Channel Myanmar

Ryō Iwamatsu

A Family (2021) 7.0
A Family (2021) A Family (RT 71% , IMDb 7 )ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်..တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်...မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ...ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်...ဒီဇာတ်ကားမှာ ...
movie

A Family (2021)

What to Do With the Dead Kaiju? (2022) 5
What to Do With the Dead Kaiju? (2022) What to Do with Dead Kaiju IMDB 4.4 

၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie

What to Do With the Dead Kaiju? (2022)

March Comes in Like a Lion Part1 (2017) 6.6
March Comes in Like a Lion Part1 (2017) March comes in like a lion (2020)ရေး ခီရိရာမဟာ အသက်၁၇ရှိတဲ့ အထက်တန်းကျောင်းသားလေး ဖြစ်ပြီးတော့ ​professional shogiကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တည်းက သူ့မိဘတွေနဲ့ သူ့ညီမလေးဟာ ကားမတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားတဲ့အတွက် အဖေ့မိတ်ဆွေဆီမှာ သွားရောက်နေထိုင်ခဲ့ရပါတယ်။အဖေ့မိတ်ဆွေဖြစ်တဲ့ မွေးစားက shogiပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူဟာ သူဝါသနာမပါတဲ့ shogiကို သဘောကျချင်ယောင်ဆောင်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရပါတယ်။ ဒါပေမဲ့ shogiကို အကောင်းဆုံးကြိုးစားခဲ့လို့ ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ပညာရှင် ဖြစ်ခဲ့ပါတယ်။ဒီလိုထူးချွန်တာကြောင့်ပဲ မွေးစားအဖေက "ရေး"ကို မနိုင်နိုင်လို့ shogiဆက်မကစားဖို့ တားခဲ့ပါတယ်။ သူဟာ မိသားစုအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်သွားတာကြောင့် အဲဒီအိမ်ကထွက်လာပြီး တစ်ယောက်တည်းနေခဲ့ပါတယ်။ဒီလိုနဲ့ shogiပြိုင်ပွဲတစ်ခုမှာ သူ့မွေးစားအဖေကို ပြိုင်ဖက်အနေနဲ့ပြန်ဆုံပြီး အနိုင်ယူမိတဲ့အခါမှာ သူ့ရဲ့အပြစ်မကင်းစိတ်က ပြန်ပေါ်လာပြီး အရက်သောက်ခဲ့ပါတယ်။ မူးနေရင်းနဲ့ စဉ်းစားလွန်ပြီး စိတ်ပူပန်မှုလွန်ကဲကာ လဲကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကရီလို့ခေါ်တဲ့ စိတ်ထားကောင်းတဲ့အစ်မတစ်ယောက်က ခေါ်ပြီး ...
movie

March Comes in Like a Lion Part1 (2017)

Remain In Twilight (2021) 6.0
Remain In Twilight (2021) Remain in twilight (2021)J drama ပရိသတ်တွေနဲ့မစိမ်းတဲ့ main leadတွေ အများကြီးပါဝင်ရိုက်ကူးထားတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းထဲမှာတော့ အထက်တန်းကျောင်းတည်းက အတူတူပေါင်းပြီး ဗရုတ်ကျလာခဲ့တဲ့ သူငယ်ချင်း၆ယောက်ရှိပါတယ်။သူတို့က ကျောင်းကပွဲနေ့မှာ လန်ကွတ်တီအနီတွေဝတ်ပြီး ကြယ်မိုးရွာတာကိုတားတဲ့အကကိုတက်ကကြတဲ့အထိ ဗရုတ်သုတ်ခနိုင်တဲ့ ငချွတ်တွေပါ။ ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့သူတို့၆ယောက်ရဲ့သံယောဇဉ်က ဘယ်တော့မှမပျက်နိုင်ကြဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ကျောင်းပြီးတဲ့နောက် ၅နှစ်အကြာမှာ သူတို့သူငယ်ချင်းရဲ့မင်္ဂလာပွဲအတွက်ပြန်ဆုံဖို့ဖြစ်လာပါတယ်။ ဒီပွဲမှာလည်း အရင်လိုလန်ကွတ်တီဝတ်ပြိီးကကြဖို့စီစဉ်ထားတာပါ။ အဖွဲ့တောင့်ခဲ့တဲ့သူငယ်ချင်းတစ်စုဟာ အရင်နှစ်များလိုပဲ ဆက်လက်ရှိနေမယ်လို့ယုံကြည်ခဲ့ကြတာကြောင့် အရှိတရားကိုပါလက်မခံနိုင်ကြတဲ့အထိပါပဲ။ တချို့သောလူတွေက ဘေးမှာမရှိတော့ပေမဲ့ သူတို့နဲ့အတူရှိခဲ့ဖူးတဲ့ ဆည်းဆာချိန်တွေကတော့ အရင်အတိုင်းဆက်ရှိပြီး လှပနေကြ သတိရနေရဦးမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:36:00 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
movie

