Channel Myanmar

Samuel Ku

The Grey Man ( 2024 ) 5.9
The Grey Man ( 2024 ) ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်က ဘိန်းရာဇာဂိုဏ်းတစ်ခုကိုဖယ်ရှားကြမဲ့ ရဲတွေနဲ့ ဘိန်းရာဇာဂိုဏ်းကြားထဲက ထောင်ချောက်တွေ အလှည့်အပြောင်းတွေကို ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ Crime နဲ့ Action , Drugs စတဲ့ဇာတ်လမ်းအမျိုးအစားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပဲလို့ အာမခံပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - ဘိန်းရာဇာဂိုဏ်းရဲ့ စီမံသူတစ်ဦးဖြစ်တဲ့ အစ်ကိုပေါက်ဆိုသူက လိုင်ခါးမှ ာဘိန်းအရောင်းအဝယ်လုပ်ရင်း ရဲတွေဆီမှာမိမလိုဖြစ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ သူကလည်းအဆက်အသွယ်တွေရှိတော့ သူ့အစား သူ့ရဲ့ညာလက်ရုံး အားထျန်းခေါင်းပေါ်ကိုအကုန်ပုံချလိုက်ပါတော့တယ် ။ငွေလည်းသုံးထားတာမို့ အားထျန်းကလည်း ထောင်အကြာကြီးတော့မကျဘဲ လိုင်ခါးမှာပဲ ထောင် ၃နှစ်ကျသွားပါတော့တယ် ။ ဒါပေမဲ့ ရဲတွေမိသွားတဲ့နေရာမှ ာတိုက်ရင်းခိုကိရင်းက ဘယ်လက်ရုံးခုန်ချွဲ့ရဲ့ညီလေးကလည်း သေဆုံးသွားခဲ့ပါတယ် ။ ခုန်ချွဲ့ကတော့ သူ့ညီလေးကို အားထျန်းသတ်ပါတယ်ဆိုပြီးယုံကြည်နေပြီး အမုန်းကြီးမုန်းနေပါတော့တယ် ။အဲဒီလိုနဲ့ သုံးနှစ်အကြာ အားထျန်းတစ်ယောက် ထောင်ကထွက်ပြီး ဟောင်ကောင်ကိုပြန်ရောက်လာတဲ့အချိန် အဖွဲ့အစည်းကရောဘယ်လိုပုံစံဖြစ်နေမလဲ ? ‌ အစ်ကိုပေါက်ကရော သူ့ကတိအတိုင်း စီမံသူရာထူးကိုပေးပါ့မလား ? ရဲတွေကရော သူတို့ဂိုဏ်းကိုလိုက်ရင်းဘာတွေကြုံရမလဲ ? နောက်ဆုံး ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘာတွေကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ် စိတ်ဝင်စားဖို့ကောင်းစွာနဲ့ကြည်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့‌ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format ...
movie

The Grey Man ( 2024 )

Raging Fire ( 2023 ) 5.9
Raging Fire ( 2023 ) ယခုတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မူးယစ်နှိမ်နင်းရေးကားလေး တစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ -ပင်းဟိုင်မြို့ မူးယစ်တပ်ဖွဲ့ကို မူးယစ်ရောင်းဝယ်နေတယ်ဆိုပြီး တိုင်ကြားလာတဲ့အခါ အဖွဲ့ခေါင်းဆောင်ချီဝေပင်းက အဖွဲ့ဝင် ၆ ယောက်နဲ့အတူ စစ်ဆေးစုံစမ်းမှုတွေ လုပ်ပါတော့တယ်။ အစပိုင်း အစီအစဉ်တကျ ဖြစ်ခဲ့ပေမဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်ပြီး ချီဝေပင်းက မူးယစ်ဂိုဏ်းထဲကို တစ်ယောက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။တပ်ကူတွေ ရောက်လာပြီးမှ မူးယစ်ထုတ်လုပ်တဲ့ နေရာကို အပြတ်ရှင်းခဲ့ပါတယ်။ သို့သော် အဓိက ခေါင်းဆောင် တွမ့်မျိုးနွယ် ညီအစ်ကို နှစ်ယောက်ကတော့ လွှတ်သွားခဲ့ပြီး သူတို့က ကလဲ့စားချေရန် စတင် ကြံစည်ကြပါတော့တယ်။ထိုညီအစ်ကို နှစ်ယောက်က ရာဇဝတ်မှုတွေကို ဘယ်လို ရက်စက်စွာ ကျူးလွန်ကြမလဲ...... ချီဝေပင်းတို့ အဖွဲ့ကရော ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ...... ဆိုတာတွေကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ဦးနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format ...
movie

Raging Fire ( 2023 )

Gatao: The Last Stray (2021) 6.0
Gatao: The Last Stray (2021)  အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အချစ်အကြောင်းကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ အချစ်ဆိုတဲ့ထဲမှာ သမီးရည်းစားအချစ်တင်မကဘဲ သူငယ်ချင်းပေါင်းဖော်အချင်းချင်းချစ်တဲ့အချစ်ကိုပါ လှလှပပပုံဖော်ထားပြသထားတဲ့ ထိုင်ဝမ် ဇာတ်လမ်းကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်ဂန်းစတားဆိုတာမျိုးက ကိုယ်လုပ်ချင်လွန်းလို့ဖြစ်လာတာမဟုတ်ဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်သာဘဲဖြစ်လာရတာပါ အားချင်းဆိုတဲ့ကောင်လေးဟာလည်း တည်ငြိမ်တဲ့အိမ်တစ်ခု သာမန်ဘဝတစ်ခုကို တောင့်တနေတဲ့ ဂန်းစတားတစ်ယောက်ပေါ့ သူဟာ ရှောင်ချီဆိုတဲ့ ဓာတ်ပုံဆရာမလေးနဲ့တွေ့ပြီး သူ့စိတ်ကူးတွေ ဖြစ်လာခါနီးအချိန်မှာ သူတို့ အဖွဲ့က ဆေးကုန်ကူးမှုအရှုပ်အရှင်းတွေနဲ့ ဆက်နွယ်ပတ်သတ်လာပါတော့တယ် ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ အားချင်းတစ်ယောက် သူ့ညီအစ်ကိုတွေနဲ့ သူချစ်ရတဲ့ ကောင်မလေးကို ဘယ်လိုကာကွယ်နိုင်ဖို့ ကြိုးစားမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါနော် ။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )Quality__1080p,720p,360p IMDb Rating__6.0/10 Format__mp4 Duration__02:05:00 Type__Crime , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Gatao: The Last Stray (2021)