Channel Myanmar

Sairi Ito

Life of Mariko in Kabukicho (2023) 5.7
Life of Mariko in Kabukicho (2023) Life of Mariko in Kabuchiko ( 2023 ) =============================== ဒီဂျပန်ကားက တော်တော်စားတဲ့ ဂျပန်ကားလို့ပြောရမယ်။ ဇာတ်အိမ်တည်တာကတော့ ဂျပန်ရဲ့ ဂိုဏ်စတားတွေဆုံသလို လူလည်းစည်တဲ့ ရှင်ဂျူခုမှာ။ အဲဒီမှာ မာရိခိုဆိုတဲ့ ကောင်မလေးက ဘားဖွင့်ထားတယ်။ ဒါပေမဲ့ သူ့အဓိက အလုပ်က အလွတ်စုံထောက်အလုပ်။ သူကလည်းဆန်းသလို သူ့ဘားကိုလာသောက်ကြတဲ့ လူတွေကလည်း လူထူးဆန်းတွေချည်း။ အဲဒီဘားမှာ တော်တော့်ကို အကြောင်းအရာစုံ အကြောင်းအရာကြောင်ကြောင်ကြားကြားတွေ ကြားရတတ်တယ်။ မာရိခိုရဲ့နောက်ကြောင်းကလည်း လျှို့ဝှက်ဆန်းကြယ်သလို သူ့ဘားကို လာတဲ့သူတွေကလည်း လျှို့ဝှက်ဆန်းကြယ်တယ်။ သူဟာ ဘားဖွင့်ထားပေမဲ့ နာမည်ရ အလွတ်စုံထောက်လည်း ဖြစ်နေတယ်။ ဒီတော့ သူ့ဆီကို အရေးကြီးတဲ့အမှုတွေ လာအပ်ကြတယ်။ဒီတစ်ခါ သူဖြေရှင်းရမယ့်အမှုက ဂျပန်ကိုရောက်လာတဲ့ဂြိုဟ်သားတစ်ကောင်ကို ရှာပေးရမယ့်အမှု။ ဒီဂြိုဟ်သားကို ဂျပန်နဲ့အမေရိကန် သဘောတူညီချက်အရ အမေရိကန်ကို ပို့ဖို့ လုပ်ထားပေမဲ့ စခန်းက ပညာရှင်တစ်ယောက်က ဂြိုဟ်သားကိုခိုးသွားတယ်။ ဒီတော့ ဒီဂြိုဟ်သားနဲ့ ...
movie

Life of Mariko in Kabukicho (2023)

Just Remembering (2021) 6.9
Just Remembering (2021) Just Remembering (2021)~ IMDb – 6.9/10, MyDramaList – 7.5/10 ~ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ...“Just Remembering“‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ...
movie

Just Remembering (2021)

2021
Suzume (2022) 7.8
Suzume (2022) (အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ အကြည်ဗားရှင်းဖြစ်တဲ့WED DL ထွက်ရှိလာပြီဖြစ်တာကြောင့် Qualityကို Updateပေးထားပါပြီ)IMDb 7.8/10 MyAnimeList 8.5/10နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with ...
movie

Suzume (2022)

2022
We Couldn’t Become Adults (2021) 6.5
We Couldn’t Become Adults (2021) We Couldn't Become Adults (2021) ~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်းအလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။"ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ ...
movie

We Couldn’t Become Adults (2021)

2021
Hotel Royal (2020) 5.6
Hotel Royal (2020) Hotel Royal 2020လူ့သဘာဝ သရုပ်ဖော်ကားလေးတွေဟာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ရှယ်ဆွေးလို့ကောင်းလှပါတယ်။ ဒါကို The pursuit of happyness လိုကားမျိုးလေးတွေက သက်သေပြလို့နေပါတယ်။၂၀၂၀ ခုနှစ်ရဲ့ အဲလိုကားမျိုးလေးတွေရှာကြည့်ရင်းနဲ့ ကျွန်တော့်မျက်စိရှေ့ရောက်လာတာကတော့ Hotel Royal ဆိုတဲ့ဂျပန်ကားလေးပါ။ Rating က 5.6 သာရထားပြီး ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း စကားပြောကဖောင်းပွနေတတ်တာမို့ ဒီကားလေးမို့ တစ်ခြားလေးတွေထက် နောက်ဆုံးမှကြည့်မယ်လုပ်ထားခဲ့ပါတယ်။ အမျိုးအစားက Family အမျိုးအစားမလို့ လူ့သရုပ်ဖော်ကိုက၊ မိသားစုချစ်ခြင်းတွေဖက်ကို ဦးစားပေးမယ့်ကားမျိုးလေးလို့တော့ တွေးထားလိုက်ပါတယ်။တကယ်ဒီကားလေးကို ကြည့်ဖြစ်သွားတဲ့အချိန်မှာတော့ အထင်နဲ့အမြင်ဟာ တက်တက်စင်အောင်လွဲရပါတော့တယ်။ စကားပြောကျစ်လျစ်မှုမရှိဘဲ ဖောင်းပွနေတာမျိုးမရှိသလို၊ မလိုတဲ့အပိုသရုပ်ဆောင်မှုတွေလည်းမတွေ့ရပါဘူး။ ပြောရမယ်ဆို ကျွန်တော် ၃ ခါကျော်ကျော်လောက်ကို မျက်ရည်ဝဲရတဲ့အထိပါပဲ။ ဘာကြောင့် IMDb နည်းနေရလဲကတော့ Lucy လိုရသင့်သလောက် rating ထိမတက်လာတာမျိုးဘဲဖြစ်လိမ့်မယ်လို့ပဲတွေးလိုက်ရတဲ့အထိပါ။ ဘာသာပြန်ဖို့ကြည့်ကြည့်နေရင်း မျက်ရည်တွေထထဝဲရသလို ဇာတ်ကားကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်မျိုးကြီးကျန်ခဲ့စေတဲ့ ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်လေးပြောရမယ်ဆိုရင် မီဆာယိုဆိုတဲ့ ကောင်မလေးဟာ Hotel Royal ဆိုတဲ့ စုံတွဲတွေလာလာတွဲလေ့ရှိတဲ့ဟိုတယ်ကြီးမှာ ခံစားချက်မဲ့နေတာကနေပဲစ‌တယ်ပေါ့ဗျာ။ ဒီတော့ ဒီကောင်မလေး ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ...
movie

Hotel Royal (2020)