Channel Myanmar

Rocket Raghava

Masthu Shades Unnai Ra (2024) 8.3
Masthu Shades Unnai Ra (2024) Masthu Shades Unani Raa (2024) "ပန်းချီဆရာ"IMDb 8.3 ရထားပြီး ကျေးလက်ဆန်တဲ့ မြို့လေးက အငွေ့အသက်တွေမကင်းတဲ့ တေလဂူး ဟာသကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်မာနိုဟာက ငယ်ငယ်ကတည်းက ပုံဆွဲတော်ပေမယ့် လူ့ချမ်းသာ အသိုင်းအဝိုင်းက မဟုတ်သလို တက္ကသိုလ်လည်း ဆက်မတက်နိုင်ခဲ့ပါဘူးသူငယ်ချင်းနဲ့အတူ ကြော်ငြာဆိုင်းဘုတ်တွေကို ဆေးသားနဲ့ လိုက်ဆွဲတဲ့ အလုပ်ကို လုပ်ကိုင်ရင်းမှ မင်္ဂလာဆောင်ဖို့ ဖြစ်လာပါတယ်ဖြစ်ချင်တော့ လက်ထပ်ပွဲမစခင် သတို့သမီးက ခိုးရာလိုက်ပြေးသွားပြီး သူ့အတွက် စာတစ်စောင်ထားခဲ့ပါတယ် "သူ့လို ငမွဲနဲ့ ပေါင်းဖို့မဖြစ်နိုင်ဘူး" ပေါ့လေဒီလိုနဲ့ သူပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပြီး လက်နဲ့ ကြော်ငြာဘုတ် ဆွဲရာကနေ ဗီနိုင်းပရင့်ထုတ်တဲ့ လုပ်ငန်းကို ပြောင်းလုပ်ဖို့ ကြံပါတော့တယ်အရင်းအနှီးလည်းရှာ၊ ဒစ်ဂျစ်တယ်ပြောင်းဖို့ photoshop သင်တန်းတက်ဖို့ လုပ်ရင်း အူမာဆိုတဲ့ ကောင်မလေးကို တွေ့ကာ ဘာတွေဆက်ဖြစ်မှာလဲ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရမလဲဆိုတာကို အရမ်းဇာတ်မနာပဲ ပေါ့ပါ့ပါးပါး ကြည့်ရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.55GB / 1.22GB Quality…WEB ...
movie

Masthu Shades Unnai Ra (2024)

2024
Bhuvanavijayam (2023) 6.9
Bhuvanavijayam (2023) Bhuvana Vijayam(2023) IMDb-6.9/10ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ်ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni
movie

Bhuvanavijayam (2023)

2023
Virgin Story (2022)
Virgin Story (2022) Virgin Story 2022နှစ်ရှည်လများတွဲနေတဲ့ ဆာဟေးလ်ဆိုတဲ့ ချစ်သူကောင်လေးဆီကနေ ပီး က ၃ ကြိမ်တိုင်တိုင် ဖောက်ပြန်ခံခဲ့ရပါတယ်။ အချစ်ဦးဖြစ်တာကော၊ သူကိုယ်တိုင် စိတ်ခံစားလွယ်တာရောကြောင့် Move on မလုပ်နိုင်ပဲဖြစ်နေတာပေါ့။ ဒီလိုနဲ့ပဲ သူငယ်ချင်းရဲ့ အတင်းတိုက်တွန်းမှုနဲ့ ပီး တစ်ယောက် ကလပ်ကို ရောက်သွားပါလေရော။" စတော်ဘယ်ရီအရမ်းကြိုက်တဲ့ နင် ချောကလက်လည်းစားပြီးရော စတော်ဘယ်ရီကိုမေ့သွားတာပဲလေ၊ ဒီတော့ ဆာဟေးလ်ကိုမေ့နိုင်ဖို့ နင်လိုအပ်တာ ချောကလက်လိုကောင်လေးပဲ '' ဒီလိုနဲ့ တစ်ညတူတူ အချိန်ကုန်ဆုံးဖို့ ပီး ရွေးလိုက်တဲ့ Target က ဗစ်ကီ။ရဲရဲတင်းတင်း လူငယ် ၂ ယောက် ကလပ်မှာဆုံတွေ့ရင်း တစ်ညတာကုန်ဆုံးဖို့ လုပ်ကြရာက အလွဲလွဲအချောချော်တွေကို ပေါ့ပေါ့ပါးပါး ရီရီမောမောကြည့်ရမယ့် ဇာတ်ကားပေါ့။ ပီး နဲ့ ဗစ်ကီတို့ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်ကြမလဲ။ တစ်ညတာဆက်ဆံရေးက ဒီမှာပဲအဆုံးသတ်သွားမလား။ ခံစားချက်တွေတဖြည်းဖြည်း ကြီးထွားလာရင်း တွယ်ငြိသွားမလားဆိုတာတွေကိုတော့ ရုပ်ရှင်ထဲမှာပဲ ...
movie

