Channel Myanmar

Rithu

Oh My Darling (2023) 5.5
Oh My Darling (2023) IMDb - 6.9 /10 Oh my darling (2023)ဒီတစ်ခေါက်မှာကတော့မင်းသမီးချောလေး Anikha Surendran ပါဝင်သရုပ်ဆောင်ထားပြီး Malayalamအမျိုးအစားဖြစ်တဲ့အပြင် ရိုမန့်လည်းဆန် ရယ်လည်းရယ်ရတဲ့ Oh my darlingဆိုတဲ့ ၂၀၂၃ထွက်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းနာမည်နဲ့တင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာကို ခန့်မှန်းမိကြမှာပါ ဒီဇာတ်လမ်းလေးကတော့ လူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းလေးတွေကိုသဘာဝကျကျထည့်သွင်းပေးထားပါတယ်ဂျိုရယ်နဲ့ဂျန်နီက သိပ်ချစ်ကြတဲ့လူငယ်စုံတွဲလေးဖြစ်ပြီး သူတို့နှစ်ဦးကြားမှာလည်း ရိုဆန်ဆန်ဖြစ်ရပ်တွေ အချစ်တွေနဲ့ပြည့်နှက်နေတာပါ ဂျိုရယ်ကသူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်ဖြစ်ကာ ဂျန်နီကတော့ ကိုရီးယားကားတွေကိုရူးသွပ်တဲ့ခေတ်မိန်းမပျိုလေးတစ်ယောက်ဖြစ်ပါတယ် ရိုးရှင်းနေတဲ့ သူတို့ရဲ့ဘဝထဲကို ရှုပ်ထွေးတဲ့ဇာတ်လမ်းလေးတစ်ပုဒ်က ဂျန်နီရဲ့မွေးနေ့ကိုအစပြုပြီး ထွက်လာပါတော့တယ် ဂျန်နီရဲ့မွေးနေ့ကနေထွက်လာတဲ့ဇာတ်လမ်းလေးက သူတို့နှစ်ဦးကိုဘယ်လိုပြောင်းလဲသွားစေမလဲ သူတို့ကရောဒီဖြစ်ရပ်ကိုဘယ်လိုမျိုးတွေ ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ဟာသဇာတ်နှောပြီးရင်ခုန်စွာကြည့်ရှူ့လိုက်ရအောင် File size…1.87GB/ 801MB Quality…1080p WEB DL /720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ZweYan~Yunni~KhinKhin
movie

Oh My Darling (2023)

2023
Sulaikha Manzil (2023) 7.2
Sulaikha Manzil (2023) Sulaikha Manzil 2023 (IMDb 8.4/10)ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့ လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ ဝမ်းသာမှာလား ပျော်ရွှင်မှာလား ရင်ခုန်စိတ်လှုပ်ရှားမှာလား ကြည်နူးနေမှာလား ဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့ယခုဇာတ်ကားလေးထဲမှာလည်း အချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကို ကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့မိသားစုတွေရဲ့ကူညီမှုကရော အကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလား သူငယ်ချင်းတွေကရော ကူညီကြမှာလား ကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလား နောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလား စသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများ သို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့ FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်) File size…2.3GB /1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sai~Aditi~Chiclon3~Yunni~Nyein~BpL
movie

Sulaikha Manzil (2023)

2023