Channel Myanmar

Ronny Chieng

Vacation Friends 2 (2023) 5.3
Vacation Friends 2 (2023) Vacation Friends 2 (2023)ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ...
movie

Vacation Friends 2 (2023)

2023
M3GAN(2022) 6.6
M3GAN(2022) M3GAN(2022)============ဒီရုပ်ရှင်ကတော့ ၂၀၂၂ ထွက် သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားပါပဲ။ ဒီအရုပ်ကတော့ ချက်ကီလိုပဲ ကြောက်စရာအရုပ်ပါပဲ။ မက်ဂန်ဟာ အရုပ်ကုမ္ပဏီတစ်ခုက သိပ္ပံပညာရှင်မိန်းကလေးတစ်ယောက်ကနေ ဖန်တီးထားတဲ့အရုပ်ပါပဲ။မူရင်း ပရိုဂရမ်ကတော့ ကလေးတွေကို အဖော်ပြုပေးရင်းနဲ့အမူအကျင့်တွေသင်ယူပြီး ကလေးတွေကို သင်ပေးနိုင်အောင်၊ကာကွယ်နိုင်အောင်ဖန်တီးထားတာပါ။ အရုပ်ရဲ့ ပထမဆုံးအဖော်ပြုရမယ့်ကလေးကတော့ ကေဒီဆိုတဲ့ ကလေးမလေးဖြစ်ပြီး ကေဒီဟာ မိဘနှစ်ပါးလုံး ကားအက်ဆီးဒန့်နဲ့ ဆုံးသွားတာကြောင့်မိဘမဲ့ ဖြစ်လာတဲ့ ကလေးပါ။ ဒီတော့ သူကလည်း မက်ဂန်အရုပ်ကိုအရမ်းကို သံယောဇဉ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးကိုကာကွယ်ဖို့ အဓိကပရိုဂရမ်က အရမ်းအားကောင်းလာတဲ့အခါမက်ဂန်ဟာ ကလေးအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ အရာရာကိုရှင်းပစ်ဖို့ ကြိုးစားလာပါတော့တယ်....(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr Anderson ပဲဖြစ်ပါတယ်) File size…  2.33 GB /  531 MB Quality… Blu-Ray 1080p 5.1CH / 720p Format… mp4 Duration…. 1h 42m Genre .....  Horror , ...
movie

M3GAN(2022)

Long Story Short (2021) 6.5
Long Story Short (2021)  "မင်္ဂလာဆောင်တာကလွယ်ပါတယ်။အိမ်ထောင်သည်ဘဝကခက်တာပါတဲ့" ဟုတ်ပါတယ် အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ အင်မန်မှခက်ပါတယ် အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တစ်ခုမတည်မြဲနိုင်ပါဘူး။ နားလည်မှု ရိုးသားမှု အချိန်ပေးမှု ပြီးတော့ အချစ် ဒါတွေကိုလိုအပ်ပါတယ်။ ဒီကားလေးက အိမ်ထောင်တစ်ခုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြောပြပေးထားတဲ့ ဇာတ်ကားလေးဆိုမမှားပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ တက်ဒီနဲ့ လီယန်တို့က မထင်မှတ်တဲ့တွေ့ဆုံမှုတစ်ခုကနေ တစ်ဦးကိုတစ်ဦးကိုချစ်မိသွားပြီး လက်ထပ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးပေါ့ ဒါပေမယ့် တက်ဒီကတော့ လီယန်ကိုချစ်ပေမယ့် အလုပ်ပေါ်မှာပဲအာရုံနှစ်ထားပြီး ဇနီးကိုအချိန်မပေးဖြစ်ခဲ့ပါဘူး ဟန်းနီးမွန်းထွက်ဖို့ကိုတောင် မစီစဉ်ခဲ့ပဲနဲ့ နောက်မှဆိုပြီးလုပ်နေခဲ့တဲ့သူပါ။သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးည လက်ဖွဲ့တွေကိုကြည့်ရင်းကနေ ဘယ်သူပို့လိုက်မှန်းမသိတဲ့ထူးဆန်းတဲ့လက်ဖွဲ့လေးတစ်ခုကိုတွေ့ခဲ့လို့ ဖွင့်ကြည့်မိရာကနေ... တက်ဒီတစ်ယောက် အဆပေါင်းများစွာအကုန်မြန်နေတဲ့ အချိန်ကာလတစ်ခုထဲရောက်သွားပါတော့တယ်သူနိုးထလာတိုင်း တစ်နှစ်ပြောင်းသွားပြီး သူနိုးထလာတဲ့အချိန်ကလည်း သူတို့ရဲ့မင်္ဂလာဦးနှစ်ပတ်လည်နေ့ဖြစ်နေပါတယ်။ ဒီလိုအချိန်စက်ဝန်းကြီးထဲကနေ တက်ဒီတစ်ယောက်ဘယ်လိုရုန်းထွက်မှာလဲ ဒီလိုအကုန်မြန်နေတဲ့အချိန်ကြောင့် သူ့ဘဝကြီးကဘာတွေဘယ်လိုဖြစ်ပြီးပြောင်းလဲကုန်မှာလဲ သူတို့ရဲ့အိမ်ထောင်ရောအပေါ်မှာရော သက်ရောက်မှုရှိမှာလား..စတာတွေကိုကြည့်ရှုခံစားရမယ့် Comedy,Fantasy,Romance ကားကောင်းလေးတစ်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:30:00 Type__Comedy, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Long Story Short (2021)

