Channel Myanmar

Samta Sudiksha

All India Rank (2023) 6.6
All India Rank (2023) All India rankIMDb 7.2/10 Rotten Tomatoes 67%မြန်မာနိုင်ငံမှာ ဆယ်တန်းဖြေလို့မေဂျာရွေးတဲ့အခါ ဆေးကျောင်း၊ နည်းပညာတက္ကသိုလ်၊ UFL စသည်ဖြင့် ခေတ်စားကြသလိုပဲ အိန္ဒိယမှာလည်း IIT က ခေတ်စားတဲ့တက္ကသိုလ်တစ်ခုပါ။ဝင်ခွင့်ရဖို့အရေး အနီးကပ်သင်တန်းတွေတက်၊ အချိန်အကြာကြီးပြင်ဆင်ကြ၊ စာမေးပွဲတွေဝင်ဖြေကြနဲ့ တကယ့်ကို ကျောင်းသားလောကရဲ့ စစ်ပွဲတစ်ခုပါပဲ။ဒီကျောင်းသားတွေထဲမှာ ဗီဗက်ကလည်း တစ်ယောက်အပါအဝင်ပါပဲ။ သားဖြစ်သူပို ဖြစ်မြောက်စေချင်တဲ့ မိဘတွေရဲ့လမ်းညွှန်မှုနဲ့ မြို့ပေါ်က နာမည်ကြီးနည်းပြအတန်းကို ဝင်ခွင့်စာမေးပွဲဝင်ဖြေပြီးနောက် မြို့ပေါ်ကအဆောင်မှာ မအူမလည်နဲ့ကျန်ခဲ့ရတော့မဲ့ ဗီဗက်တစ်ယောက် သူသိထားတဲ့၊ သူမြင်ခဲ့ဖူးတဲ့ လောကနဲ့ကွာတဲ့ ပြင်ပလောကကို အဆောင်ကျောင်းသားဘဝမှာပဲ စကြုံလိုက်ရပါပြီ။စားပွဲပေါ်ထိုင်ပြီး ဘောပင်၊ စာအုပ်နဲ့တိုက်ရတဲ့ပွဲမှာ ၁၇ နှစ်အရွယ် မအူမလည်လေး ဗီဗက်တစ်ယောက် အဖေ့ရည်မှန်းချက်အတိုင်းပဲ အောင်မြင်ပြီး တက္ကသိုလ်တက်ခွင့်ရနိုင်သွားမလား။ ဒါမှမဟုတ် သူဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခုရှာတွေ့ပြီး ကိုယ်ထင်ရာလမ်းကို လျှောက်ဖြစ်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်။ File size…1.8GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 37m Subtitle….Myanmar ...
movie

All India Rank (2023)

2024
Bhakshak (2024) 7.3
Bhakshak (2024) Bhakshak (2024) "ဘာ့ခ်ရှာ့ခ်" IMDb - 7.4/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ မှုခင်းဒရာမာရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မိဘမဲ့ဂေဟာတချို့မှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးလေးတွေအပေါ် အနိုင်ကျင့်စော်ကားမှုဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။Toilet: Ek Prem Katha(2017)မှာ အိမ်သာမရှိလို့ လင်တော်မောင်ကိုပစ်ထားခဲ့တဲ့ ဂျာယာနေရာကနေ သဘာ၀ကျကျသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဘူမီးပတ်နေခါ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ဗိုင်ရှာလီက သုံးနှစ်ကြာအောင် သတင်းချန်နယ်တစ်ခုကို တင်ဆက်နေပေမဲ့ ကြည့်ရှုသူမရှိဖြစ်နေပါတယ်။တစ်ရက် သတင်းပေးတစ်ယောက်ဆီက သိလိုက်ရတာ လူမှုရေးစစ်တမ်းအစီရင်ခံစာတစ်ခုမှာ ပြည်နယ်တစ်ခုက အမျိုးသမီးမိဘမဲ့ဂေဟာမှာနေထိုင်တဲ့ အမျိုးသမီးလေးတွေ မတော်မတရားပြုကျင့်ခံနေရတယ်ဆိုတာပါပဲ။ဒီကိစ္စကို အစိုးရကသိပေမဲ့ ရေငုံနှုတ်ပိတ်နေနေတာကြောင့် ဗိုင်ရှာလီတစ်ယောက် လိုက်စုံစမ်းရင်း ရာဇဝတ်မှုအကြီးကြီးကို အစဆွဲထုတ်မိပါတော့တယ်။ဒီမှာပဲ "ဘာ့ခ်ရှာ့ခ်"ဆိုတဲ့ ပရိုဂရမ်နဲ့အတူ ဒီရာဇဝတ်မှုကြီးကို ဖော်ထုတ်တင်ဆက်တဲ့နောက်မှာတော့ မိသားစုအသိုင်းအဝိုင်းအသက်အန္တရာယ်ထိပါ ခြိမ်းခြောက်ခံရ၊ ပါဝင်ပတ်သက်နေသူတွေကလည်း အကောင်ကြီးကြီးအမြှီးရှည်ရှည်တွေဆိုတော့ကာ ဗိုင်ရှာလီတစ်ယောက် အမှန်တရားကို ဘယ်လိုကြိုးစားဖော်ထုတ်သွားမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB  / 647MB  Quality…WEB ...
movie

Bhakshak (2024)

2024
Good Luck Jerry (2022) 6.4
Good Luck Jerry (2022) Drama / Crime IMDb - 6.4 / 10Disney+Hoster ကထွက်ရှိလာပြီး အမှုအခင်းနဲ့ပတ်သက်တဲ့ ကားကိုမှ ဒရမ်မာဆန်ဆန်လေး ကြည့်ချင်ရင် ဒီကားကို ကြည့်သင့်ပါတယ်ဂျယ်ရီဟာ အဖေမရှိတော့တဲ့ မိသားစုတစ်ခုက အစ်မကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းသူ ညီမလေး တစ်ယောက်လည်း ရှိပါတယ်အဆင်သိပ်မပြေတဲ့ မိသားစုထဲ ဂြိုလ်ဆိုးဝင်လာတာကတော့ သူ့အမေမှာ အဆုတ်ကင်ဆာ ရှိနေတာပါပဲအဲဒီလိုနဲ့ သူ့အမေကို ဆေးကုပေးဖို့အတွက် ဘိန်းအရောင်းအဝယ်လုပ်တဲ့ အဖွဲ့အစည်းတစ်ခုထဲ ပစ္စည်းပို့ပေးရတဲ့အလုပ် ဝင်လုပ်ခဲ့ပါတော့တယ်အဲဒီလိုနဲ့ပဲ သူ့ရဲ့ရွေးချယ်မှုဟာ မှန်ကန်ပါ့မလား အဲဒီအဖွဲ့အစည်းကို ခြေရာခံနေတဲ့ ရဲတွေကလည်း ရှိတော့ သူ့အနေနဲ့ ဘာဆက်ဖြစ်မလဲ သူ့အမေကိုရော ဆေးကုပေးနိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File size…2GB / 1GB Quality…1080p DNSP WEB DL AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Yunni & Sora & Lai Laii
movie

Good Luck Jerry (2022)