Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Riko Narumi
5.5
Yakuza Apocalypse (2015)
ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie
Yakuza Apocalypse (2015)
6.2
A Cappella (2016)
A cappella 2016၁၉၆၉ခုနှစ် ဂျပန်နိုင်ငံအခြေအနေတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအဝှမ်း တော်လှန်ရေးဆင်နွှဲနေပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြမှုဆက်တိုက်ဖြစ်ပွားနေတဲ့အချိန်ဖြစ်ပါတယ်။ကျိုကို ဆိုတဲ့အထက်တန်းကျောင်းသူလေးက ကျောင်းယူနီဖောင်းပုံစံပြောင်းလဲရေးအတွက် ဆန့်ကျင်ရေးကော်မတီဖွဲ့ပြီး လှုပ်ရှားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာပါဝင်ရင်း A cappellaဆိုတဲ့ ကဖီးဆိုင်လေးမှာ ဝါတရုဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့တွေ့ဆုံခဲ့ပါတယ်။ ဝါတရုရဲ့သူငယ်ချင်း ယုနိုဆုကဲနဲ့ သူ့ရည်းစား အန်မာတို့လည်းရှိနေပြီး ဝါသနာတူရာတွေပြောကြရင်း ခင်မင်သွားခဲ့ကြပါတယ်။အဲဒီနောက်တော့ ကျိုကိုနဲ့ ဝါတရုလည်း ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ဖြစ်ရပ်စုံတဲ့ကာလအတွင်းမှာ ချစ်ခဲ့ကြတဲ့သူတို့က အစပိုင်းမှာ သာမန်အတွဲတွေလိုပဲ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့နှစ်ယောက်ကြားကဆက်ဆံရေးက တီးလုံးသံစဉ်မပါတဲ့ သီဆိုမှုတွေလိုဖြစ်နေခဲ့တဲ့အခါမှာတော့ သူချစ်တဲ့သူရဲ့အရှိတရားကိုလက်ခံမပေးနိုင်ဘဲ ဆွဲခေါ်ထားဖို့ကြိုးစားခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်းကို ကြည့်ရှုရမဲ့ရုပ်ရှင်ပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(2GB) / (800MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Lattv
movie
A Cappella (2016)