို Remake ပြန်ရိုက်ထားတဲ့ Laal Singh Chaddha ထဲမှာ လေတအားပေါတဲ့ စွပ်ကျယ်ချုပ်တဲ့ဆရာကြီး ဘာလာရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ ရဲမှူခင်းဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်း လူနာတင်ကားအတွက် ဝန်ကြီးချုပ်ကားကိုတောင် တားပြီး လူနာတင်ကားကို လမ်းပေးရဲတဲ့ ရဲတပ်သားလေးရှီဗာတယောက် အချစ်ရေးနဲ့ အမှန်တရားကြားမှာ ဗျာများရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲ အမှန်တရားဘက်ရပ်တည်တဲ့အခါ တလောကလုံးနဲ့ကိုယ်တစ်ယောက်တည်း ရင်ဆိုင်တိုက်ပွဲဝင်ရယုံသာမကရာဇဝတ်မှုကျူးလွန်တဲ့သူတွေကလည်း ဟိုလူနဲ့အပိုင် ဒီလူ့တပည့်ပါဆိုပြီး အကာအကွယ်တွေယူ လက်တစ်လုံးခြားတွေလုပ် ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို အမျိုးမျိုးဖိနှိပ်ကြနဲ့ အက်ရှင်ဒရာမာ တရားခွင်စုံနေအောင် ရသစုံခံစားရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် အိန္ဒိယရဲကားကောင်းလေးတွေ ကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကလည်း သရုပ်ဆောင်ကောင်းကောင်း rating ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရသစုံခံစားရမှာဖြစ်လို့ ကြည့်ရှုအားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Sai,chiclon3,Thaik San,Bpl,Yunni,Zwe တို့ပဲ ဖြစ်ပါတယ်) File size…10.5GB / 3.45GB / 1.4GB Quality…4k HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~chiclon3~Thaik San~Bpl~ Yunni~ Zwe ...
movie

Custody (2023)

2023
4K HEVC
CSI Sanatan (2023) 9.6
CSI Sanatan (2023) C.S.I. Sanatan (2023)IMDb-9.6/10ဇာတ်လမ်းအညွှန်း ၁‌ ဒေါ်လာနဲ့ VCဆိုတဲ့ချေး‌ငွေ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံရုံနဲ့ အိမ်မက်တွေပြည့်၀မယ် လူမှုဘ၀အဆင်ပြေတယ်ဆိုပြီး ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ကာလပေါ့အဲဒီချိန်မှာမှ VC ကုမ္ပဏီရဲ့ CEO ဗစ်ကရမ်အသတ်ခံလိုက်ရပါတယ် နိုင်ငံအတွင်းနာမည်ကြီးဟစ်ဖြစ်နေတဲ့လူအသတ်ခံရတာမို့ ရဲတပ်ဖွဲ့တင်မဟုတ်ဘဲ အထူးပညာရှင်တွေပါလိုအပ်လာချိန်မှာ ဆန်နသန်၀င်ပါလာရ‌ပါတော့တယ်ဆန်နသန်ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကတော့ ရဲဖြစ်ချင်တဲ့ဘ၀အိမ်မက်အတွက် စာမေးပွဲကျတဲ့အချိန်မှာ ရည်းစားကပစ် အစ်ကိုကသေနဲ့စိတ်ဓာတ်ကျနေရာက ပြစ်မှုဗေဒဝင်သင်ရင်း ပြစ်မှုစုံစမ်းစစ်ဆေးရေးတွေမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်လာသူပါ နိုင်ငံအတွင်းလတ်တလောနာမည်ကြီးထိပ်ပြေးနေတဲ့သူ အသတ်ခံရတဲ့နောက်ကွယ်ကဘာများလဲ ဆန်နသန်ရဲ့ ကျွမ်းကျင်မှုပညာတွေနဲ့ ဘယ်လိုထုတ်ဖော်သွားမလဲဆိုတာတွေက မှုခင်းကားတွေကြိုက်တတ်တဲ့ ပရိသတ်ကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး File size…1.96GB / 894MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Khin~BpL
movie

CSI Sanatan (2023)

