Channel Myanmar

Robbie Daymond

Barbie: Star Light Adventure (2016) 6.0
Barbie: Star Light Adventure (2016) Barbie: Star Light Adventure (2016) မြန်မာစာတန်းထိုးIMDb rating - 5.6/10ဘာဘီကားလေးတွေကိုမှ ကြိုက်တယ်၊ ဘာဘီရုပ်လေးတွေကိုမှ ချစ်တတ်တဲ့ မိန်းကလေးတွေအတွက် ဘာဘီရုပ်ရှင်စီးရီးရဲ့ စတုတ္ထမြောက်စီးဆင်းထဲက ဒုတိယမြောက်ရုပ်ရှင်ဖြစ်တဲ့ 2016ခုနစ်ထွက် ဘာဘီကားလေးကို ဘာဘီချစ်သူအားလုံးတို့အတွက် မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဘာသာပြန်ပေးတဲ့သူကိုယ်တိုင်​ငယ်​ငယ်​​လေးကတည်းက ဘာဘီ ကမ္ဘာထဲမှာ Barbieကား​တွေကြည့်​ရင်းကြီးခဲ့သူဆို​​တော့​ကား၊ ​နောက်​ခုထိလည်း က​လေးဆန်​ဆန်​ဘာဘီကား​တွေကြည့်​​နေဆဲမို့လို့​ ကိုယ့်​လိုဘာဘီချစ်​ပရိသတ်​​တွေကြည့်ဖို့ ဘာသာပြန်​​ပေးလိုက်​တာပါ​နော်​ဇာတ်လမ်းလေးကတော့ တစ်​ခါတုန်းက ဂလက်ဆီမှာ ကြယ်​​တွေဟန်​ချက်​ပျက်​ပြီး​ပျောက်​ကွယ်​​တော့မယ်ဆိုတဲ့ တဘောင်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ ပြဿနာကို​ဖြေရှင်းဖို့ ဘုရင်​ကြီးက အထူးအဖွဲ့တစ်​ခုဖွဲ့စည်းခဲ့ပါတယ်​။ အဲ့ဒီအဖွဲ့အတွက်​ ဂလက်​ဆီရဲ့တစ်​​နေရာမှာ​နေထိုင်​တဲ့ဟိုဗာဘုတ်​စီးကျွမ်းတဲ့ ဘာဘီကို ဘုရင်ကြီးက ဖိတ်ခေါ်ခဲ့ပါတယ်။ ဘာဘီတစ်ယောက် ဘုရင့်​နန်း​တော်​ကို​ရောက်​ရှိသွားတဲ့အခါမှာ ဘယ်​လိုပြဿနာ​တွေဖြစ်​ကြမလဲ။ ဘာဘီရဲ့ချစ်​စရာ ကမောက်​ကမနိုင်​ပုံ​လေးတွေ...အဖွဲ့တစ်​ခု ဖြစ်​ဖို့ဘာဘီလုပ်​ခဲ့တာ​လေး​တွေနဲ့ စကြာဝဋ္ဌာကြီး အလင်းပြန်​ရဖို့ သူတို့အဖွဲ့ ဘယ်​လို​တွေကယ်​တင်ကြမလဲ? ဘာ​တွေဖြစ်​ကြမလဲဆိုတာကို​တော့ ​အောက်​ကlinkမှာ ကိုယ့်​ဘာသာကိုယ်​ down ကြည့်​လိုက်ပါ​နော်ဒါနဲ့ ဘာဘီက အရမ်းချစ်​စရာ​ကောင်းသလို ဇာတ်​ဝင်​​တေးသီချင်းဖြစ်တဲ့ "shooting star" သီချင်းကလည်းအရမ်းနား​ထောင်​​ကောင်းတာမို့ ...
movie

Barbie: Star Light Adventure (2016)

2016