Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Robert Wisden
7.5
Legends of the Fall(1994)
Legends of the Fall(1994) IMDb....7.5 ကျွန်တော်ငယ်ငယ်တုန်းက ၀တ္ထုတို တစ်ပုဒ်ဖတ်ဖူးတယ်... ခေါင်းစဉ် စာရေးသူကိုမမှတ်မိပေမယ့် သင့်အနားမှာ ကြိုးတစ်ချောင်းကို မထားပါနဲ့ဆိုတဲ့အကြောင်းအရာကို ရေးဖွဲ့ထားတာတော့ မှတ်မိတယ်... နှောင်ဖွဲ့မှုတွေများလာတဲ့အခါ လောကကြီးမှာ မလူးသာမလွန့်သာတဲ့အဖြစ် အကြောင်းလေးကိုရေးဖွဲ့ထားတာပါ..သို့ပေမယ့်လည်း အရွယ်ရောက်လာတော့ လောကကြီးနဲ့ မိမိဆက်သွယ်ထားဖို့ ကြိုးလေးတွေလိုအပ်ကြောင်းသိလာတယ်... ဒီကြိုးတွေဟာ တစ်ခါတစ်ရံအင်အားသိပ်ကောင်းတယ် ...ငါသူ့အတွက်အသက်ရှင်မှဖြစ်မယ်ဆိုတဲ့ အကြီးမားဆုံး စွမ်းအင်ရင်းမြစ်တစ်ခုလည်းဖြစ်နိုင်တာကိုးးး... Legends of the Fall ဆိုတဲ့ကားမှာတော့ ဖခင်နှင့် သားသမီးတွေကြားက ဆက်သွယ်ထားတဲ့ မေတ္တာနှောင်ဖွဲ့ကြိုးအကြောင်းကိုရိုက်ပြထားပါတယ်. ဖခင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Anthony Hopkins ကိုတော့ Silence of the Lambs မှာအော်စကာရခဲ့ သဘာဝမင်းသားကြီးကိုတော့ အားလုံးသိကြမှာပါ Brad Pitt ကတော့ ဒီကားဟာသူရဲ့ပထမဆုံးမင်းသား သရုပ်ဆောင်ဖြစ်ခဲ့တယ်လို့ဆိုကြတယ်. ..Anthony Hopkins ကိုတော့ ထူးပြီးချီးကျူးစရာမလိုပေမယ့် တက်သစ်စမင်းသား Brad Pittကတော့ ဒီကားမှာပဲ နာမည်ကြီးသွားတယ်... ဗိုလ်မှူးကြီးဟောင်းဖြစ်တဲ့ William မှာ သား(၃)ယောက်ရှိတယ်. ..သူ့သား(၃)ယောက်ကို အစိုးရ၀န်ထမ်း မဖြစ်စေချင်ဘဲ ငြိမ်းချမ်းစွာ အသက်မွေးနေထိုင်စေချင်တယ်. ..သားအလတ်ဖြစ်သူ Brad Pitt ကတော့ ညီအကိုထဲမှာ တမူကွဲထွက်နေတယ်. ..ဖခင်ရဲ့လူယုံတော် အင်ဒီးယန်းလူမျိုးမိသားစုထဲမှာကြီးပျင်းပြီး အမဲလိုက်သည်ကိုနှစ်ခြိုက်သည်. ..ခပ်ကြမ်းလူငယ်ငယ်တစ်ယောက်ဟုဆိုရမည်ဖြစ်သည်... ပထမ ကမ္ဘာစစ်ဖြစ်တော့ ဖခင်ရဲ့ ဆန္ဒကိုငြင်းပယ်ပြီး သား(၃)ယောက်လုံးစစ်ထဲဝင်သွားခဲ့သည်.... ဒီကားဟာ သိပ်ကိုကောင်းလွန်းတဲ့ Drama, Romance, War ဇာတ်ကားအမျိုးအစားပါ... ...Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲညွှန်းဆိုပါရစေ ခံစားကြည့်လိုက်ပါဦး.... File Size ...
movie
Legends of the Fall(1994)
1994