Channel Myanmar

Sara Garcia

True Fiction (2019) 4.7
True Fiction (2019) ဒီရုပ်ရှင်ကို ဒါရိုက်တာ Braden Croftကရိုက်ကူးထားပြီးသည်းထိတ်ရင်ဖိုရုပ်ရှင်လောကရဲ့ ဂန္တဝင်မြောက်လက်ရာတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ခေတ်သစ်သည်းထိတ်ရင်ဖိုအနုပညာလက်ရာတစ်ခုလို့ဆိုလို့ရပါတယ်။True fictionဆိုတဲ့ အမည်အတိုင်းဒီရုပ်ရှင်ဟာ စိတ်ကူးယဥ်ဝတ္ထုလောကကို အခြေတည်ထားတယ်။ဒီဇာတ်လမ်းမှာ Avery Maloneလို့ခေါ်တဲ့ အထီးကျန်စာကြည့်တိုက်မှူးလေးကစာရေးရာမှာ စိတ်အားထက်သန်ပြီး သည်းထိတ်ရင်ဖိုဝတ္ထုတွေကိုရေးတဲ့စာရေးဆရာ Caleb Conradကို သူမရဲ့ Heroအဖြစ် သဘောထားပါတယ်။သူမက Calebအတွက် လက်ထောက်တစ်ယောက်အဖြစ်အလုပ်လုပ်ဖို့ အခွင့်အရေးရလာခဲ့တယ်။ဒီတော့ Averyဟာ လူထုကိုမျက်နှာမပြဖူးတဲ့ သူမရဲ့Heroနဲ့ တွေ့ဆုံပါတော့တယ်။Calebက လက်ထောက်အလုပ်မဟုတ်ဘဲ ကစားပွဲတစ်ခုမှာကစားသူအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းလိုက်တဲ့အခါမှာAveryက မဆိုင်းမတွ လက်ခံလိုက်တာပေါ့။Calebက ကစားပွဲကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ၊ကိုယ်ရေးကိုယ်တာမေးခွန်းတွေနဲ့ စတင်ပြီးAveryရဲ့ အကြောက်တရားကို ထိန်းချုပ်စမ်းသပ်ပါတော့တယ်။လက်တွေ့ဆန်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အပြောင်းအလဲကြောင့်လက်တွေ့ဆန်မှုကနေ ရူးသွပ်မှုအဖြစ်အသွင်ပြောင်းလာတဲ့နောက်မှာတော့ဘာတွေ ...
movie

True Fiction (2019)