Channel Myanmar

Ryou Narita

Your Name (2016) 8.5
Your Name (2016) Your Name (2016) =============================== (Kimono Na wa) ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့...အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ...
movie

Your Name (2016)

2016
Stolen Identity ( 2018 ) 5.7
Stolen Identity ( 2018 ) Zawgyi*******ဇာတ်လမ်းကတော့ဖုန်းကျပျောက်တဲ့ကိစ္စကစပါတယ်....ဖုထျန်ဆိုတဲ့ကောင်လေးတစ်ယောက်ကတစ်နေ့မှာအလုပ်ဆီအလောတကြီးသွားရင်းနဲ့တက္ကစီကားပေါ်မှာမတော်တဆဖုန်းမေ့ကျန်ခဲ့ပါတယ်....နောက်တော့ဖုန်းကောက်ရတဲ့လူကဖုန်းကိုပြန်ပေးခဲ့ပေမဲ့ပြန်မပေးခင်မှာဖုထျန်ရဲ့ချစ်သူတောက်ယဲ့မာမေဆိုတဲ့အနက်ရောင်ဆံပင်ရှည်နဲ့ကောင်မလေးကိုတွေ့ပြီးစွဲလန်းသွားလို့ဖုထျန်ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေအားလုံးကိုကော်ပီကူးယူခဲ့ပါတယ်....အဲ့ချိန်ကစပြီး ထူးဆန်းတဲ့မက်ဆေ့တွေ Linkတွေကဖုထျန်ဖုန်းထဲသာမကမာမေရဲ့ဖုန်းထဲထိပါခဏခဏဝင်လာတတ်ပါတယ်....တစ်ဖက်မှာလည်းတောင်ပေါ်မှာသေဆုံးသူမည်သူမည်ဝါမှန်းမသိတဲ့အမြုပ်ခံထားရတဲ့မိန်းကလေးအလောင်းငါးလောင်းတွေ့ရှိလို့ကွင်းဆက်လူသတ်တရားခံကိုကြိုးစားရှာဖွေရင်းအလောင်းတွေမှာတူညီတဲ့အချက်ကအနက်ရောင်ဆံပင်ရှည်နဲ့မိန်းမဖြစ်ပြီးဆံပင်တွေကလည်းအရိတ်ခံထားရပါတယ်....ဖုန်းကနေတစ်ဆင့် ကိုယ့်အချက်အလက်တွေခိုးယူခံခဲ့ရတဲ့သူတို့နှစ်ယောက်ကဘယ်လိုဖြေရှင်းကြမလဲ ဘာကြောင့်လဲတောင်ပေါ်မှာတွေ့ခဲ့တဲ့အလောင်းတွေကရော ဘယ်သူကသူတို့ကိုသတ်တာလဲ ဘာကြောင့်လဲ....တရားခံကတစ်ယောက်တည်းပဲလားဆိုတာပဟေဠိအမျိုးမျိုးနဲ့ကြည့်ရှုရမှာဖြစ်တာမို့ လက်လွတ်မခံပဲဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေနော် Unicode*******ဇာတ်လမ်းကတော့ဖုန်းကျပျောက်တဲ့ကိစ္စကစပါတယ်....ဖုထျန်ဆိုတဲ့ကောင်လေးတစ်ယောက်ကတစ်နေ့မှာအလုပ်ဆီအလောတကြီးသွားရင်းနဲ့တက္ကစီကားပေါ်မှာမတော်တဆဖုန်းမေ့ကျန်ခဲ့ပါတယ်....နောက်တော့ဖုန်းကောက်ရတဲ့လူကဖုန်းကိုပြန်ပေးခဲ့ပေမဲ့ပြန်မပေးခင်မှာဖုထျန်ရဲ့ချစ်သူတောက်ယဲ့မာမေဆိုတဲ့အနက်ရောင်ဆံပင်ရှည်နဲ့ကောင်မလေးကိုတွေ့ပြီးစွဲလန်းသွားလို့ဖုထျန်ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေအားလုံးကိုကော်ပီကူးယူခဲ့ပါတယ်....အဲ့ချိန်ကစပြီး ထူးဆန်းတဲ့မက်ဆေ့တွေ Linkတွေကဖုထျန်ဖုန်းထဲသာမကမာမေရဲ့ဖုန်းထဲထိပါခဏခဏဝင်လာတတ်ပါတယ်....တစ်ဖက်မှာလည်းတောင်ပေါ်မှာသေဆုံးသူမည်သူမည်ဝါမှန်းမသိတဲ့အမြုပ်ခံထားရတဲ့မိန်းကလေးအလောင်းငါးလောင်းတွေ့ရှိလို့ကွင်းဆက်လူသတ်တရားခံကိုကြိုးစားရှာဖွေရင်းအလောင်းတွေမှာတူညီတဲ့အချက်ကအနက်ရောင်ဆံပင်ရှည်နဲ့မိန်းမဖြစ်ပြီးဆံပင်တွေကလည်းအရိတ်ခံထားရပါတယ်....ဖုန်းကနေတစ်ဆင့် ကိုယ့်အချက်အလက်တွေခိုးယူခံခဲ့ရတဲ့သူတို့နှစ်ယောက်ကဘယ်လိုဖြေရှင်းကြမလဲ ဘာကြောင့်လဲတောင်ပေါ်မှာတွေ့ခဲ့တဲ့အလောင်းတွေကရော ဘယ်သူကသူတို့ကိုသတ်တာလဲ ဘာကြောင့်လဲ....တရားခံကတစ်ယောက်တည်းပဲလားဆိုတာပဟေဠိအမျိုးမျိုးနဲ့ကြည့်ရှုရမှာဖြစ်တာမို့ လက်လွတ်မခံပဲဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေနော် Translated & Review By MineEncoded By LK 
movie

