Channel Myanmar

Ruby O. Fee

Asphalt Burning (2020) 5.2
Asphalt Burning (2020) Asphalt Burning (2020)===================IMDb Rating - 5.2/10 ဘ၀မှာ စားခါနီးမှ ပုတ်ချခံရတဲ့ အဖြစ်မျိုး လူတိုင်းနီးပါး ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ် ရင်နာစရာပါ။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ဖြစ်တဲ့ ရွိုင်ဟာလည်း ဒီလိုအဖြစ်နဲ့ ကြုံလိုက်ရတဲ့သူပါ။ ရွိုင်က ကလေးတစ်ယောက်အဖေတစ်ခုလပ်ဖြစ်ပြီး ဆေလ်ဗီယာဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်တော့မယ့်သူတစ်ယောက်ပါ။ သူက ကားစီးရတာ ကားမောင်းပြိုင်ရတာကို သိပ်ကို ဝါသနာပါတဲ့သူ ပီပီ မင်္ဂလာပွဲကိုတောင် ကားမောင်းပြိုင်ပွဲပုံစံနဲ့ သတို့သမီးဆီ အရောက်ကားမောင်းသွားပြီးမှ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာပွဲ မတိုင်ညမှာ ရွိုင်မူးနေတုန်း ဂျာမန်မတစ်ယောက်က လာမြူစွယ်တော့ ရှူးရှဲပေးမိလိုက်ရာက ပြဿနာစပါတော့တယ်။ ဂျာမန်မက သူနဲ့လက်ထပ်မယ့် ဆေလ်ဗီယာ့ရဲ့ တစ်ခါက အခန်းဖော် ဖြစ်ရုံသာမက ဂျာမန်မကဆေလ်ဗီယာ့ကိုပါ ကြွေနေပုံပါ။ ဒီတော့ မင်္ဂလာဆောင်မယ့်နေ့မှာ စီစဉ်ထားတဲ့အတိုင်း " အရင်ရောက်တဲ့သူ သတို့သမီးကိုယူ " ဆိုတဲ့စည်းမျဉ်းနဲ့ ကားပြိုင်ပွဲလုပ်ပါတယ်။ ပြိုင်တဲ့သူတွေက သူ့ဘော်ဒါတွေဖြစ်လို့ ...
movie

Asphalt Burning (2020)

2020
Polar (2019) 6.3
Polar (2019) Polar (2019)____IMDb - 6.3/10  Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ)    File Size : (900 MB) Quality : HDRip 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle ...
movie

Polar (2019)

2019