Channel Myanmar

Rex Everhart

Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
Friday the 13th (1980) 6.4
Friday the 13th (1980) Friday the 13th (1980)~ IMDb - 6.4/10, Rotten Tomatoes - 64% ~ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ...
movie

Friday the 13th (1980)

1980
Superman I (1978) 7.4
Superman I (1978) Superman I (1978) Extended Cut===============================~ IMDb - 7.4/10, RT - 93%, Meta - 82% ~ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ...
movie

Superman I (1978)

1978
Beauty and the Beast (1991) 8.0
Beauty and the Beast (1991) ဒီ Animation ကားလေးကတော့ 1991 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Rating အမြင့်ဆုံးရရှိခဲ့တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်... ဒီကားလေးကိုလူတိုင်းနဲ့စိမ်းကြမယ်မထင်ပါဘူး... Disney ရဲ့ အအောင်မြင်ဆုံးခြေလှမ်းတစ်ခုဖြစ်စေခဲ့တဲ့ Animation ဖြစ်ခဲ့သလို အခုခေတ်ထိတိုင်အောင် ပရိတ်သတ်တွေရင်ထဲမှာ စွဲမြင်နေခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်... ဇာတ်လမ်းလေးရဲ့အကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် အရမ်းကိုမောက်မာတဲ့မင်သားလေးတစ်ပါးဟာ လူတိုင်းကိုမောက်မောက်မာမာနဲ့ဆက်ဆံခဲ့တာကြောင့် တစ်နေ့မှာ အဘွားအိုကြီးတစ်ယောက်ရောက်လာခဲ့ပြီးတော့ အရမ်းအေးလွန်းတာကြောင့် မင်းသားလေးရဲ့ရဲတိုက်မှာ ခဏလောက်တည်းခိုခွင့်တောင်းခဲ့ပါတယ်... ဒါပေမယ့် မင်းသားလေးဟာ ညစ်ပတ်စုတ်ပြတ်လှတဲ့ အဘွားအိုကြီးရဲ့ပုံစံကိုကြည့်ပြီးတော့  မောက်မောက်မာမာနဲ့နှင်ထုတ်ခဲ့ပါတယ်... အဲ့ဒီအချိန်မှာ အဘွားအိုကြီးကနေ နတ်သမီးတစ်ပါးအဖြစ်ပြောင်းလဲသွားပြီးတော့ မင်းသားလေးရဲ့ရင်ထဲမှာချစ်ခြင်းတရားမရှိတာကိုသိသွားတဲ့ နတ်သမီးက မင်းသားလေးကို အလွန်ရုပ်ဆိုးတဲ့တောရိုင်းသတ္တ၀ါကြီးအဖြစ်ပြောင်းခဲ့ပါတယ်... သူတင်မကပဲ ရဲတိုက်ကြီးထဲမှာနေတဲ့ လူတွေအားလုံးကိုအသွင်ပြောင်းပြီးအပြစ်ပေးခဲ့ပါတယ်.. နတ်သမီးက သူ့ကို ပေးခဲ့တဲ့နှင်းဆီပန်းက တကယ်တော့ မှော်ဝင်နှင်းဆီပန်းပါ... အဲ့ဒီပန်းဟာ သူ့ရဲ့အသက် ၂၁ နှစ်ပြည့်မှာ ပွင့်မှာဖြစ်ပြီးတော့ တကယ်လို့ အဲဒီ ၂၁ နှစ်မွေးနေ့မတိုင်ခင် သူရင်ထဲအချစ်ရှိလာပြီးတော့ မိန်းကလေးတစ်ယောက်အဲချစ်နိုင်ခဲ့ရင် အဲ့ဒီသူချစ်ရတဲ့မိန်းကလေးကလည်း အဲဒီပန်းရဲ့နောက်ဆုံးပွင့်ဖတ်မကြွေခင် အချိန်မှာ သူ့ကိုပြန်ပြီးတော့ချစ်နိုင်ခဲ့ရင် သူ့အပေါ်ကိုပြုလုပ်ထားတဲ့  နတ်သမီးရဲ့ကျိန်စာက ပျက်ပြယ်သွားမှာပဲဖြစ်ပါတယ်... ဒီလိုမဟုတ်ပဲ မင်းသားလေးဟာ ဒီတိုင်းဆက်ပြီးနေဦးမယ်ဆိုရင်တော့ သူဟာထာဝရဒီရုပ်ဆိုးသတ္တ၀ါကြီးအနေနဲ့ပဲ ဆက်လက်ရှင်သန်သွားရမှာပါ... ကဲ ချစ်ခြင်းတရားက အရာရာကိုပြောင်းလဲသွားစေနိုင်လား... အချစ်ဆိုတာ ရိုင်းစိုင်းတဲသူကို သိမ်မွေ့အောင်လုပ်ပေးနိုင်မလားဆိုတာ.... ချစ်စရာ Animation ကာတွန်းပုံရိပ်လေးများနဲ့  အိပ်ရာဝင်ပုံပြင်လေးအဖြစ် အိပ်ခါနီး ကြည့်လိုက်ရအောင်လားဗျာ...Quality…..BluRay 1080p Duration…..01:24:00 Format…Mp4 File Size…(657 MB , 329 MB ) Encoder…..Moe ...
movie


1991