Channel Myanmar

Samuel Logan

Together (2021) 6.8
Together (2021) Together (2021)============IMDb Rating - 6.8/10အိမ်ထောင်တစ်ခုမှာ ဘယ်လောက်ချစ်ကြသည်ဖြစ်စေ ရန်မဖြစ်တဲ့စုံတွဲဆိုတာတော့ ရှိကြမယ်မထင်ပါဘူး။ဒီဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက်ကလည်း ၁၀နှစ်အရွယ်သားလေးတစ်ယောက်ရှိပြီးဖြစ်တဲ့ မတည့်အတူနေဖေဖေနဲ့မေမေပေါ့နော် . ဘယ်လိုတောင်လဲဆို ယောက်ျားဖြစ်သူထမင်းစားနေရင် အစာချေပြီးအီးပါတဲ့ အဆင့်ထိမြင်ယောင်လာပြီး အလိုလိုရွံလာပါသတဲ့လေ။အဲဒီလိုလင်မယားနှစ်ယောက်က ကိုဗစ်ကာလ လော့ဒေါင်းချလိုက်တော့ ဘယ်မှသွားမရဘဲ အိမ်ထဲမှာပိတ်မိနေတဲ့အခါဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ပရိတ်သတ်ကြီးတို့သာ မြင်ယောင်ကြည့်ကြပါတော့။ တော်ကီကတော့ရှယ်ဖုတ်ပါတယ်။ရန်လည်းရှယ်ဖြစ်ပါတယ် သူတို့မကျေနပ်‌ချက်တွေကို ကြည့်ရှုသူတွေကို ပြန်တိုင်နေကြတဲ့ပုံစံ ရိုက်ထားတာပါ။ဒါပေမယ့်လည်း အချိန်တစ်ခုထိ အတူနေလာတဲ့လင်မယားတွေဆိုတော့ သံယောဇဉ်ဆိုတာတော့ ရှိကြစမြဲပေါ့နော်အိမ်ထောင်တစ်ခုရဲ့ နေ့စဥ်လူမှုဘဝ အတက်အကျလေးတွေကို ရိုက်ပြထားတာဖြစ်လို့ အားလုံး relate လုပ်နိုင်တဲ့ကားလေးဖြစ်မယ်ထင်ပါတယ်။ ဘယ်လိုတွေနှစ်ပါးသွားကြမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ဒီကားထဲမှာ အဓိကဇာတ်ဆောင်နှစ်ယောက်တော့ X-Men ထဲမှ ပရောဖက်ဆာ ချားလ်စ်(James McAvoy) နဲ့ Sharon Horganတို့ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p ...
movie

Together (2021)

2021