Channel Myanmar

Rossif Sutherland

A Call to Spy (2020) 5.7
A Call to Spy (2020) A Call to Spy (2020)===============IMDb Rating - 5.7/10#UnicodeA Call to Spyဟာ ရှားရှားပါးပါး ဒုတိယကမ္ဘာစစ်အတွင်းက အမျိူးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသားပေးဖော်ပြထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင် ရုပ်ရှင်ပါပဲ။ဒုတိယကမ္ဘာစစ်ကနဦးမှာ ချာချီဟာ SOEကိုဖွဲ့ပြီး နာဇီတွေကိုထောက်လှမ်းဖို့နဲ့ သတင်းပို့ဖို့ ပြင်သစ်ကို စပိုင်တွေလွှတ်ခဲ့တယ်။ နောက်ပိုင်းမှာ SOEကနေ ထောင်လှမ်းရေးအလုပ်တွေမှာ သိသာထင်ရှားမှုပိုနည်းတဲ့ အမျိူးသမီးတွေကို စပိုင်အဖြစ်စေလွှတ်ဖို့ အကောင်အထည်ဖော်ခဲ့တယ်။ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးစပိုင်ဟာ ဗာဂျင်နီယာ ဟောပါ။ ဗာဂျင်နီယာဟောဟာ ဗြိတိန်စပိုင်ဖြစ်ခဲ့ပေမယ့် အမေရိကန်သူတစ်ယောက်။ သံတမန်ဖြစ်လို့တဲ့အတွက် အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့် ခြေထောက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိတဖြစ်နေတာကြောင့် ပယ်ချခံရတဲ့ သနားစရာ အမျိုးသမီးပါပဲ။ ကံကောင်းချင်တော့ အမျိုးသမီးစပိုင်ခန့်အပ်ရေးအတွက် လူရှာနေတဲ့ SOEရဲ့ စက္ကထရီ ဗီရာအတ်ကင်နဲ့ တွေ့သွားခဲ့တယ်။ ဗီရာအတ်ကင်ကလည်း နေရာတစ်ခုရထားပေမယ့် ဂျူးလူမျိူးဖြစ်နေလို့ ဗြိတန်မှာ နေရသိပ်အဆင်မပြေဖြစ်နေတဲ့ အမျိူးသမီး။ သူရှာခဲ့တဲ့ စပိုင်နှစ်ယောက်မှာ တစ်ယောက်က ဒုက္ခိတ တစ်ယောက်က မွတ်စလင်။ သူ့နည်းသူ့ဟန်နဲ့ အနှိမ်ခံနေရတဲ့ အမျိုးသမီးတွေ။ သူတို့ဟာ သူတို့ရဲ့ အားနည်းချက်တွေကိုပဲ အားသာချက်အဖြစ်အသုံးချပြီး ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ကြ သူတို့နိုင်ငံအတွက်အားထုတ်ခဲ့ကြတယ်။ဗာဂျင်နီယာဟောနေရာမှာ သရုပ်ဆောင်တဲ့ Lead Actor Sarah Megan Thomas ကိုယ်တိုင် ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာကလည်းအမျိုးသမီးဒါရိုက်တာပဲဖြစ်တဲ့အတွက် အမျိုးသမီးစွမ်းဆောင်ရည်ပြရုပ်ရှင်ကို အမျိူးသမီးတွေချည်းဦး‌ဆောင်ရိုက်ထားကြတယ်ဆိုရမယ်။A call to spyကို Audienceတွေပေးတဲ့ဘက်က IMdb ...
movie

A Call to Spy (2020)

