Channel Myanmar

Ronnie Gene Blevins

Squealer (2023)
Squealer (2023) Squealer (2023)ဗန်ဒိန်းတို့ အာနိုးတို့နဲ့ တွဲရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင် Andy Armstrong ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ Horror Thriller ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဇာတ်ညွှန်းကူရေး ပရိုဂျူဆာလုပ်ရင်း ရိုက်ထားတာပါ။ က​နေဒါ ကွင်းဆက်လူသတ်သမား Robert Pickton ဖြစ်စဥ်ကို Inspired ယူပြီး ရိုက်ထားပါတယ်။ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကြိုက်တဲ့လူတွေအတွက် ဒီလအစကမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်စက်စက်ပါပဲ။ Fast & Furious နဲ့ Transformers တို့ထဲ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Tyrese Gibson လို ဘီးကြဲက ဦးဆောင်ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအညွှန်း ~မြို့မှာ အမျိုးသမီး​​​ပျောက်ဆုံးမှု​တွေ တိုးလာတာကို မသင်္ကာလို့ ရဲမှူးဂျက်နဲ့ လူမှုဖူလုံ​ရေးဝန်ထမ်း လီဆာတို့ လိုက်စုံစမ်းရင်း မြို့ပြင်က ဝက်​မွေးမြူ​ရေးခြံကို စုံစမ်းဖို့​​ရောက်သွားတဲ့အခါ ဘယ်လို​တွေ ကြုံ​တွေ့ရမလဲ ဆိုတာ​တွေကို ထိတ်ထိတ်လန့်လန့်ကြည့်ရှူကြရပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Squealer (2023)

2023
Emancipation (2022)
Emancipation (2022) ​အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့ လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီး ယ​နေ့ထက်​တိုင် စနစ်ရဲ့အရိပ်ကကပ်ပါ​နေဆဲပါ။ ဒီလို လူတန်းစား ခွဲခြား​ရေးဝါဒီ​ ထောက်ခံ​ရေးနဲ့ တိုက်ဖျက်​​​ရေးဝါဒီ​တွေ ထိပ်တိုက် ​တွေ့ဆုံခဲ့တဲ့ ၁၈၆၀​ပြည့်နှစ်​တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့ လူမည်း​တွေလည်း များစွာရှိခဲ့ပါတယ်။ဒီဇာတ်ကားက​ အခုလိုမျိုးရုန်းထွက်ခဲ့ကြသူ​တွေထဲက ပီတာဆိုတဲ့ လူမည်းကျွန်တစ်​ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံ​ဖော်ရိုက်ကူး ထားတာပါ။ ပီတာ​နေရာမှာ သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင် ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မ​​ခေတဲ့သူပါပဲ။ IMDbမှာ ​တော့10အပြည့်ရထားပြီး RTမှာ​တော့ 50%ရထားပါတယ်။ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ အလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့ Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့ ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင် လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့ လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ ​"သေ​မြေ​ကြီး ရှင်​ရွှေထီး"ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ ထွက်​ပြေးလာပါ​​တော့တယ်။ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိ ပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားက အားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊ သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံ ​တွေက အ​တော်​လေး ...
movie

Emancipation (2022)