Virgin Story (2022)

2022
4K HEVC
Organic Mama Hybrid Alludu (2023) 8.1
Organic Mama Hybrid Alludu (2023) Organic Mama Hybrid Alludu(2023)IMDb-8.1/10တေလဂူးရဲ့ အကောင်းဆုံးဒါရိုက်တာ Flimfare ဆုရဖူးတဲ့ S.V Krishna Reddy ရိုက်ကူးထားတဲ့ တေလဂူး အချစ်ဇာတ်‌လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ CM ပရိသတ်ကြီး အပန်းပြေနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းဒါရိုက်တာဖြစ်ရဖို့ရူးသွပ်လွန်းတဲ့ ဗီဂျေးဟာသူ့ရဲ့ပွဲဦးထွက်နှစ်ကားမှာပဲ အရှုံးပေါ်ခဲ့လို့ မိသားစုကယုံကြည်မှုမရပဲ မိသားစုစီးပွားရေးကိုပဲလုပ်ဖို့ဖိအားပေးနေရတဲ့လူငယ်လေးပါ ဗီဂျေးကလည်း ဒါရိုက်တာပဲလုပ်ချင်တဲ့ခေါင်းမာပြီး ပါးနပ်ထက်မြတ်တဲ့လူငယ်တစ်ယောက်ဆိုတော့ အိမ်နဲ့အတိုက်အခံပေါ့ တစ်နေ့အဖေစိတ်ချမ်းသာဖို့ဆိုပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ ကွန်ဒါပီလီအရုပ်တွေတက်ရောင်းပေးရင်းကနေ မင်းသမီးလေးနဲ့ဆုံပါတော့တယ်မင်းသမီးလေးကလည်း သူကြွယ်သူဌေးမြေရှင်ကြီးရဲ့ တစ်ဦးတည်းသောချစ်မ၀သမီးလေးပေါ့ တွေ့ရာလူနဲ့ကြိုက်သွားမှာဆိုးလို့ ကျောင်းတောင်မထားရက်လောက်အောင် အချစ်ခံရတဲ့သမီးလေး သူဌေးသမီးလေး ဟာစီနီနဲ့ ရိုးသားကြိုးစားဖိုးသခွားဒါရိုက်တာလေးဗီဂျေး ရှေ့ဆက်ပေါင်းစည်းနိုင်မလား ဗီဂျေးကရောအိမ်မက်အတိုင်းအောင်မြင်တဲ့ဒါရိုက်တာကြီးဖြစ်နိုင်မလား ခံစားကြည့်ပါဦး File size…2.5GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 22 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~NyeinAye
movie

Organic Mama Hybrid Alludu (2023)

