Channel Myanmar

Richard Cunningham

Living (2022) 7.5
Living (2022) Living (2022)~ IMDb - 7.5/10, Rotten Tomatoes - 96% ~ဒီနှစ်ထွက်လာမယ့်ကားတွေထဲ အမျှော်ခဲ့ဆုံးကားက Living ဖြစ်သလို တကယ်ထွက်လာတော့လည်း မျှော်မှန်းထားတာထက်တောင် ပိုကောင်းတယ်လို့ ပြောရမှာပါပဲ။ ဒါဆို ဒီကားကို ဘာလို့မျှော်ရလဲဆိုတဲ့အကြောင်းရင်းက စပြောရမှာပဲ။ ပထမဆုံးအချက်ကတော့ Kazuo Ishiguro ပါ။ သူ့ကို ဒီကလူတော်တော်များများ ရင်းနီးပြီးသားပဲဖြစ်ပါလိမ့်မယ်။ သူက ကျွန်တော်တော်တော်ကြိုက်တဲ့စာအုပ်တွေထဲပါတဲ့ An Artist of the Floating World ခေါ်  မြင့်သန်းဘာသာပြန်တဲ့ " လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး " စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာလည်းဟုတ်တယ်။ ၂၀၁၇မှာ နိုဘယ်ဆုရထားတဲ့ စာရေးဆရာလည်းဖြစ်သလို သူ့သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဖြစ်တဲ့ Never Let Me Go ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတာမှာလည်း တော်တော်လေးအောင်မြင်ခဲ့တယ်။ ဒီကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးထားတာပါ။ ...
movie

Living (2022)

2022