2023
Amigos (2023) 6.9
Amigos (2023) Amigos (2023)IMDb - 7/10အခုတင်ဆက်​ပေးမှာ​ကတော့ အက်ရှင်ဇာတ်ကား​တွေနဲ့လူသိများတဲ့ မင်းသားNandamuri Kalyan Ramက သုံးကိုယ်ခွဲအဖြစ်သရုပ်​ဆောင်ထားပြီး လှည့်ကွက်အများကြီးနဲ့ရိုလာကိုစတာစီးသလိုခံစားချက်​တွေနဲ့ ကြည့်ရှု့ရမယ့် Amigosဆိုတဲ့အက်ရှင်ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ်ကမ္ဘာကြီးမှာကိုယ်နဲ့​​သွေးသားမ​တော်စပ်ဘဲ ရုပ်တူတဲ့သူ​​တွေကအနည်းဆုံးသုံး​ယောက်က​နေ အများဆုံး​ခုနှစ်​ယောက်အထိရှိနိုင်ပြီး အဲ့လူ​တွေနဲ့​တွေ့နိုင်ဖို့ကိုယ့်မှာလည်း အခွင့်​ရေး​တွေရှိလာနိုင်ပါတယ်ဒီကားထဲမှာ​တော့ဆဒ်ဒူးဆိုတဲ့လူငယ်​လေးကရိုးသားထက်မြက်ပြီး မိဘစီးပွား​ရေး​တွေကိုခန့်ခွဲ​နေသူတစ်​​ယောက်ပါ တစ်​​နေ့မှာ​တော့ အခွင့်အ​​ရေးတချို့​ကြောင့် ဝဘ်ဆိုဒ်တစ်ခုက​နေ သူနဲ့ရုပ်တူတဲ့မန်ဂျူးနဲ့ မိုက်ကယ်ဆိုသူ လူနှစ်​ယောက်ကို​တွေ့ဆုံပြီး သူငယ််ချင်း​တွေဖြစ်သွားကြ​ပြီး အတူတူခရီး​တွေထွက်ကာ​ပျော်ရွှင်ခဲ့ကြပါတယ် ဒါ​ပေမဲ့သူတို့သုံး​ယောက်ထဲကမိုက်ကယ်ဆိုသူဟာ ဆဒ်ဒူးနဲ့မန်ဂျူးတို့လိုသာမန်လူ​မဟုတ်ဘဲ နိုင်ငံ့အလိုရှိရာဇဝတ်​သားတစ်​ယောက်ဖြစ်​နေပြီး ရုပ်တူတာကိုအသုံးချကာထွက်ပြေးဖို့ကြံစည်လာတဲ့အခါ မိုက်ကယ့်ရဲ့လှည့်ကွက်ထဲကိုသူတို့ဘယ်လို​တွေဝင်သွားမိပြီး ပြန်​ဖြေရှင်းဖို့ကြိုးစားကြမလဲ ​သွေးသားမ​တော်ပဲရုပ်တစ်​ထေရာတည်းတူညီ​နေတဲ့ အကျိုးဆက်​ကြောင့်ဘယ်လိုအ​မွှေဇယား​တွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…2.6GB /1.13GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by BpL~Yunni~ Khin Khin
movie

Amigos (2023)