Trust (2021) 5.4
Trust (2021) TRUST (2021)IMDb _ 5.4/10Rotten Tomatoes _71%အိမ်ထောင်တစ်ခုရယ်လို့ရှိလာခဲ့ရင် ကိုယ့်အမျိုးသားဖောက်ပြန်သွားမလားစိုးရိမ်တတ်ကြတာ အမျိုးသမီးတိုင်းရဲ့ သဘာဝပါပဲ နှစ်တွေဘယ်လောက်ကြာကြာတတိယလူဆိုတာပေါ်လာခဲ့ရင် ကိစ္စတွေကမောက်ကမဖြစ်သွားနိုင်ပါတယ်"နင်ငါတို့လိုသာကွာရှင်းရှေ့နေလုပ်ကြည့်ပါလား အချိန်ကြာလာတာနဲ့အမျှလူတိုင်းကဖောက်ပြန်နေကြပါလားဆိုပြီးသိလာလိမ့်မယ်""မိန်းမတွေက သူတို့ခိုးစားတာကိုလူမမိအောင်လုပ်တဲ့နေရာမှာယောကျာ်းတွေထက်ပိုတော်တယ်"ဒီ‌ဇာတ်လမ်းကတော့ ယုံကြည်မှုကိုအခြေခံပြီး အိမ်ထောင်တစ်ခုတည်ဆောက်ထားတဲ့အိုဝင်မ်နဲ့ ဘရော့ခ်တို့ရဲ့ အချစ်စမ်းပွဲအကြောင်းရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်ယုံကြည်မှုနဲ့လက်တွဲခဲ့ပေမယ့် အလုပ်ကိစ္စအကြောင်းပြပြီး အိုဝင်မ်တစ်ယောက်ညဉ့်နက်တွေမှာ ထထသွားနေတာ ဘရော့ခ်တစ်ယောက်စိတ်ထဲဘဝင်မကျလှပါဘူးဒါ့အပြင်ဘရော့ခ်ရဲ့ သူငယ်ချင်းက ကွာရှင်းရှေ့နေတစ်ယောက်ပါ"ဒီခေတ်ကြီးမှာအကုန်လုံးနီးပါးဖောက်ပြန်နေကြတာ နင့်ယောကျာ်းဖောက်ပြန်မပြန်သိချင်ရင်ကြေးစားငှားပြီး စမ်းကြည့်ပါလား" ဒီစကားကိုနားယောင်သွားတဲ့ဘရော့ခ်တစ်ယောက်ဘာတွေဆက်လုပ်သွားမလဲ အိုဝင်မ်ကရော ဘရော့ခ်အပေါ်သစ္စာမဖောက်တဲ့ယောကျာ်းကောင်းတစ်ယောက်လားဆိုတာ ကြည့်ရှုရမယ့်ပညာပေးဇာတ်ကားတစ်ကားပါအိမ်ထောင်တစ်ခုမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပြီးသံသယစဝင်တာနဲ့အမှားတွေကပ်ပါလာတတ်ကြောင်းကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် သံသယများတတ်တဲ့လူတွေကြည့်ရှုဖို့အကောင်းဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်(တချို့လူကြီးခန်းတွေနဲ့ စကားပြောတွေပါဝင်တာကြောင့်မိသားစုနှင့်ကြည့်ရှုရန်မသင့်တော်ပါ)ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ကတော့ Yunniမှရေးသားပြန်ဆိုထားပြီး တင်ဆက်ပေးသူက YKပဲဖြစ်ပါတယ်  File size…1.2Gb / 515MB Quality…1080p WEB RIP AAC 5.1CH / 720p AAC 2.0CH Format…mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Trust (2021)

2021