2020
Backstabbing for Beginners 5.9
Backstabbing for Beginners ဒီဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ထားတဲ့ကားဖြစ်ပါတယ်....ဘာလို့လဲလို့ပြောရရင်ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ 1996 ခုနှစ်မှာစပြီးလုပ်ခဲ့တဲ့အီရတ်နိုင်ငံမှာ ငတ်မွတ်နေတဲ့သူတွေကို အစားအစာနဲ့ရေနံလဲလှယ်ရေး (Oil-for-Food Program)အစီအစဉ်ကြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက အစိုးရရာထူးကြီးတွေနဲ့နာမည်ကျော်ကုမ္ပဏီကြီးပေါင်းများစွာရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ လာဘ်စားမှု၊ချစားမှုတွေအပြည့်နဲ့ ပါဝင်ပတ်သက်မှုတွေကိုဖေါ်ထုတ်ခဲ့တဲ့ ကုလသမ္မဂ္ဂဝန်ထမ်းတစ်ယောက်အကြောငး်ပါ။ဒီအမှုဟာ ကုလသမ္မဂ္ဂသက်တမ်းတစ်လျှောက်အပြောင်းအလဲအကြီးမားဆုံးဖြစ်စေခဲ့တဲ့ အမှုလဲဖြစ်တယ်။ဇာတ်လမ်းရိုက်ကူးထားပုံက ကြည့်ပျော်ရှုပျော်အဆင့်ပဲရှိပါတယ်၊ဆွဲဆောင်မှုမကောင်းသလို အရမး်စိတ်ဝင်စားဖို့ကောင်းလာတဲ့အခြေအနေမျိုးလဲ တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမယ့် ဘာလို့ ကြည့်သင့်တယ်လို့ ညွှန်းချင်တာလဲဆိုတော့UN အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေနဲ့ လုပ်စားပုံတွေ၊အလှူငွေတွေရအောင် ဘယ်လိုတွေ ဟန်ပြလုပ်ကြပြီးအိတ်ထဲဘယ်လိုထည့်တယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်နေလို့ပါ။၁၀၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံရေးဆက်နွယ်မှုပါတဲ့ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်သံတမန်တစ်ဦးရဲ့သားဖြစ်သူ မိုက်ကယ်ဆာလဗန်ဟာကုလသမဂ္ဂမှာအလုပ်ဝင်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်..မမျှော်လင့်ထားပဲ ကုလသမဂ္ဂအတွင်းဝန်ရဲ့လက်ထောက်နေရာ ခန့်ထားခံလိုက်ရပါတယ်..သူတာဝန်ယူရတဲ့ပရိုဂရမ်ဟာ လူသားချင်းစာနာထောက်ထားမှုအခြေခံတဲ့ပရိုဂရမ်ပေမယ့် အကျင့်ပျက်ခြစားမှုကြီးကြီးမားမားဖြစ်နေပြီး အာဏာရှင်တစ်ယောက်အမြတ်ထုတ်စရာ ပရိုဂရမ်တစ်ခု သာဖြစ်နေခဲ့ပါတယ်..ဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေအနေနဲ့လည်းလက်စဖျောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်..သူ့အရင်ဝန်ထမ်းဟောင်းသေဆုံးမှုဟာ မရိုးရှင်းမှန်းသူသွားပြီး..ကုလသမဂ္ဂအတွင်းခြစားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့သူ့ရဲ့ဆရာကိုယ်တိုင် ဒီအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်နေတာသူသိသွားတဲ့အခါ သူဘယ်လိုဖြေရှင်းမလဲခက်ခက်ခဲခဲကြားထဲက ချစ်ခဲ့ရတဲ့ သူ့ချစ်သူကိုရောအန္တရာယ်ကြားထဲက သူကယ်တင်နိုင်ပါ့မလားထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီခြစားမှုကြီးကိုတစ်ကမ္ဘာလုံးသိအောင် သူချပြနိုင်ပါ့မလားဆိုတာကိုတော့စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…ကုလသမ္မဂ္ဂအဖွဲ့ဆိုတာနဲ့ အရမး်ကောင်းတဲ့အဖွဲ့ကြီးမဟုတ်ဘူးဆိုတာသိသွားနိုင်စေတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်...UN အပါအဝင် ...
movie

Backstabbing for Beginners

2018