2023
Raajahyogam(2022) 6.4
Raajahyogam(2022) Raajahyogam 2022/IMDb 7.2လွန်စွာတန်ဖိုးကြီးလှသော ဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားသည့် အင်မတန်ကြည့်ကောင်းလှသော ရုပ်ရည်နှင့် လူရွယ်တစ်ယောက်သည် သိန်း‌ပေါင်းသောင်းချီတန်သော နောက်ဆုံးပေါ်ပြိုင်ကားလေးပေါ်ကနေ တစ်လှမ်းချင်းဆင်းသက်လာသည် ထို့အတူ အချိုးအဆစ်ကျ‌နသော ကိုယ်ခန္ဓာနှင့်လိုက်ဖက်ညီစွာ ကျော့ရှင်းလှပသည့် ဝတ်စုံကိုဝတ်ဆင်ထားသည့် အလွန်တရာချောမောလှပသော မိန်းမပျိုတစ်ယောက်လည်းရှိလေသည်။ ထိုနှစ်ယောက်သည် တွေ့တွေ့ချင်းမှာပင် အကြည့်ချင်းဆုံရင်ခုန်သွားမိ၍ တစ်ယောက်ယောက်နှင့် တစ်ယောက်ပြုံးပြလိုက်လေသည်ယခုလောက်ဆို ဒီဇာတ်ကားထဲမှာ မင်းသားနှင့် မင်းသမီး၏စတိုင်ကို ရိပ်မိလောက်ကြပြီထင်ပါတယ် သို့သော် လွန်ထားထားစာအုပ်ထဲကလို မင်းသားနဲ့မင်းသမီးဖြစ်နေပေမဲ့ ဇာတ်လမ်းကတော့လွန်ထားထားလိုမရှင်းပဲနဲနဲရှုပ်ပါတယ် စိန်တုံးနှစ်တုံးကို သူခိုးကြီးတစ်ကောင်က လူသတ်ဓားပြတိုက်ယူလိုက်တယ် အဲ့သူခိုးကြီးလက်ထဲကနေ သူခိုးလက်သူဝှက်လုပြီး သူ့တပည့်ငတိနှစ်ကောင်က ဆရာကိုပြန်သတ်ပြီး ယူချလာ အဆိုပါ စိန်နှစ်တုံးကို ထုခွဲရောင်းချပြီး ရသည့်ပိုက်ဆံများနှင့် ဒူဘိုင်းလစ်ရန်ကြံနေချိန်တွင် သူ့ဆိုင်ကိုလာပြင်တဲ့ကားတွေစီးပြီး သူဌေးဂိုက်တအားဖမ်းသည့် မင်းသားက ဘုမသိဘမသိ ပါဝင်ပတ်သတ်မိပါလေရော ပတ်သတ်မိသည့်အကြောင်းရင်းက လှပပိုက်ဆံရှိသော မင်းသမီးကို အရချိုင်လိုတာ‌ကြောင့်ပါ သို့သော် သူသွားလုံးသည့် ဘောစိမလေးက ထင်‌သလောက်မရိုးရှင်းပဲ ဇာတ်ရှုပ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေသောအခါ.....IMDb 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေးက ဟာသတွေ အိုဗာအက်တင်တွေဇွတ်ထည့်ထားတယ်ထင်ရပေမဲ့လဲ ဇာတ်ကားတစ်ကားရဲ့ အဓိကကျောရိုးဖြစ်တဲ့ ခိုင်မာတဲ့ဇာတ်အိမ်ရှိနေတာကြောင့် သူ့ဟာသတွေက ဇာတ်ကိုပေါ့ပေါ့ပါးပါးသယ်သွားပေးသလိုပါပဲ မင်းသားမင်းသမီးတွေကလဲ မျက်စိအေးစရာလေးတွေဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ အဲ့တော့ ကုလားကားဆို အတည်ပေါက်ကြမ်းပြနေတာပဲကြည့်ရတာများတော့ အခုလိုအချစ်ဟာသအက်ရှင်ဇာတ်လမ်းပုံစံလေးကို ကျွန်တော်ကတော့ သဘောကျမိလို့ ပရိသတ်ကြီးအတွက်လဲ ...
movie

Raajahyogam(2022)

2022
Cadaver (2022) 7.9
Cadaver (2022) Cadaver (2022)ဘယ်သူက တရားခံလဲ... ဘယ်သူက နစ်နာသူလဲ... တရားမှုကို ဘယ်လိုရှာဖွေကြမလဲ...ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်း သူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ... တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ...သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့ ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ... ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေ သူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊ ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ... စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာ အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်... File size…7.69GB / 2.08GB / 1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khai & OeliuJ & Kevin & Yunni
movie

Cadaver (2022)

2022
4K HEVC Web-DL
Atithi Devobhava (2022) 7.4
Atithi Devobhava (2022) ဒီတစ်ခေါက်မှာတော့ IMDB မှာ ၇.၄ အထိရရှိထားတဲ့ မင်းသား အက်ဘီရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း... လူတိုင်းမှာ ကြောက်ရွံစိတ် (Phobia ဆိုတာရှိတတ်ကြပါတယ် တစ်ချို့က လေယာဉ်စီးရမှာကိုကြောက်တယ် တစ်ချို့က ပိုးဟပ် အိမ်မြောင်က အစကြောက်ကြပါတယ် ဒီဇာတ်လမ်းမှာတော့ မင်းသား အာဗေးဟာ အထီးကျန်ခြင်းကိုကြေက်တဲ့ Mono-phobia ဆိုတဲ့ ဝေဒနာကို ခံစားနေရတဲ့သူပါ။ အချိန်တိုင်း သူ့အနီးအနားမှာ တစ်ယောက်ယောက်ရှိနေမှအဆင်ပြေတဲ့ဘ၀မို့ အချိန်တန်အရွယ်ရောက်လို့ ချစ်သူကိုရှာဖွေတွေ့ရှိချိန်မှာ ဘယ်လိုများကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ဟာသလေးတွေနဲ့ လိုက်ပါစီးမျောခံစားပေးကြပါဦးခင်ဗျာ...အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပါတယ်   File size…1.9GB / 920MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Oeliuj & Honeyey & Lwin Htoo Aung
movie