Stolen Identity ( 2018 )

2018
The Limit of Sleeping Beauty (2017) 5.5
The Limit of Sleeping Beauty (2017) ဒီဇာတ်ကားအကြောင်း ညွှန်းရမှာနည်းနည်းတော့လန့်ပါတယ်။ဒီဇာတ်ကားမှာ သီအိုရီသဘောတွေ အများကြီးတွေ့ရပြီး လူကြိုက်နည်းနိုင်တဲ့ ဇာတ်ကားဖြစ်ပေမယ့် ကျွန်တော်တော့သဘောကျမိပါတယ်။အဲဒါကြောင့်လန့်မိတာပါ။ကျွန်တော်ပြန်ဖူးတဲ့ Mad Genius(2018) လိုဇာတ်ကားမျိုးပါပဲ။ဒီကားက၁၈+ ဇာတ်ကားတစ်ကားမဟုတ်သလို အညှီအဟောက်မပါတာမျိုးလည်းမဟုတ်ပါဘူး။ဒီတစ်ကားလုံးမှာ ဇာတ်လမ်းကိုကြည့်ပြီးနောက်ဆုံးပိုင်းထိ အူလည်လည်ဖြစ်နေနိုင်ပါတယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်းကိုရေးလိုက်ရင်တော့ စာတစ်ကြောင်းလောက်နဲ့ပြီးသွားမှာပါဒါပေမယ့် တင်ပြသွားတဲ့ပုံစံတွေက လူတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကို အပိုင်းပိုင်းအစစလုပ်ပြီးတော့ နေရာအနှံကျဲချထားတဲ့ပုံစံမျိုးတင်ပြထားတာပါ။အဲဒီအချက်ကဒီဇာတ်ကားကို ကျွန်တော်သဘောကျမိတဲ့အချက်ဖြစ်နိုင်ပါတယ်။ပြီးတော့ ကျွန်တော် မထင်ထားမိတာက ဒီကားရဲ့ IMDB Rating က 5.6 ဖြစ်နေတာပါပဲ။တကယ်ကိုလူကြိုက်မများလောက်တဲ့ဇာတ်ကားလို့ကျွန်တော်ထင်ထားတာက ဘာလို့ အဲ့လောက် Rating ထိရောက်နိုင်ရတာလဲပေါ့။ကျွန်တော်ကပဲ ဒီဇာတ်ကားရဲ့ တင်ပြပုံတွေကိုဉာဏ်မမှီတာလားလားဆိုတာ CM ပရိတ်သတ်ကြီးပဲ ပြောပေးကြပါဦးဗျာ။အချိန်ဆိုတာ ပုံရိပ်ယောင်တစ်ခုပါပဲ။အတိတ် ပစ္စုပ္ပန် အနာဂါတ် သုံးမျိုးစလုံးက တစ်ချိန်တည်းသင့်မှာရှိနေတာကြောင့် သင်ဆိုပြီးဖြစ်လာတာပါ။သင်ဟာအတိတ်မှာနေလို့မရသလို အနာဂါတ်မှာနေလို့မရတဲ့အချိန်မှာ သင့်ရဲ့ပစ္စုပ္ပန်ကအခုသင့်ဆီမှာမရှိတော့ပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (765 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr ...
movie

The Limit of Sleeping Beauty (2017)

2017