Channel Myanmar

Sakshi Agarwal

Naan Kadavul Illai (2023)
Naan Kadavul Illai (2023) Naan Kadavul Illai 2023 (သို့) တစ်ကျော့ပြန်ကလဲ့စားကြမ်းကြမ်းရမ်းရမ်း တမီလ်ကားတွေကြိုက်တဲ့ စီအမ်ပရိသတ်ကြီးအတွက် Leoမင်းသားကြီးဗီဂျေးရဲ့အဖေ ဒါရိုက်တာ SAC ရိုက်ကူးပုံဖော်ပြီး တမီလ်မင်းသားကြီး Samuthirakani ပါဝင်ထားတဲ့ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb 8.6ရထားပြီး critic review ကောင်းတွေလည်းပိုင်ဆိုင်ထားတာဆိုတော့ revenge dramaကြိုက်သူတွေ လက်မလွတ်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ဗီရာပန် ၅ နှစ်တာကာလအတွင်း လူသတ်မှု ၉ မှုကို လက်မရွံ့တမ်းကျူးလွန်ခဲ့တဲ့ နာမည်ကြားရုံနဲ့ လူတကာကြောက်ရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်၊ နိုင်ငံရေးအဆက်အသွယ်တွေလည်းရှိတော့ တော်ရုံလူမထိရဲတဲ့အပြင် သက်သေတောင်လာမထွက်ရဲကြတဲ့အထိ ဩဇာညောင်းတဲ့ ရာဇဝင်ထဲကလူမိုက်ကြီးပေါ့။ဒါပေမဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးက ပိုမြင့်နေတတ်တယ်ဆိုတဲ့အတိုင်း ရာဇဝင်လူဆိုးကြီး ဗီရာပန်ကို လက်ရဖမ်းဆီး သက်သေအခိုင်အလုံနဲ့ ရုံးတင်ပြီး တစ်သက်တစ်ကျွန်းကျအောင် လုပ်နိုင်တဲ့ အင်စပက်တာကြီးဆန်သိုရန်ဖြစ်ချင်တော့ဗီရာပန်တစ်ယောက် ထောင်ဖောက်ပြေးပြီးတော့ သူ့ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းကျအောင်လုပ်ခဲ့တဲ့ တရားသူကြီးတွေ‌ ရှေ့နေတွေနဲ့အတူ အဓိကရန်သူတော်ကြီးဆန်သိုရန်ကို တစ်ချိန်ကကြုံးဝါးခဲ့တဲ့အတိုင်း ချွန်းဖွင့်ပြီး လက်စားချေဖို့ပြန်လာတဲ့အခါမှာတော့....လယ်ပြင်မှာကျားနဲ့ဆင်တို့တွေ့ကြသလို သူသေကိုယ်သေတိုက်ခိုက်ကြမယ့် ဆန်သိုရန်နဲ့ဗီရာပန်တို့ ဘာဆက်ဖြစ်ကြမလဲ။ အရှင့်ဆီကို ...
movie

Naan Kadavul Illai (2023)