Atithi Devobhava (2022)

2022
Geetha Govindam (2018) 8.0
Geetha Govindam (2018) အိန္ဒိယကားကောင်းကောင်းလေးတွေ တောင်းတနေတဲ့ ပရိသတ်တွေအတွက်အလန်းစား တောင်ပိုင်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်Hello (2017), Hello Guru Prema Kosame (2018) တို့လို Drama, Romance ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူးမင်းသားကလည်း လောလောလတ်လတ် CM ကတင်ပေးထားတဲ့ Taxiwaala ထဲကမင်းသားချော Vijay Deverakona ပဲဖြစ်ပါတယ်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလိုမဟုတ်ဘဲ အိုဗာအက်တင်တွေ လုံးဝကင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါဇာတ်လမ်းလေးကတော့ ငယ်ငယ်ကတည်းက မိခင်ဆုံးပါးသွားလို့ အဖေတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုဖြင့်ကြီးပင်းခဲ့တဲ့ ဗီဂျေး အသက်ရွယ် ၂၅ နှစ်အရွယ်လူပျိုတစ်ယောက်မိန်းကလေးတွေနဲ့ပတ်သတ်ရင် ဘာအတွေ့အကြုံမှမရှိဘဲ ရည်းစားရဖို့နေနေသာသာမိန်းကလေးတစ်ယောက်ကိုတောင် မပိုးမပမ်းတတ်သူတခြားသူတွေနဲ့မတူဘဲ အိမ်ထောင်ရေးနဲ့ပတ်သတ်လို့အချစ်ရေးနဲ့ပတ်သတ်လို့ဇနီးမယားဆိုတဲ့အရာနဲ့ပတ်သတ်လို့ စိတ်ကူးယာဉ်ဆန်လွန်းသူငါသာ ရည်းစားထားရင် ဘယ်မိန်းကလေးမျိုးနဲ့မှအိမ်ထောင်ပြုရင် ဘယ်လိုမိန်းကလေးကိုပဲ အိမ်ထောင်ပြုမှာ စဖြင့်ရှေးဆန်တဲ့အတွေးအခေါ်တွေ တပြုံတပိုက်နဲ့ဘယ်လောက်ထိ မိန်းကလေးတွေနဲ့ပတ်သတ်ပြီး အတွေ့ကြုံနည်းလဲဆိုရင်စိတ်ဝင်စားလို့ ၆ လလောက်ပတ်လိုက်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်ဖြစ်နေမှန်း မသိရှာဘူးအဲ့လောက်ထိအဲ့ဒိလို ဗီဂျေးတစ်ယောက် တနေ့မှာ အင်မတန်ချစ်ရမယ့် ဂီသားဆုတဲ့မိန်းကလေးနဲ့ဆုံစည်းခဲ့ပါတယ်သူ့ရဲ့အလွဲလွဲအချော်ချော်တွေနဲ့ အယူအဆတွေနဲ့ ဂီသားနဲ့ ...
movie

Geetha Govindam (2018)

