Channel Myanmar

Ron Simons

27 Dresses (2008) 6.1
27 Dresses (2008) 27 Dresses (2008)~ IMDb rating - 6.1/10 ~မိန်းကလေးတွေ သူတို့ ဆွေမျိုးသူငယ်ချင်းတွေအတွက် သတို့သမီးအရံလုပ်ပေးတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲက ဂျိန်းကတော့ သတို့သမီးအရံအဖြစ် 27 ကြိမ်တောင် လုပ်ပေးခဲ့ပါတယ်။ဂျိန်းငယ်ငယ်က အမ၀မ်းကွဲရဲ့မင်္ဂလာပွဲမှာ သတို့သမီးကို အကူအညီပေးလိုက်နိုင်တာကစပြီး မင်္ဂလာပွဲတွေကို သဘောကျခဲ့တာပါ။ ဂျိန်းအသက်ကြီးလာတော့ သူ့သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာ အစအဆုံးမညည်းမညူပဲ အကူအညီတောင်းသမျှ အကုန် လုပ်ပေးခဲ့ပါတယ်။ ဥပမာ တစ်ရက်တည်းမှာ နှစ်ပွဲတစ်ပြိုင်နက်တက်ပြီး အရံလုပ်ပေးရတာမျိုးပေါ့။ ဂျိန်းက သူ၀တ်ခဲ့ရတဲ့ အရံ၀တ်စုံတွေအားလုံးကိုလည်း ဗီရိုကြီးတစ်လုံးနဲ့အပြည့် သိမ်းဆည်းထားပြီး သူ့ရဲ့ ကိုယ်ပိုင်လက်ထပ်ပွဲရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသူပါ။ ဂျာနယ်ထဲက သူ့အကြိုက်ဆုံးစာရေးဆရာရေးတဲ့ မင်္ဂလာပွဲအကြောင်း ဆောင်းပါးတွေကိုလည်း သိမ်းထားခဲ့ပါတယ်။ အချစ်ရေးမှာတော့ အလုပ်က ဘော့စ် ဂျော့ကို တိတ်တခိုးချစ်နေခဲ့ပြီး ဘာမဆိုအကုန်လုပ်ပေးခဲ့ပါတယ်။ဂျိန်းမှာ ညီမတစ်ယောက်နဲ့ ဖခင်ပဲရှိပြီး ညီမဖြစ်သူ တက်စ်ကို အရမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ အလုပ်ပါတီကို ...
movie

27 Dresses (2008)

2008