Channel Myanmar

Sarah Ball

Dread (2009) 5.6
Dread (2009) Dread (2009)လူတိုင်းမှာ အကြောက်တရား ကိုယ်စီရှိတတ်ကြတယ်။ တချို့က ပိုးဟတ်ကြောက်တယ်။ တချို့က အမှောင်ကြောက်တယ်။ တချို့က လူတွေနဲ့ ပြောဆို ဆက်ဆံရမှာ ကြောက်တယ်။ တချို့အကြောက်တရားတွေက သာမန်ဖြစ်ပေမယ့် တချို့ကတော့ လွန်လွန်ကြူးကြူး စိတ်ချောက်ချား ထိတ်လန့်တတ်ကြတယ်။အဲဒီလိုထိတ်လန့်ခြင်းတွေရဲ့ နောက်ကွယ်က စိတ်ဒဏ်ရာတွေ အကြောင်းရင်းတွေကို ဖော်ထုတ်ချင်တဲ့ ကျောင်းသား ၃ယောက်ရှိခဲ့တယ်။ ကျောင်းရဲ့ သုတေသနစာတမ်း အတွက်ပေါ့။စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့ ကျောင်းသား၃ယောက်က တခြားသူတွေရဲ့ အကြောက်တရားတွေ၊ ထိတ်လန့်မှုတွေ၊ အတွေ့အကြုံတွေကို မေးမြန်းပြီး ဗီဒီယိုတွေရိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကိုယ့်အကြောက်တရားကို ကျော်လွှားနိုင်ဖို့ တခြားသူတွေရဲ့ ထိတ်လန့်မှုအပေါ် အမှီပြုပြီး အလွှဲသုံးစား လုပ်တဲ့အခါ...အခုတ်အထစ် ပြကွက်ကြမ်းကြမ်းလေးတွေနဲ့ ကျောချမ်းစေမယ့် Thriller ကားကောင်းလေး ဖြစ်တာမို့ အားပေးလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 520MB Quality - 1080p, ...
movie

Dread (2009)

2009
A Serial Killer’s Guide to Life (2019) 4.6
A Serial Killer’s Guide to Life (2019) Thirller,adventure ကားအမျိုးအစားပါမြို့ငယ်လေးတမြို့မှာနေတဲ့ လူအိစ် ကဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီးတော့အမေဖြစ်သူရဲ့စေခိုင်းမှုအောက်မှာ စိတ်ပျက်နေသူပါသူကဘဝနေထိုင်ရေးအကြံပေးစာအုပ် စီဒီ မှန်သမျှကို နားထောင်ပြီးတော့လိုက်လုပ်တဲ့သူပေါ့ တစ်နေ့မှာတော့သူဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြည့်ဆည်း ပေးနိုင်မယ်လို့ထင်တဲ့သူရဲ့ဘဝလမ်းညွှန်သူ အသိအကျွမ်းတစ်ယောက်နဲ့အတူမွန်းကြပ်နေတာတွေရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ ခရီးတစ်ခု ထွက်ခဲ့ပါတယ်ဇာတ်ကားနာမည်အတိုင်း ဘဝအကြံပေးသူအမျိုးသမီးက စိတ်ဖောက်ပြန်နေတဲ့ လူသတ်သမား ဖြစ်နေလို့နေပါတယ်..............စိတ်ဖောက်ပြန်နေတဲ့သူနဲ့ ဘဝကိုစိတ်ကုန်ပြီးဘဝအသစ်တစ်ခုကိုစမ်းသပ်ချင်နေတဲ့သူနဲ့ တွေ့မိတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် File Size : ( 755 MB , 366 MB )Quality : WEB-DL 720pRunning Time : 1 hr 21 minFormat : Mp4Genre : Adventure , Comedy , CrimeSubtitle : ...
movie

A Serial Killer’s Guide to Life (2019)