2022
Feral State (2020) 5.6
Feral State (2020) Feral State (2020)==============IMDb Rating - 5.6/10CM ပရိတ်သတ်များကို တွေးလို့ဆွေးလို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဘာကတွေးလို့ကောင်းတာလဲဆိုရင် တစ်ကားလုံးက တွေးစရာ စဉ်းစားစရာတွေနဲ့ပြည့်နှက်နေတာပါ။ကြည့်ရှုသူကို ဇာတ်လမ်းထဲစီးမျောပြီး ဇာတ်ကောင်တွေနဲ့အတူ ကိုယ်ပါမွန်းကြပ်လာတဲ့ခံစားချက်ဖြစ်အောင်ရိုက်ပြဖန်တီးထားနိုင်တဲ့ ဒါရိုက်တာကြီးကိုတော့ တော်တော်ချီးကျူးပါတယ်။ဇာတ်လမ်းအကြောင်းလေး စလိုက်ကြရအောင် မစခင်ပြောချင်တာက ဒီဇာတ်လမ်းလေးက တော်တော်အနှစ်ကျပါတယ်။ ဇာတ်လမ်းရဲ့ဆိုလိုရင်းသဘောတရားတွေကို review လေးတစ်ခုနဲ့ လုံးဝဖော်ပြလို့မရပါဘူး ကြည့်ရင်းတွေးရင်းနဲ့မှ မြင်လာရမယ့်အနှစ်သာရတွေရှိနေတယ်။ အဲ့တာကြောင့် သေချာပေါက်ကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်.......။ မက်မွန်းရိုးဆိုတဲ့လူကြီးတစ်ယောက်ဟာ တစ်ကောင်ကြွက်ခိုနားစရာမရှိတဲ့ကလေးတွေကို လက်ခံမွေးစားပါတယ်။မွေးစားပြီးတော့ သူ့ရဲ့ခံယူချက် အယူအဆတွေကို ရိုက်သွင်းတယ် ခိုင်းစေတယ် ပြီးတော့ ဓားပြတိုက်လုယက်ခိုင်းတယ်။ဒါပေမဲ့ အဲ့ကလေးတွေကိုမချစ်ဘူးလားဆိုတော့ မဟုတ်ဘူး သူ့နည်းသူ့ဟန်နဲ့တော့ တော်တော်ချစ်တယ်လို့ယူဆလို့ရပါတယ်။ကလေးတွေဟာလည်း သူတို့အဖေကို တုန်နေအောင်ကြောက်ရတယ်။ ဒီလိုနဲ့ ဓားပြတိုက်လိုက် လုယက်လိုက်လုပ်နေရင်းတစ်နေ့မှာတော့ လူသတ်မှုပါ ကျူးလွန်လိုက်ကြတယ် နယ်ခံရဲတွေဟာ လူသတ်မှုကိုစုံစမ်းရင်းနဲ့ မက်မွန်းရိုးအကြောင်းကိုခြေရာခံမိပြီး လိုက်ဖမ်းကြတော့ မက်မွန်းရိုးတို့မိသားစုလိုက် ထွက်ပြေးကြရတော့တာပေါ့၊ ပြောရရင် ဇာတ်လမ်းလေးကရိုးရိုးရှင်းရှင်းလေးပါပဲ ဒါပေမဲ့ အပေါ်မှာပြောခဲ့သလိုပဲ review တစ်ခုနဲ့ဖော်ပြလို့မရတဲ့ ...
movie

Feral State (2020)

2020
The Wave (2019)
The Wave (2019) The Wave 2019===========#Unicodeဖရန်ကီ  . . . သူက အိမ်ယာတွေ၊ စာချုပ်စာတန်းတွေ စတာတွေကို ကိုယ်တိုင်ပေးတဲ့ ရှေ့နေတစ်ယောက်သူလုပ်ထားတဲ့ စာတမ်းတစ်ခုက အသုံးဝင်ပြီး ငွေကြေးလည်ပတ်မှုကိုပြောင်းလဲစေနိုင်တဲ့ အထိဖြစ်လာနိုင်တယ်။အဲ့ကိစ္စအတွက် မနက်ဖြန် Wed မှာ Meeting လုပ်ရမယ် ဒါဟာသူ့ဘဝအတွက်အခွင့်အလမ်းတစ်ခုပါပဲ၊အဲ့အကြောင်းကိုသိတဲ့ သူ့သူငယ်ချင်းက ဒီနေ့တော့ မင်းအောင်ပွဲခံသင့်တယ်၊ အောင်ပွဲခံရမယ်ဆိုပြီး အတင်းခေါ်ပါတယ်၊သူက ဒီနေ့က Tue မို့လို့ရယ်၊ မနက်ဖြန်မှာ အရေးကြီးလို့ မလုပ်ဘူးဆိုပြီး အတန်တန်ငြင်းခဲ့ပေမယ်၊ အိမ်အပြန်ညဘက်စိတ်ရှုပ်ထွေးမှုနဲ့ သူ့ရဲ့ Tuesday ဟာ Party ပွဲတစ်ခုကိုဖြတ်သန်းလိုက်ရတာကနေ . စတော့တာပါပဲ၊ ဟိုသီချင်းကိုသိတယ်မှတ်လား"လူတွေအကုန် လေပေါ်မှာပျံနေပြီ ဆိုတာ " . . . အသစ်အဆန်းနဲ့ ခေတ်စမ်းတာတွေအများကြီး ကြုံတွေ့ရမယ့် ကိစ္စတွေပါတာမို့Movie ထဲမှာသာလေ့လာကြကုန် ။ #Zawgyiဖရန္ကီ . . . သူက အိမ္ယာေတြ၊ ...
movie

The Wave (2019)

2019