Remain In Twilight (2021)

In the Wake (2021) 6.2
In the Wake (2021) In the wake (2021)"Ruroni Kenshin"ထဲက Kenshin တစ်ဖြစ်လဲ Tendo Senseiလို့သိကြတဲ့ မင်းသားSatou Takeru,မင်းသားကြီး Abe Hiroshi,"The door into summer" "My tomorrow,your yesterday"ထဲက မင်းသမီးလေး Kirohaya Kayaနဲ့အတူ နာမည်ရ supportတွေပါဝင်တဲ့ 2021ထွက် ဂျပန် မှုခင်း ဒရာမာရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။၂၀၁၁ ငလျင်နဲ့ ဆူနာမီဖြစ်တဲ့အချိန်မှာ လူပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး သေကြေပျက်စီးမှုတွေကလည်း များပြားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျပန်အစိုးရကပေးတ​ဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေကို ရမှရှင်သန်နိုင်မဲ့သူတွေလည်း အများကြီးရှိလာခဲ့ပါတယ်။ ငလျင်ဒုက္ခသည်ထဲမှာ တိုနဲ ရဆုဟိဆဆိုတဲ့လူငယ်၊ခေး တိုရှိမဆိုတဲ့ အဖွားနဲ့ ကန်ချန်လို့ခေါ်တဲ့ ကလေးမလေးလည်းပါခဲ့ပါတယ်။ တစ်ကောင်ကြွက်တွေဖြစ်ကျန်ခဲ့တဲ့သူတို့၃ယောက်က ကယ်ဆယ်ရေးစခန်းတစ်ခုတည်းမှာ နေရင်း မိသားစုအသစ်တစ်ခုလို သံယောဇဉ်တွယ်လာခဲ့ကြပါတယ်။ဒါပေမဲ့ကိစ္စများစွာဖြစ်ပျက်ပြီးနောက် ၉နှစ်အကြာမှာတော့ တိုနဲက ထောင်ကနေလွတ်လာခဲ့ပါတယ်။ အဖွား ခေးတိုရှိမကတော့ သေဆုံးသွားခဲ့ပြီး ကန်ချန်ကတော့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ။အဲဒီအချိန် ဝါကဘရပ်ကွက်မ​ှာ ...
movie

In the Wake (2021)

Inubu: The Dog Club (2021) 6
Inubu: The Dog Club (2021) Inubu: The Dog Club (2021)~ MyDramaList - 7.5/10, IMDb - 6/10 ~ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ၂၀၂၁ ခုနှစ်ထွက် ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ခွေးချစ်သူဖြစ်ဖြစ် ကြောင်ချစ်သူဖြစ်ဖြစ် တိချစ်သူတိုင်းအတွက် ရင်ထဲရောက်စေမယ့် ကြည့်သင့်တဲ့အကြည်ဓာတ်ကားလေးဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့...တိုဝါဒါ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ဆေးကျောင်းသားဖြစ်သူ "ဟနိုင်း-ဆိုတ"ဟာ တိရစ္ဆာန်တွေကို အလွန်အမင်း ကရုဏာရှိတဲ့သူတစ်ယောက်ပါ။ သူတို့ကိုချစ်တဲ့စိတ်ကြောင့် တိမွေးကုဆရာဝန်တစ်ယောက် ဖြစ်လာအောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။၂၀၀၀ခုနှစ် နွေရာသီမှာ ဂျပန်ရဲ့ တိရစ္ဆာန်ဂေဟာတစ်ခုကနေ ခွေးတစ်ကောင်ကိုမွေးစားဖို့ သွားရင်းနဲ့ သူ့လိုပဲ ခွေးချစ်သူ သူငယ်ချင်းတွေရလာခဲ့ပါတယ်။ လေလွင့်ခွေးလေးတွေကို သူ့တိုက်ခန်းကျဉ်းထဲမှာစုမွေးထားပြီး သူငယ်ချင်းတစ်သိုက်က အတူတူစောင့်ရှောက်ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ လမ်းပျောက်နေတဲ့ခွေးလေးတစ်ကောင်ကို သူ့ထုံးစံအတိုင်းကယ်လာခဲ့ပါတယ်။ အစကတော့ ဆေးကုပေးပြီး ပိုင်ရှင်လက်ထဲပြန်အပ်ဖို့ပါပဲ။ ဒါပေမဲ့ ပိုင်ရှင်က သူတို့ဆေးတက္ကသိုလ်ရဲ့သုတေသနဌာနက ပါမောက္ခကြီးမှန်းသိရတော့ ဟနိုင်းတွေ‌ဝေသွားပါတယ်။အကြောင်းရင်းကတော့ သုတေသနခန်းက ခွေးတွေဟာ ...
movie

Inubu: The Dog Club (2021)

2021
Loved Like a Flower Bouquet (2021) 7.1
Loved Like a Flower Bouquet (2021) I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie

Loved Like a Flower Bouquet (2021)