Channel Myanmar

Sagarika Ghatge

Footfairy (2020) 4.6
Footfairy (2020) Footfairy (2020)အလုပ်အကိုင်အခွင့်အရေးတွေပေါများလှတဲ့ အိမ်မက်မြို့တော်မွန်ဘိုင်းရဲ့ ရထားဘူတာမှာ ကောင်မလေးတွေဆက်တိုက်သတ်ခံနေရတာ ခြောက်ခြားစရာပါပဲ။မိန်းကလေးခြေထောက်လှလှလေးတွေကိုမှ ရူးရူးမူးမူးစွဲလမ်းနေတဲ့ ကွင်းဆက်လူသတ်သမားက မွန်ဘိုင်းရထားဘူတာရဲ့ လူပြတ်တဲ့နေရာမှာ အကွက်ချစီစဉ်ပြီး စိတ်ကြိုက်သတ်နေခဲ့ပါတယ်။ အလောင်းတွေကိုလည်း ခြေထောက်တွေဖြတ်ထားပြီး ခရီးဆောင်အိတ်ထဲထည့်ကာ ပြန်လာပစ်လေ့ရှိပါတယ်။ဒီကွင်းဆက်ဆိုက်ကိုလူသတ်သမားကြောင့် မလုံခြုံတော့တဲ့ မြို့တော်ကြီးမှာ CBI စုံထောက်ကြီးဗီဝမ်နဲ့ သူ့အပေါင်းအဖော်တွေ ဘယ်လိုစုံစမ်းဖော်ထုတ်မလဲဆိုတာတော့ ရင်တမမနဲ့ ကြည့်ရှုခံစားရမှာပါ။ Crime Thriller ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက်လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးအဖြစ်ညွှန်းဆိုလိုက်ပါရစေ။ File size…1.6GB / 575MB Quality…1080p WEBRIP AAC 5.1CH  /  720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Footfairy (2020)

2020
Chak De India ( 2007 ) 8.4
Chak De India ( 2007 ) ဒီနေ့တော့ IMDb 8.4 ရထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်မင်းသားကလည်း ပရိတ်သတ်တွေကြိုက်နှစ်သက်တဲ့ ရှာရွတ်ခန် ပဲဖြစ်ပါတယ်  ဇာတ်လမ်းအညွှန်း  ကာဘာရ်ခန် ဟာ အိန္ဒိယအမျိုးသားဟော်ကီအသင်းရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်သလိုနာမည်ကျော်ကစားသမားလည်းတစ်ဦးလည်းဖြစ်ပါတယ်..ပထမဆုံးမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကမ္ဘာ့ ချန်ပီယံ အမျိုးသားဟော်ကီပွဲကိုယှဉ်ပြိုင်နေကြတာပါ..နောက်ဆုံးမိနစ် ပင်နယ်တီမှာကာဘာရ်ခန် တစ်ယောက် လွဲချော်သွားလို့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲပြီးတဲ့အခါ ပါကစ္စတန်ကကစားသမားတစ်ဦးကလာရောက်နှုတ်ဆက်လို့ရယ်ပြုံးနှုတ်ဆက်မိတာကို သတင်းထောက်တစ်ယောက်ကဓါတ်ပုံအတိအကျရိုက်ပြီး အမျိုးသားသစ္စာဖောက်ခဲ့တာလားဆိုတဲ့ နာမည်ဆိုးနဲ့ဖွပါတော့တယ်..ဒီလိုနဲ့ ကာဘာရ်ခန် ဟာပြသနာတွေတက် ပြည်သူတွေကလည်း အမျိုးသားသစ္စာဖောက်အနေနဲ့ ၀ိုင်းဝန်းစွပ်စွဲလို့ နေထိုင်ရတဲ့အိမ်ကနေတောင်ပြောင်းပြေးခဲ့ရပြီးနေရာခြားမှာသွားရောက်နေထိုင်ခဲ့ရပါတယ်..ဒီလိုနာမည်ပျက်တွေကြား...အရှုံးတွေကြားသူ့ဂုဏ်အပြင် အိန္ဒိယ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြန်တက်အောင်..ဘယ်လိုလုပ်မလဲလူအများထင်ခဲ့တဲ့အမျိုးသားသစ္စာဖောက် ဘ၀ကနေ ဘယ်လိုမျိုးရုန်းထွက်ကြိုးစားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
movie

Chak De India ( 2007 )

2007