2023
Happy Birthday(2022) 5.2
Happy Birthday(2022) Happy Birthday (2022)IMDb-5.6/10ခါတိုင်းတရစပ်အပြောတွေနဲ့ ရွှတ်နောက်နောက်ဟာသမင်းသားကြီး Vennela Kishore က ဒီကားထဲမှာတော့ ၀န်ကြီးနေရာကသရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း"No Gun ,No entry" သေနတ်သာရှိရင် ဒုစရိုက်မှုတွေနည်းမယ် သေနတ်နဲ့လူကိုလည်း ဘယ်သူမှရန်စရဲမှာမဟုတ်ဘူးဆိုပြီး လူတိုင်းသေနတ်ကိုင်ဆောင်နိုင်ရေးအဆိုကိုတင်သွင်းခဲ့သူ၀န်ကြီးကျေးဇူးနဲ့ အားလုံးဟာရတနာတွေရောင်းချပြီးတောင် သေနတ်ကိုအပြိုင်အဆိုင်ကိုင် ရပ်ကွက်ဈေးကအစ သေနတ်တွေတကြော်ကြော်အော်ရောင်းအောင်မြင်‌နေသည်ထိပါပဲပြသနာဆိုတာလေးက ဇာတ်လမ်းတိုင်းမှာမပါမဖြစ်ဆိုတော့ သူအဲဒီလို သေနတ်ရောင်းဝယ်ခွင့်ပါမစ်ချပေးခဲ့တဲ့အချိန်မှာ လာဘ်စားမှုလေးတွေရှိခဲ့ပါတယ် အဲဒီအမှုသက်သေရှိတဲ့သူတစ်ယောက်နဲ့ ဝန်ကြီးနဲ့က ဟိုတယ်တစ်ခုရဲ့ အခန်း ၆၉၆၉ မှာဆုံတွေ့ဖို့စီစဉ်ကြပြီး အဲဒါကို အေးဂျင့်တွေကလဲ စောင့်ကြည့်နေကြပါတယ်ဒါပေမယ့် အခန်း၆၉၆၉ ကိုလာတဲ့သူတွေက သူတို့ချည်းပဲလားဆိုတော့မဟုတ်ပါဘူး တခြားလူတွေပါ ပါဝင်လာတဲ့အခါမှာ..... ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းအရ ဒီဇာတ်ကားလေးဟာ ကြည့်လို့ကောင်းမယ့်အနေအထားပါ အတည်ပေါက်ဟာသထလုပ်တာတွေက ဇာတ်လမ်းကိုပေါ့သလိုဖြစ်စေပေမဲ့ တခါတလေတော့လည်း ကျွန်တော်တို့ ဇာတ်လမ်းတွေကို အတည်ပေါက်ကြီး ခံစားကြည့်ရှုနေရတာစိတ်ကုန်နေလောက်ပါပြီ အဲဒီတော့ ဂျက်ကီချမ်းကားတွေလိုပဲ ရီလဲရီရမယ် အက်ရှင်တွေလဲပါမယ် စပိုင်ဇာတ်လမ်းလေးလဲပါမယ် မင်းသမီးချောချောလေးတွေလဲ ကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားကသင့်အတွက်ပါပဲမိတ်ဆွေ....... File size…2.27GB  / 1.17GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~SaiThu Rein~Khin Khin
movie

Happy Birthday(2022)

2022
Nootokka Jillala Andagadu (2021) 6.4
Nootokka Jillala Andagadu (2021) ဒီတစ်ခေါက်မှာတော့ IMDB မှာ 6.4 အထိရထားတဲ့ ၂၀၂၁ ထွက် ကုလားကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အချစ်ဇာတ်လမ်းလို့ပြောလို့လည်းရသလို ပညာပေးဇာတ်လမ်းလေးလို့လဲ ပြောလို့ရတာမို့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်း... မျိုးရိုးလိုက်တတ်တဲ့ ကိစ္စတစ်ခုကို ရှောင်လွှဲမရနိုင်တဲ့အခါမှာ သူများတွေကို လက်ညှိုးထိုးပြီး သူတို့ကျအားလုံးကောင်းတယ်လို့ မိဘတွေကို အပြစ်တင်လို့မရနိုင်ပါဘူး... မိဘဆိုတာဟာ သူတို့လုပ်နိုင်သမျှ သားသမီးတွေအတွက် အကောင်းဆုံးကိုလုပ်ပေးခဲ့ပြီး ကောင်းမွေဆိုးမွေ ချန်ထားပေးခဲ့စမြဲပါ.. ဒီရုပ်ရှင်က ဇာတ်လမ်းအကျဉ်းရေးပြလိုက်ရင် အကုန်လုံးပေါ်သွားမှာမို့ ဇာတ်လမ်းထဲက ဒိုင်ယာလော့ကိုပဲ ရေးပြနိုင်တဲ့ပုံစံဖြစ်ပါတယ်... ဒီတော့ မိဘတွေချန်ထားတဲ့ကောင်းမွေ ဆိုးမွေတွေကို ဘယ်လိုပိုက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖြတ်သန်းမယ်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်လိုက်ပါစီးမျောလိုက်ပါ... ဇာတ်လမ်းထဲပါတဲ့ဆေးနည်းကိုတော့ မစမ်းကြဖို့ တိုက်တွန်းရင်း...အညွှန်းကို တော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Thura Htet Aung နှင့် Lwin Htoo Aung တို့ပဲဖြစ်ပါတယ်   File size…1.6GB / 840MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo ...
movie

Nootokka Jillala Andagadu (2021)