2018
Taxiwaala (2018) 7.5
Taxiwaala (2018) IMDb Rating :: :: 7.5/10 Google Users :: :: 95%ဒီကားလေးက တမီးလ်နာဒူးပြည်နယ်ကမင်းသားချော ဗီဂျေးရဲ့ 2018 မှာ ထွက်ခဲ့တဲ့ ကားကောင်းတွေထဲက တစ်ကားပါ။ပထမ ရုံမတင်ခင် အွန်လိုင်းပေါ် ပျံ့သွားခဲ့ဖူးဖူးပေမဲ့ခုချိန်မှ စာအမှန်တက်လာခဲ့တာပါ။ဇာတ်ကားနာမည်က Taxiwala ။ ဟုတ်တယ်။နာမည်အတိုင်းပဲ တက္ကစီမောင်းသမားတစ်ယောက်ကြုံတွေ့ ရတဲ့ အဖြစ်အပျက်တစ်ခုအကြောင်းကို ရိုက်ပြထားတာ။ဘာတွေထူးခြားလဲ။ ဟုတ်ကဲ့. . .ခေါင်းဆောင်မင်းသားကArjun Reddy တို့ Getha Govinda တို့မှာ သရုပ်ဆောင်တဲ့ နောက်တက်မင်းသား Vijay Deverakonda(ဗီဂျေး ဒီဗာရာကွန်ဒါ) ပါ။အရှေ့မှာထွက်ခဲ့ဖူးတဲ့ အဲ့ဒီနှစ်ကားကိုခံစားဖူးသူတွေက မင်းသားဗီဂျေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်မယ်မထင်ပါဘူး။ပုံမှန် အလုပ်လက်မဲ့ ကောင်လေးတစ်ယောက် ဘဝကနေ ဦးလေးဖြစ်သူ အကူအညီနဲ့ ရရာအလုပ်ကိုဝင်လုပ်ရင်းဘယ်လိုမှ အဆင်မပြေတဲ့အချိန်ကြော်ငြာဘုတ်တစ်ခုပေါ်ကတွေ့ တဲ့လစာကောင်း တက္ကစီဒရိုင်ဘာဘဝကိုရောက်ခဲ့ရသူပေါ့။တက္ကစီမောင်းရင်းနဲ့ အာနူးဆိုတဲ့မိန်းမချောလေးနဲ့လည်း မေတ္တာသက်ဝင်မိကြသေး။ဒီအကြောင်းတွေကို ဇာတ်ကားရဲ့ပထမပိုင်း နာရီဝက်စာလောက်မှာ ကြည့်ရမှာပါ။ဒီနေရာလောက်အထိ အချစ်ကားလို့ ...
movie

Taxiwaala (2018)

2018
Goodachari (2018) 9.2
Goodachari (2018) တောင်ပိုင်းကားတွေဟာအိန္ဒိယကား ပရိတ်သတ်တွေကြားမှာမျက်နှာအတော်ငယ်ရတဲ့ ကားတွေပါ။အက်ရှင်အသားပေးတွေ များတယ်၊ဝန်ကြီးတွေ ရဲတွေ နဲ့တင် တိုင်ပတ်နေတယ်၊အက်ရှင်ကို အလွန်ကြီးတွေ လုပ်တယ်၊ဇာတ်လမ်းတွေ ထပ်တယ်စတဲ့ စတဲ့ အကြောင်းပြချက်တွေကြောင့်တောကြိုက်ရယ်လို့တောင် တစ်ချို့က ပြောကြမှာပါ။ဒီဇာတ်ကားလေးကတော့မင်းသား Adivi Sesh ရဲ့တစ်ခြားတောင်ပိုင်းကားတွေနဲ့ မတူပဲ ထူးထူးခြားခြား ရိုက်ထားတဲ့ စပိုင် ကားလေးပါ။သူ့ ရဲ့ သရုပ်ဆောင်ပုံနဲ့သူရိုက်တဲ့ ဇာတ်လမ်းတွေဟာ ထူးခြားသလို သူကိုယ်တိုင်က ဒါရိုက်တာ,မင်းသား,စာရေးဆရာ ဖြစ်ပါတယ်။သူ့ ကားတွေကို သိပ်မတွေ့ရပေမယ့်ဒီနှစ်ပိုင်း ထွက်တဲ့ Tiger Sheroff ရဲ့.Baaghi 2 ဟာဒီမင်းသားရဲ့ Kshanam 2016 ဇာတ်ကားကိုပြန်ရိုက်ထားတဲ့ Remake ကားဖြစ်နေပါတယ်။ဇာတ်လမ်းအကျဉ်းကို မပြောခင်ထူးခြားချက်ကလေးတွေကိုထုတ်နှုတ်ပြရမယ်ဆိုရင်ဒီကားရဲ့ ဝတ္ထုအကြမ်းကို မင်းသားဖြစ်သူ Adivi Sesh ကိုယ်တိုင် အမေရိကားမှာ အထက်တန်းတက်နေတဲ့ 2004 ခုနှစ်တုန်းကတည်းကရေးထားခဲ့တာပါတဲ့။တကယ့်တကယ် ပိတ်ကားပေါ်မှာဒီဇာတ်လမ်းကို ပြသဖို့ ရိုက်ကူးမယ်ဆိုတော့ ဇာတ်ညွှန်းစီစဉ်တည်းဖြတ်ရတာတင် အချိန် ကိုးလ ယူခဲ့ရပါတယ်။နောက်ပြီးနိုင်ငံသုံးနိုင်ငံရဲ့ Location ...
movie

Goodachari (2018)

2018